တံတားပေါ်ဖြတ်လာတဲ့ ရဲနဲ့စစ်သားတွေကို ဒေသတော်လှန်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက် | MAWKUN

Sdílet
Vložit
  • čas přidán 21. 06. 2023
  • တံတားပေါ်ဖြတ်လာတဲ့ ရဲနဲ့စစ်သားတွေကို ဒေသတော်လှန်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်
    ယင်းမာပင် - ၂၀၂၃ ဇွန် ၂၃ (မော်ကွန်း)
    ယင်းမာပင်၊ ဆားလင်းကြီးနယ်တွေကို အာဏာသိမ်းစစ်တပ်ဟာ မနေ့ကစစ်ကြောင်းတွေထိုးလာပြီး မြောက်ယမားချောင်းတံတားထိပ်မှာ မနေ့က နံနက်စောစော မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Regional Frend Fighters အဖွဲ့ဆီက သိရပါတယ်။
    အာဏာသိမ်းစစ်တပ်၊ စစ်သား ၃၀ လောက်နဲ့ ယင်းမာပင်ခရိုင်ရဲတပ်ရင်း ၂၈ က ရဲ ၂၀ လောက်ကို ပုသိမ်-မုံရွာလမ်းမှာ ကင်းတွေချထားချိန် ဆားလင်းကြီး-ယင်းမာပင်အစပ်က မြောက်ယမားချောင်းတံတားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Regional Frend Fighters တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
    "တစ်ယောက်သေတယ်၊ ခုနစ်ယောက်ဒဏ်ရာရတယ်၊ သတင်းကတော့ဒေသခံပြည်သူဆီက အတိအကျရတာပါ"လို့ သူကပြောပါတယ်။
    မိုင်းနှစ်ကြိမ်ခွဲပြီးနောက် ဒဏ်ရာရသွားတဲ့ ရဲတွေထဲက သုံးယောက်ကို မြန်မာယန်စီကြေးနီစီမံကိန်းထဲက ဆေးရုံကိုပို့ဆောင်ပြီး နောက်ထပ်ရဲ လေးယောက်ကိုတော့ ရဲတပ်ရင်းထဲကို ပြန်ခေါ်သွားတယ်လို့ သိရကြောင်း ‌သူကပြောပါတယ်။
    မနေ့က အာဏာသိမ်းစစ်တပ်ဟာ ဆားလင်းကြီးနဲ့ယင်းမာပင်နယ်တွေကို ကြေးနီစီမံကိန်းတွေအတွက် လုံခြုံရေးယူပေးရင်း စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေထွက်ပြေးနေကြရပါတယ်။
    ရုပ်သံဖိုင် - Regional Frend Fighters

Komentáře •