နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ အပြစ်မစီရင်၊ ကယ်တင်သောအရှင်၊ တတိယနေ့

Sdílet
Vložit
  • čas přidán 26. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “အပြစ်ကင်းတဲ့သူ ကျောက်ခဲနဲ့ပထမဆုံးပစ်စေ”
    အဓိကအချက် - အပြစ်မစီရင်၊ ကယ်တင်သောအရှင်၊ တတိယနေ့
    ဖတ်ရန်ကျမ်းချက် - ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၁၀-၁၁
    “ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။” (ယောဟန်၊ ၈း၁၁)
    သခင်ယေရှုတိတ်ဆိပ်နေတာကို အားမရတဲ့လူအုပ်ကြီးက ထပ်ခါတလဲလဲမေးတဲ့အခါ သခင်ယေရှုက အပြစ်ကင်းတဲ့သူ ကျောက်ခဲနဲ့ပထမဆုံးပစ်စေ၊ ပထမဆုံးပစ်တဲ့သူသည် မျက်မြင်သက်သေဖြစ်ရမယ်
    သူ့အပေါ်အခြေခံထားတဲ့ ပြဿနာကနေ လူတွေစိတ်နှလုံးထဲကို ပြန်လှည့်ခိုင်းတယ်။ ဒီအကျပ်အတည်းက ငါ့အကျပ်အတည်းမဟုတ် မင်းတို့အကျပ်အတည်းဖြစ်တယ်။ ဒီပြဿနာရဲ့အဖြေက၊ ပညတ်တွေ လုပ်ထုံးလုပ်နည်း တွေ၊ တစ်ခြားလူတွေမှာထက် မင်းတို့အထဲမှာရှိတယ်။ ကိုယ်စိတ်နဲ့ကိုယ်ဆုံးဖြတ်ပါ။
    ဆက်လက်ပြီးသခင်ယေရှုသည် အောက်ငုံ့ပြီးဆက်ရေးနေတယ်။ ဘယ်သူပထမဆုံး ပစ်မလဲ၊ ဘယ်သူ ပထမဆုံးပြန်လှည့်ထွက်သွားလဲ ဆိုတာကို ကိုယ်တော် လျစ်လျှုရှုပေးခြင်း။ ကိုယ့်စိတ်နှလုံးကဖော်ပြတဲ့ ကိုယ့်ရဲ့ အပြစ် ကိုအဖြေရသွားတဲ့လူတွေက အသီးသီးပြန်သွားကြတယ်။ သူများကို အပြစ်တင်၊ စီရင်ခါနီးရင် ကိုယ့်စိတ်နှလုံးနဲ့ကိုယ်စကားပြောပါ။ ငါလည်းသူ့လို အပြစ်လုပ်တတ်တယ်။ အပြစ်တင်တဲ့လူတွေပြန်သွားတော့မှ တုန်လှုပ်နေတဲ့အမျိုးသမီးနဲ့ စကားပြောတယ်။ သူ့အကြောင်း မဟုတ်၊ လာပြဿနာရှာသောသူများကို အောင်ပွဲခံ ပြီးပြောခြင်းလည်းမဟုတ်၊ မင်းကို ဘယ်သူမှမစီရင်ဘူးလား၊ အဘယ်သူမှမစီရင်ပါ သခင်။
    ငါလည်း သင်၏အမှုကို မစီရင်။ သွားလော့ နောက်တစ်ဖန် ဒုစရိုက်ကို မပြုနှင့်
    1. သခင်ယေရှု မစီရင်ပါ။
    2. သခင်ယေရှု အပြစ်နှင့် အပေးအယူမလုပ်ပါ။
    3. သခင်ယေရှု ပြုပြင်ပြင်ဆင်ခွင့်ပေးသည်။
    1. လူ့အမြင်မှာ အဆုံးသတ်ခြင်းသည် ဘုရားအတွက်အဆုံးသတ်မဟုတ်။ ဘုရားသခင်အားဖြင့် အသစ်တစ်ဖန်အစပြုနိုင်တယ်။
    2. လူ့ဘဝမှာကြုံရတဲ့ အရှုံးတွေသည် ဘုရားအတွက်နိဂုံးမဟုတ်။ အသစ်တစ်ဖန်အနိုင်ယူဖို့ လမ်းစဖြစ်တယ်။
    3. အဆုံး၊ အရှုံး၊ အပြစ်စီရင်ခြင်း ကိုအောင်မြင်တဲ့ ဘုရားသခင်သည်၊ သားတော်ကို လူ့အမြင်မှာ အရှုံးခံပြီး တစ်လောကလုံးကို ကယ်တင်အနိုင်ယူခဲ့တယ်။
    သခင်ယေရှု ကျွန်တော်တို့ အပြစ်ရှိလျှက်နဲ့ မစီရင်တာသည်၊ နောက်တစ်ခါအပြစ်လုပ်ဖို့ အခွင့်အရေးမဟုတ်။ နောက်တစ်ခါ အပြစ်မကျူးလွန်ဖို့ ပြုပြင်ပြင်ဆင်ဖို့ အခွင့်အရေးပေးခြင်းဖြစ်သည်။
    ဘယ်လိုအခြေအနေမှာြဖစ်ဖြစ်သခင်ယေရှုနှင့်တွေ့ဆုံပါ။ သူများအပြစ်ထက် ကိုယ့်အပြစ်ကိုဖော်ပြတောင်းပန်ပါ။ သခင်ပေးသော ပြုပြင်ပြင်ဆင်ခွင့်ကိုလက်ခံအသုံးပြုလျှက် အသက်တာအသစ်တည်ဆောက်ပါ။
    လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။

Komentáře • 1

  • @nini-bo2vy
    @nini-bo2vy Před 2 měsíci

    ok❤ok🎉🎉🎉ok🎉🎉🎉ok