နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ မှောင်မိုက်ထဲမှငြိမ်သက်စေသူ၊ ၁

Sdílet
Vložit
  • čas přidán 20. 06. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    မှောင်မိုက်ထဲမှငြိမ်သက်စေသူ၊ ၁
    အဓိကအချက် - စိုးရိမ်စရာအခြေအနေများကိုနုတ်ကပတ်‌တော်ဖြင့်ရင်ဆိုင်ခြင်း၊ ပထမနေ့
    ဖတ်ရန်ကျမ်းချက် - တမန်တော်ဝတ္တု ၁၄:၁-၁၁
    စိုးရိမ်စရာအခြေအနေ၊ ဘဝအမှောင်မိုက်ဆုံးသောအချိန်၊ ခက်ခဲစွာရှင်သန်နေရချိန်၊ လာမယ့်နေ့တွေမှာ စိန်ခေါ်ချက်တွေစောင့်ကြိုနေတဲ့အချိန် ဘာကြောင့်လဲကိုယ်တော် လို့မေးကြတယ် Why … God?
    ဘုရားသခင်က Why ဘာကြောင့်လဲဆိုတာထက်၊ ဘယ်လို How ရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတဲ့အဖြေပေးပါတယ်။
    ကျမ်းစာထဲက ယောရှု၊ နေဟမိ၊ ဧသတာ၊ တို့အခက်အခဲဆုံးအချိန်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ အဖြေပေးလို့ သူတို့သည် ခက်ခဲနေဆဲ ပတ်ဝန်းကျင်အခြေအနေတွေထဲမှာ ကိုယ့်အသက်တာကို အရင်ဆုံးပြင်ဆင်ပြီး သူတို့ကိုယ်တိုင်ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။
    ကျွန်တော်တို့ အခြေအနေ မကောင်း၊ ပျက်ဆီးခြင်း၊ ပြိုကွဲခြင်း၊ သေဆုံးခြင်း၊ နာကျင်ခြင်းတွေသည်၊ တစ်ဉီးခြင်း၊ အိမ်ထောင်အလိုက်၊ မြို့ရွာအလိုက်၊ အဖွဲ့အစည်းတွေကို ထိခိုက်၊ ခြိမ်းခြောက်၊ တံခါးခေါက်နေတယ်။
    နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။ (တမန်၊ ၂၃း၁၁)
    ရှင်ပေါလုသည် အပြစ်မရှိပဲစွပ်စွဲခံရ၊ ဖမ်းချုပ်ခံရ၊ သံကြိုးနဲ့ချည်နှောင်ခံပြီး အကျဉ်းကျ၊ ယုဒတစ်မျိုးလုံးက အပြစ်ရှာ သတ်ခြင်နေကြ၊ အာလုံး‌‌ရှေ့မှာရှင်းပြခဲ့သော်လည်းပိုဆိုးလာ၊ ကိုယ်တိုင်ဘာမှလုပ်လို့မရ၊ ရန်သူကအနိုင်ရသွားပြီ၊ နောက်တစ်နေ့ဘာဖြစ်လာမလဲမသိတဲ့အချိန်၊ သူ့ဘဝ၊ သာသနာပြုခြင်းရဲ့အဆုံးသတ်လား
    ပေါလုသည် မှောင်မိုက်ထဲမှာ ကြောက်လန့်ခြင်းသို့ ရောက်သောအခါ၊ သူဘာဆက်လုပ်ရမှန်းမသိသောအခါ။
    ထိုည၏မှောင်မိုက်၌ ယေရှုသည် ပေါလုထံသို့လာ၍ သူ့အနားမှာရပ်နေ၏။ ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်‌အောင်သင်တို့နှင့်အတူရှိမည်ဆိုတဲ့ မဿဲ ၂၈း၂၀ က ဂတိစကားပြည့်စုံတယ်။

Komentáře • 4