ဖယ်ခုံက စစ်တပ်အခြေချယာယီစခန်းတွေကို KNDF ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်တဲ့မှတ်တမ်းကို ထုတ်ပြန်| MAWKUN

Sdílet
Vložit
  • čas přidán 6. 09. 2024
  • ဖယ်ခုံက စစ်တပ်အခြေချယာယီစခန်းကို KNDF ပူးပေါင်းအဖွဲ့တွေဝင်တိုက်တဲ့မှတ်တမ်းကိုထုတ်ပြန်
    ရှမ်း - ကယားနယ်စပ် - ၂၀၂၃ ဇွန် ၁၇ ‌(မော်ကွန်း)
    တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဖလိုင်တောင်ခြေရွာက အာဏာသိမ်းစစ်တပ်ရဲ့အခြေချယာယီစခန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီး မတ် ၂၁ ရက်က တိုက်ခိုက်လိုက်တဲ့ရုပ်သံမှတ်တမ်းကို KNDF - B-02 က ထုတ်ပြန်ထားပါတယ်။
    ကုန်းသာဆည်အနီး တောင်ကုန်း၊ ဖလိုင်တောင်ခြေရွာနဲ့ဆောင်ကန်းရွာတွေမှာ တပ်စွဲထားတဲ့ စစ်စခန်းတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန်မှာ ၄နာရီခန့်ရှိခဲ့တယ်လို့ဆိုပါတယ်။
    တိုက်ပွဲဖြစ်ပွားချိန်မှာ လွိုင်ကော်အခြေစိုက် ခလရ(၂၆၁)၊ လွိုင်လင်အခြေစိုက် ခမရ(၅၃၀)တို့မှ လက်နက်ကြီးတွေနဲ့ပစ်ကူခဲ့ပြီး စစ်တပ်ဟာ စခန်းကုန်းတွေကနေ ဆုတ်ခွာပြေးကြကာ ကျန်ရှိတဲ့ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ပါတယ်။
    လုံခြုံရေးအခြေအနေကြောင့် တိုက်ပွဲမှတ်တမ်းကို အချိန်ရောက်မှ ထုတ်ပြန်တာလို့ဆိုပါတယ်။
    Video Archive - KNDF B-02

Komentáře • 2

  • @user-sk4li1vu3o
    @user-sk4li1vu3o Před 4 měsíci

    မြန်မာပြည်ကြီးအမြန်ပြီးပါစေ

  • @user-gz6fc2uv8h
    @user-gz6fc2uv8h Před 3 měsíci

    လေးစားတယ်❤❤🎉