အဖမ်းခံရတဲ့ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းရဲ့ဖြေကြားချက် | MAWKUN

Sdílet
Vložit
  • čas přidán 9. 01. 2024
  • ၁၀၂၇ စစ်ဆင်ရေးမှာ ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချုပ်မင်းမင်းထွန်းရဲ့ ရုပ်သံကို TNLA ထုတ်လွှင့်
    ရှမ်းမြောက် - ၂၀၂၄ ဇန်နဝါရီ ၁၀ (မော်ကွန်း)
    မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အဖမ်းခံခဲ့ရတဲ့ အာဏာသိမ်းစစ်တပ်၊ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းရဲ့ ဖြေကြားချက် ရုပ်သံကို တအာင်းတပ်မတော်(TNLA) က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
    ၂၀၂၃ ဒီဇင်ဘာလမှာ နမ့်ဆန်မြို့နယ်က အာဏာသိမ်းစစ်တပ်စခန်းတွေကို ညီနောင်မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူးချုပ်မင်းမင်းထွန်းအပါအဝင် အရာရှိ၊ စစ်သားတွေဟာ စခန်းစွန့်ခွာ ထွက်ပြေးနေတုန်း လူစုကွဲပြီး အဖမ်းခံခဲ့ရတာပါ။
    သူ့အမိန့်နဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ‌ဒေသတွင်း ပြည်သူလူထုသေဆုံးမှုတွေ၊ အရပ်သားစည်းစိမ်အိုးအိမ်တွေပျက်စီးခဲ့ရမှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ဒီရုပ်သံမှာ ဖြေကြားထားပါတယ်။
    Video - TNLA

Komentáře • 1