သိမ်ဇရပ်မြို့ကိုတက်လာတဲ့ PDF တပ်ဖွဲ့ဝင်များ | MAWKUN

Sdílet
Vložit
  • čas přidán 18. 08. 2023
  • သိမ်ဇရပ်မြို့ကိုတက်လာတဲ့ PDF တပ်ဖွဲ့ဝင်များ
    သိမ်ဇရပ် - ၂၀၂၃ ဩဂုတ် ၁၈ (မော်ကွန်း)
    ပဲခူးမြို့နဲ့ ၄၈ မိုင်ဝန်းကျင်လောက်သာ ဝေးတဲ့ သိမ်ဇရပ်မြို့ရဲ့ နေရာတချို့ကို မနေ့က နံနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ Kyaikhto Revolution Force (KRF) က သတင်းထုတ်ပြန်ပါတယ်။
    မနေ့က နံနက် ၇း၀၀ နာရီအချိန်လောက်မှာ KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့၊ ကျိုက်ထို ပ.က.ဖ အဖွဲ့တွေပူးပေါင်းပြီး သိမ်ဇရပ်မြို့က ကမ်းနီ တိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တွေကို နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
    သိမ်ဇရပ်မြို့ဟာ ကျိုက်ထိုမြို့နယ်အပိုင်ထဲမှာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့နာမည်ကျော်စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်နဲ့ဆို နာရီဝက်ခန့်သွားရင်ရောက်တဲ့နေရာပါ။
    ညောင်ခါးရှည်ဂိတ်မှာ အာဏာသိမ်းစစ်တပ်ဟာ X-Ray စက်နဲ့ ကားတွေကို Scan ဖတ်ပြီး စစ်ဆေးနေတဲ့အပြင် တရားမဝင်ငွေကြေးလည်း တောင်းခံကြပါတယ်။
    အခုနှစ် ဧပြီလတုန်းက ညောင်ခါးရှည်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်ဟာ ဒေသခံအရပ်သား ၄၀ ဝန်းကျင်ကို ဖမ်းဆီးနှိပ်စက်ခဲ့ပါသေးတယ်။
    အခု တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်ခဲ့တဲ့ သိမ်ဇရပ်မြို့ဟာ ရန်ကုန်တိုင်းနယ်စပ်မြို့ဖြစ်တဲ့ လှည်းကူးမြို့နဲ့ဆိုရင် မိုင်ပေါင်း ၇၀ ဝန်းကျင်သာ ကွာဝေးပါတယ်။
    ရုပ်သံဖိုင် - KRF

Komentáře • 9

  • @AungThu-gv6ei
    @AungThu-gv6ei Před 25 dny

    ဘေးကင်းပါစေ pdf

  • @user-yr7bj8go5j
    @user-yr7bj8go5j Před 5 měsíci

    အဒိသိမ်ဇရပ်က 207 အမြောက်သက်ကို ကိုင်းလိုက်ရင်ပီပြီလေ ရန်ကုန်ထိသက်ရပြီ

  • @user-kq6fz1jn4n
    @user-kq6fz1jn4n Před 11 měsíci

    စပေါ့္တွေများနေတာကင်မရာ
    ရေစိုသွားလို့ထင်တယ်

  • @user-ro7qy6sm6h
    @user-ro7qy6sm6h Před 2 měsíci

    ပြည်သူကိုဘာလုပမမလဲ?

  • @naynaymin8726
    @naynaymin8726 Před 5 měsíci

    စောက်ပေါတွေ

  • @user-ro7qy6sm6h
    @user-ro7qy6sm6h Před 2 měsíci

    လက်နက်ရှိတ့ဲကောင်သွားမေးရဲလား?

  • @user-yr7bj8go5j
    @user-yr7bj8go5j Před 5 měsíci

    သိမ်ဇရပ်က207 နဲ့အမြောက်သက်ကိုသိမ်းလိုက်ရင်လရန်ကုန်ထိသက်သိန်းလို့ရပြီဟေ့ပြောတယ်

  • @user-ro7qy6sm6h

    ကျားကြောက်လို့ရှင်ကြီးကိုး

  • @user-dd2gq2qb1f
    @user-dd2gq2qb1f Před 4 měsíci

    ငွေသေ?