နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ဆာလံ (၇၄) မှခွန်အားယူစရာများ၊ ပထမနေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “မိမိလူများကိုအောက်မေ့ဘို့ ဘုရားသခင်ထံဆုတောင်းခြင်း”
    Asking God to remember His people.
    အဓိကအချက် - ဆာလံ (၇၄) မှခွန်အားယူစရာများ၊ ပထမနေ့
    ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း၊ ၇၄း၁-၂
    “အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း။ ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက်မေ့တော်မူပါ။- (ဆာလံ၊ ၇၄း၁-၂)
    ဆာလံ(၇၄)
    ယုဒလူမျိုးတိုအလွန် ဝမ်းနည်းစိတ်ပျက်ရသောအချိန်တစ်ခုကိုဖော်ပြသည်။ ဂျေရုဆလင်မြို နှင့်သန့်ရှင်းရာဌာနသည် အမြဲတမ်း ပျက်ဆီးနေပြီ (၇၄း၃)။ ဗိမာန်တော်သည် အကြမ်းဖက်ခံရပြီး။ ဗိမာန်တော်၏ တန်ဆာပလာများသည် ရိုက်ချိုးခြင်းခံရပြီ (၇၄း၆)။ မီးရှို့ခံရပြီး၊ မြေပေါ်မှာပြားပြားဝပ်အောင်ဖျက်ဆီးခံရပြီ။ တရားဇရပ်များ မီးရှို့ခံရသည် (၇၄း၈)။ ပရောဖက်များ ချိုးနှိမ်ခံရပြီး ဘုရားသခင်၏အကြောင်းပြောမည့်သူမရှိပါ (၇၄း၉)။ ရက်စက်ကြမ်းကြုတ်‌သောရန်သူတို့က လွမ်းမိုးအုပ်စိုးနေသည် (၇၄း၁ဝ၊ ၇၄း၂၃) သူတို့၏အုပ်စိုးမှုအထိမ်းအမှတ် တံခွန်များအလံများကို ထူထားပြီးဖြစ်သည် (၇၄၊၄)။ နေဗုဗ်ခနေဇာ၏ကျူးကျော် သိမ်းပိုက်သောအချိန် နှင့်များစွာနီးစပ်သည်။
    ၁ “အိုဘုရားသခင်၊ အကျွန်ုပ်တိုကို အဘယ်ကြောင့် အစဉ်စွန့်ပစ် တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စား သော သိုးတိုကို အဘယ်ကြောင့်အပျက်ထွက်တော်မူသနည်း။” ဘုရားကိုရိုသေသော ဣသရေလတစ်ဦးအတွက် ဣသရေလအမျိုးသည် အမြဲစွန့်ပစ်ခံရသည်ဟု ယုံကြည်သောအချိန်သည် အလွန်ဖိစီးနှိပ်စက်ခံနေရမှသာဖြစ်နိုင်သည်။
    ၂ “ရှေးကအပိုင် ရတော်မူသော လူအစည်းအဝေးကို ၄င်း၊ ရွေးတော်မူသော အမွေတော်အဘိုကို၄င်း၊ ကျိန်းဝပ်တော်မူရာဇိအုန်တောင်ကို၄င်း အောက်မေ့တော်မူပါ။”
    ဘုရားသခင်၏ အမျက်တော်သည် ဘုရားသခင်ပိုင်သော၊ ဘုရားသခင်၏ကိုယ်ပိုင် လူမျိုးတော်အပေါ် (smoke against) မှုတ်ထုတ်တော်မူသည်ဟု သုံးထားသည်။ ရှေးကာလကတည်းက အပိုင်ဝယ်ယူတော်မူသော (purchased of old) လူစု- အဲပုတ္ထုလက်မှကယ်ခြင်းကို ရည်ညွန်းသည်။ ဘုရားသခင်ကိုယ်တိုင် အမွေတော်အဖြစ် ရွေးထားခဲ့သော ထိုလူစုကို ၄င်း ဘုရားသခင်ကိုယ်တိုင် ကျိန်းဝပ်တော်မူသော ဇိအုန်တောင်ကို၎င်း ဘုရားသခင်ကမေ့နေခဲ့လျှင်လည်း ယခုပြန်လည် သတိရပေးရန် နှင့်ယခင်က သနားခြင်းဂရုဏာများအတိုင်း ပြန်လည် ပြုလုပ်ပေးပါရန် တောင်းလျှောက်ခြင်းဖြစ်သည်။
    ဇိအုန်တောင်ကို ဖော်ပြချက်က ထိုဆာလံကိုစပ်ဆိုသူသည် ဖမ်းသွားချုပ်ထားသူများထဲမှတစ်ဦး သိုမဟုတ် ကျန်ခဲ့သူတစ်ယောက်ဖြစ်ကြောင်းဖော်ပြသည်။ ဘုရားသခင်စွန့်ပစ်ပြီလို့ထင်ခံရတဲ့အချိန်မှာတောင် ကျွန်တော်တို့ကို ဘုရားသခင်ပိုင်တယ်၊ ဘုရားသခင်ကျွန်တော်တို့နဲ့ဆိုင်တယ်၊ ဘုရားသခင်ကိန်းဝပ်တော်မူရာ အရပ်ကို ကျွန်တော်တို့ တန်ဖိုးထား နှမြောတသဖြစ်နေကြောင်းကို ဖော်ပြပြီး၊ ဘုရားသခင်ရဲ့သနားခြင်း ကရုဏာတော်ကို ဆက်လက် တောင်းလျှောက်နိုင်ပါတယ်။
    ဆင်ခြင်ရန် - ဘုရားသခင်စွန့်ပစ်ပြီလို့ထင်ခံရတဲ့အချိန်မှာတောင် ကျွန်တော်တို့ကို ဘုရားသခင်ပိုင်တယ်၊ ဘုရားသခင်ကျွန်တော်တို့နဲ့ဆိုင်ပါတယ်။
    ဆုတောင်းရန် - ကျွန်ုပ်တို့ကို ပိုင်သအုပ်စိုးတော်မူသော ဘုရားသခင်၊ ကျွန်ုပ်တို့ကို လမ်းပြတော်မူပါ၊သွန်သင်တော်မူပါ၊ ရှေးယခင်ကအတိုင်း ကိုယ်တော်ရဲ့ ကရုဏာနဲ့မစကွယ်ကာခြင်းများကို ကျွန်ုပ်တို့အားပေးသနားတော်မူပါ။ အာမင်။

Komentáře •