နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ပဋ္ဌနာတော်ဖြင့်ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ ဒုတိယနေ့

Sdílet
Vložit
  • čas přidán 2. 07. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “ဆုတောင်းခြင်းဖြင့် ရှေ့တော်မှောက်ရှိနေခြင်း”
    အဓိကအချက် - ပဋ္ဌနာတော် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ ဒုတိယနေ့
    ဖတ်ရန်ကျမ်းချက် - ဂလာတိသြဝါဒစာ၊ ၄း၁-၅
    “တဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါးကျွန်နှင့် တူ၏။” (ဂလာတိ၊ ၄း၁)
    ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်းတွေမှာ ရှေ့တော်မှောက်၌ရှိခြင်း (သို့) ခရစ်တော်၌ရှိခြင်း ကအ‌ရေးကြီးပါတယ်။ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်’(မဿဲ ၇း၇) ဟုဂတိတော်ရှိသော်လည်း၊ တောင်း၍မရကြ၊ ရှာ၍မတွေ့ကြ၊ ခေါက်သော်လည်းမပွင့်ကြပါ။ ဘာကြောင့်လဲ။ “သင်တို့သည် ငါ၌တည်၍၊ ငါ့စကားသည်သင်တို့၌ တည်လျှင် သင်တို့သည်တောင်းချင်သမျှကိုတောင်း၍ရကြလိမ့်မည်” ဟူသောအချက်ကို ကျွန်ုပ်တို့မမေ့ထားသင့်ပါ (ယောဟန် ၁၅းရ)။
    ကျွန်ုပ်တို့အသက်တာ ခရစ်တော်၌တည်ဖို့က ပထမဦးစားပေးရမည့် အချက် ဖြစ်ပါတယ်။ ရှေးဦးစွာ ခရစ်တော် ရှေ့တော်မှောက်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာဖို့လိုပါတယ်။ “ဝန်လေး၍ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော့၊ ငါ့သည်ချမ်းသာပေးမည်’ (မဿဲ ၁၁း၂ဂ) ဟုမိန့်တော်မူရာတွင် ဝန်ထုပ်များကို ပါဆယ်နှင့်ပို့ခြင်းအားဖြင့် ချမ်းသာခြင်းအစစ်အမှန် မရနိုင်ပါ။ အခက်အခဲစာရင်းရှည်ကြီးကို အဝေးက စာရေးပေးပို့ခြင်း၊ မက်ဆေ့ပို့ခြင်း၊ အသံဖိုင်များပေးပို့ခြင်းထက် ရှိသည့်နေရာမှ ပြန်လှည့်လာကာ ကိုယ်တိုင်ကိုယ်ကျ တိုးဝင်ချဉ်းကပ်ပြီး ဘုရားသခင်အပါးတွင် အမြဲတမ်းနေလျှက်၊ ထံတော်ပါးတွင် ကြွယ်ဝသော အသက်တာကို ဝေမျှခံစားစေလိုပါတယ်။
    ကျွန်ုပ်တို့ ဆုတောင်းချက်များ၊ လိုအင်ဆန္ဒများထက် ကျွန်ုပ်တို့ကိုယ်တိုင်က ဘုရားသခင်အတွက် ပိုအရေးကြီးပါတယ်။ ကျွန်ုပ်တို့ အသက်တာ၊ ကျွန်ုပ်တို့ နှလုံးသားများကိုဘုရားသခင်ပို၍တန်ဖိုးထားတယ်။ အမှန်တစ်ကယ်ကြွယ်ဝပြည့်စုံပြီး၊ ငြိမ်းချမ်းသော အသက်တာ ပိုင်ရှင်များ ဖြစ်စေလိုတယ်။ “ထိုအရာများ” နှင့်ထိုက်တန်သောအသက်တာသို့ ရင့်ကျက်ရောက်ရှိချိန်တွင် “ထိုအရာများ” ကိုဘုရားသခင် ပေးမည်သာဖြစ်သည် (ဂလာတိ ၄း၁)။ ရှေးဦးစွာ ထံတော်ပါးသို့ ပြန်လှည့်လာရမည်။ ရှေ့တော်မှောက်သို့ ပြန်လည့်လာရန် ခွန်အား၊ အစွမ်းသတ္တိ၊ အကျင့်သီလ၊ ပြည့်ဝနေဖို့ထက် ကျွန်တော်/ကျွန်မ ကိုယ်တော်ထံပြန်လာပါတော့မယ် ဆိုတဲ့ ရိုးရှင်းသော ဆုံးဖြတ်ချက်သာလိုအပ်တယ်။
    လူတိုင်းဝင်နိုင်အောင် ဘုရားသခင်ဖက် မှ ကျေးဇူးတော်လမ်းခင်းထားပေး နှင့်ပြီဖြစ်တယ်။ ကျွန်ုပ်တို့စတင်လျှောက်ဖို့သာလိုပါတယ်။ ထွေးပွေ့ကြိုဆိုဖို့၊ လက်စွပ်အသစ် ဆင်မြန်းပေးဖို့၊ သန့်ရှင်းရေး လုပ်ပေးဖို့၊ သားနေရာတွင် ပြန်လက်ခံသော ပွဲလုပ်ဖို့ အဘဘုရားသခင် ဘက်က ပြင်ဆင်ထားနှင့်ပြီဖြစ်တယ်။ သည်းခံ မျှော်လင့်လျှက် စိုးရိမ်ကြီးစွာ စောင့်ကြိုနေသော အဘထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်ကြပါစို့။
    ဆင်ခြင်ရန် - ဘုရားရှေ့သို့ ကိုယ်တိုင်ကိုယ်ကျရောက်လာခြင်းသည် ဆုတောင်းချက်မျာကို အဝေးက လှမ်းပို့နေခြင်းထက် အရေးကြီးသည်။
    ဆု‌တောင်းချက် - သခင်ဘုရား ယခုပင် ရှိသည့်အတိုင်း ကျွန်ုပ်တို့ တိုးဝင်ချဥ်းကပ်ပါတယ်။ လက်ခံတော်မူပြီး ထံတော်ပါးတွင် အမြဲနေထိုင်၊ ကြီးထွားရှင်သန်ရသောအခွင့်ကိုပေးတော်မူပါ။ အာမင်။

Komentáře •