နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ သခင်ဘုရားရှေ့ရောက်သောအပြစ်ပြုသူနှင့်အပြစ်ရှာသူ

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    သခင်ဘုရားရှေ့ရောက်သောအပြစ်ပြုသူနှင့်အပြစ်ရှာသူ
    အဓိကအချက် - အပြစ်မစီရင်၊ ကယ်တင်သောအရှင်၊ ပထမနေ့
    ဖတ်ရန်ကျမ်းချက် - ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၁-၅
    အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။ (ယောဟန်၊ ၈း၄-၅)
    အပြစ်နှင့်ပြည့်သောကျွန်ုပ်တို့သည်၊ သခင်ဘုရားရှေ့တော်မှောက်ရောက်သောအခါ၊ သခင်ဘုရားဘယ်လိုတုံ့ပြန်မည်နည်း?
    မှားယွင်းခြင်းအမှုကိုပြုသောအမျိုးသမီး တစ်ဦးကို တရားစီရင်ရန် သခင်ယေရှုထံပို့ဆောင်သောအခါ။
    1. ဘယ်နေရာမှာလဲ - တဲတော်ပွဲပြီးခါစ ဗိမာန်တော်မှာ သခင်ယေရှုလူများကို သွန်သင်နေသောအချိန်၊ လူပုံအလယ်မှာ
    2. ဘယ်သူ့ကိုလဲ၊ ဘယ်လိုပို့တာလဲ - ဖောက်ပြန်တာကို လက်ပူးလက်ကြပ်မိသော အမျိုးသမီး၊ ဆွဲခေါ်လာ၊
    အရင်က ဗိမာန်တော်ကို ဝတ်ပြုဖို့၊ ဆုတောင်းဖို့၊ အပြစ်ဖြေပြီး ယဇ်ပူဇော်ဖို့ (ဘုရားနဲ့တွေ့ဖို့) လာခဲ့သော်လည်း၊ အခုအချိန်က အရှက်ကွဲ၊ မိသားစုကွဲ၊ အပြစ်စီရင်ခြင်း၊ အသက်သတ်ခံဖို့၊ အဆုံးသတ်ရှုံးနှိမ့်သွားချိန်၊ ပြိုလဲသောအချိန်၊ ဘဝပျက်တဲ့အချိန်၊ မျော်လင့်ချက်ပျက်သုန်းသွားသောအချိန်၊
    3. ဘယ်သူတွေလာပို့တာလဲ - ဖာရိရှဲ၊ ကျမ်းပြုဆရာ၊ သခင်ယေရှုကို အမြဲဆန့်ကျင် မကောင်းကြံနေသောလူစု။ အရှင်ဘုရား၊ မှားယွင်းတဲ့အမျိုးသမီး လက်ပူးလက်ကြပ်မိလာတယ်။ အပြစ်မရှိပါဘူးလို့ လုံးဝငြင်းဆန်လို့မရတဲ့ လူတစ်ယောက်။ မောရှောပညတ်အရဆို ကျောက်ခဲနှင့်ပစ်ရမယ်၊ ကိုယ်တော် ဘယ်လိုမိန့်တော်မူမလဲ။
    4. ဘာရည်ရွယ်ချက်နဲ့လဲ - သခင်ယေရှုကို အပြစ်တင်ခွင့် ရှိစေခြင်းငှါ စုံစမ်းနှောက်ယှက်သောအားဖြင့် လျှောက်ကြတယ်။
    တစ်ခြားနေရာကိုခေါ်သွားရမှာဖြစ်ပေမယ့်၊ သခင်ယေရှုရှေ့ကို တမင်သက်သက်လာပို့တယ်။ သခင်ယေရှုရဲ့အဖြေအမှားကို မျှော်လင့်ထားတယ်။ လုပ်ပါလို့ပြောလဲ မှားတယ်။ မလုပ်နဲ့လို့ပြောလဲမှားမယ်။
    သခင်ယေရှုကို ပြဿနာရှာဖို့ ဒီအမျိုးသမီးကို ဓားစာခံလုပ် အသုံးချကြတယ်။ အမျိုးသားမပါ၊
    ရက်စက်ကြမ်းကြုပ် သနားကြင်နာကင်းမဲ့ လူသားမဆန်၊ အမျိုးသမီးရဲ့ အသက်နဲ့အရှက်ကို အသုံးပြုပြီး သခင်ယေရှုကို အပြစ်ရှာဖို့ကြိုးစားကြပါတယ်။ သခင်ယေရှုဘယ်လိုတုံ့ပြန်မလဲ။

Komentáře • 1