ခါချဥ်တောင်စခန်းကို ပဲခူးရိုးမတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် | MAWKUN

Sdílet
Vložit
  • čas přidán 16. 09. 2023
  • သစ်မှောင်ခိုသမားတွေဆီက ဝင်ငွေရရှိနေတဲ့ ခါချဥ်တောင်စခန်းကို ပဲခူးရိုးမတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်
    မင်းလှ - ၂၀၂၃ စက်တင်ဘာ ၁၇ (မော်ကွန်း)
    ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမထဲမှာရှိတဲ့ သစ်မှောင်ခိုသမားတွေဆီက ဝင်ငွေရနေတဲ့ ခါချဥ်တောင်စခန်း ကို PDF တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ဆီကသိရပါတယ်။
    "ခါချဥ်တောင်စခန်းက စ.က.စတွေ တစ်နေ့သိန်းရာနဲ့ချီရနေတဲ့နေရာလေ၊ သစ်သမားတွေဆီကနေ ဖောကားတစ်စီးကို ရှစ်သိန်း သူတို့ရတာ၊ တစ်နေ့ကို ကားကရာနဲ့ချီတက်နေတာ"လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
    ခါချဥ်တောင်စခန်းကို ပြန်တက်လာတဲ့ စစ်သားတွေနဲ့ စက်တင်ဘာ ၁၄ရက်ကနေ စက်တင်ဘာ ၁၆ရက်နေ့အထိ တိုက်ပွဲဲသုံးကြိမ်ဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။
    ခါချဥ်တောင်ကိုပြန်သိမ်းဖို့လာတဲ့ စစ်သား ၆၀ ပါ အာဏာသိမ်းစစ်တပ်ဖောကားနှစ်စီးကို မနေ့ နံနက်ပိုင်းမှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ရဲ့တပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့ပြီး စစ်သားတွေဘက်က ၈၀ မမ ၊ စက်လက်နဲ့လက်နက်ငယ်တွေနဲ့ပစ်ခတ်ကာ ခါချဥ်တောင်ပေါ်ကိုတက်လာခဲ့တယ်လို့ ၃၈၀၂ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
    ခါချဥ်တောင်ပေါ်တက်လာတဲ့ဖောကားနှစ်စီးထဲက ဖောကားအပြာကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကားပေါ်ပါ ကားမောင်းသူနဲ့ စစ်သားငါးဦးသေဆုံးခဲ့တယ်လို့ ၃၈၀၂ တပ်ရင်းတာဝန်ရှိသူကပြောပါတယ်။
    "ကားပြာက ခွေးတွေသေတော့ လက်နက်သွားကောက်တဲ့ ရဲဘော်တွေကို နောက်ကနေ ၈၀မမနဲ့ ထုနေတာ၊ လက်နက်ကမရခဲ့ပါဘူး၊ မနေ့က ပွဲမှာ သေတာ အလောင်းတွေကားပေါ်မှာ ပုံနေတယ်"လို့ သူကပြောပါတယ်။
    ဖောကားအပြာပေါ်က စစ်သားတွေရဲ့လက်နက်တွေကောက်ယူဖို့သွားခဲ့ပေမယ့် အပြန်အလှန် ပစ်ခတ်မှုတိုက်ပွဲ တစ်နာရီထပ်ကြာခဲ့ပေမယ့် စစ်ကူတွေရောက်လာတာကြောင့်ဆုတ်ခွာခဲ့ရတယ်လို့ သူကပြောပါတယ်။
    ကားပေါ်ပါစစ်သားငါးဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ဆေးရုံမှာစစ်သားသုံးဦးနဲ့ ဒဏ်ရာရစစ်သားငါးဦးထပ်မနည်းရှိတယ်လို့ သူကပြောပါတယ်။
    သေဆုံးတဲ့စစ်သားနဲ့ပျက်စီးသွားတဲ့ဖောကားတွေကို မနေ့ ညနေပိုင်းမှာ စစ်တပ်က နာရေးကူညီမှုကား၊လိုက်ထရပ်ကားအပြင် အခြားဖောကားတစ်စီးနဲ့လာသယ်ခဲ့တာလို့သူကပြောပါတယ်။
    ၂၀၂၃ နှစ်လယ်ပိုင်းလောက်ကနေ စပြီး ပဲခူးတိုင်းအရှေ့ခြမ်း၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ ပိုမိုများပြားလာပါတယ်။
    ဒါအပြင် ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အရင်ထက်ပိုများလာပါတယ်။
    ပဲခူးရိုးမ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ နယ်မြေနဲ့ ပြည်ခရိုင်တပ်ရင်း ၃၆၀၁ နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေထိုးလာသလို နတ်တလင်းမြို့နယ်ထဲက ညံလယ်ရွာနဲ့ ဆင်ဝိုင်းရွာတွေကို မီးရှို့သွားလို့ ‌ပဲခူးရိုးမနေ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
    သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်းဘက်နဲ့ သာယာဝတီခရိုင် ပ.က.ဖ ဘက်ကလည်း အခုရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ထောက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်ရှင်းလာတာတွေ ‌ရှိလာနေပါတယ်။
    ရုပ်သံဖိုင် - ခါချဉ်တောင်တိုက်ပွဲမှတ်တမ်းတစ်ခု

Komentáře • 1