မြန်မာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အိန္ဒိယဝေဖန်ခံရ

Sdílet
Vložit
  • čas přidán 18. 05. 2024
  • အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့် သင်တန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar(JFM) က တောင်းဆိုလိုက်သည်။
    အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှု ရှိ ကြသည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုအား ပံ့ပိုးနေမှုအားလုံးကို ပိတ်ပင်နိုင်ရေး တိုက်တွန်းရာတွင် မိမိတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုသင့်သည်ဟု JFM က မေလ ၁၆ရက်က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    အိန္ဒိယအစိုးရက မြန်မာစစ်အုပ်စုအဖွဲ့ဝင်များကို ကာကွယ်ရေးဆိုင်ရာအခမ်းအနားများ တက်ရောက်ရန် ဖိတ် ကြား ခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းများကို တက်ကြွစွာ လုပ်ဆောင်လျက် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကျင်းပခဲ့ပြီး အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့သည့် အိန္ဒိယဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုတွင် “နိုင်ငံရပ်ခြားမိတ်ဆွေနိုင်ငံများ” မှ ဗိုလ်လောင်း ၂၁ ဦး အပါအဝင် ဗိုလ်လောင်း ၁၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
    ရေတပ်ဆိုင်ရာစစ်ကောလိပ် Goa ၏ ကထမကပြုမှုဖြင့် အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့သော Goa ရေကြောင်းဆိုင်ရာအထူးအစည်းအဝေး (GMC) တွင် မြန်မာရေတပ်ချုပ် ထပ်မံ ပါဝင်တက်ရောက်ခဲ့ သည်။
    ၂၀၂၃ ခုနှစ် ဇွန်လတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane သည် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး လာရောက်ခဲ့ပြီး၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
    ကာကွယ်ရေးဝန်ကြီးသည် အနောက်နိုင်ငံများမှ ဒဏ်ခတ်ပိတ်ဆို့ထားသော ကာကွယ်ရေးဝန်ကြီး မြထွန်းဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့ရေတပ် ခေါင်းဆောင် မိုးအောင်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့နှင့်လည်း အစည်းအဝေးများ ပြုလုပ်ခဲ့သည်။
    ယင်းက စစ်အုပ်စုနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံရာပါပတ်သက်မှုကို ညွှန်ပြနေသည်။
    အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု (IMBAX) များကိုလည်း ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်များတွင် အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့သည်။
    မေ ၁၅ ရက်နေ့ထုတ် စစ်ကောင်စီသတင်းတွင် မြန်မာစစ်ကောင်စီလေတပ်နှင့် အိန္ဒိယလေတပ်ကြား နေပြည်တော်လေတပ်စခန်းတွင် ၅ ရက်ကြာဆွေးနွေးပွဲလုပ်ပွဲလုပ်ခဲ့ကြောင်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်။
    စစ်ကောင်စီ ထုတ်ပြန်ချက်ထဲတွင် အဆိုပါအဖွဲ့သည် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် နှင့် နေပြည်တော်မှ နေရာတချို့ကိုသွားရောက်လည်ပတ်ခဲ့ကြောင်း ပြောထားပြီး ၅ ရက်ကြာဆွေးနွေးပွဲအတွင်းစစ်တပ် နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး၊ စစ်ကောင်စီ သင်တန်းသားများကို အိန္ဒိယသို့ စေလွှတ်ရေး၊ လေတပ် နှစ်ခုအကြား ဆက်ဆံရေး ခိုင်မာစေရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။
    အာဏာသိမ်းမှုနောက်ပိုင်းတ အိန္ဒိယဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းမွန်နေပြီး လက်နက်များ ထောက်ပံ့ကာ စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေးနယ်ပယ်တွေနဲ့ စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲအတွက် စစ်ကောင်စီကို အကူအညီပေးတာတွေကြောင့် ဝေဖန်ခံရနေတာလည်းဖြစ်ပါတယ်။
    #PoliticalNews
    #Mizzima
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Komentáře • 8

  • @htoohtoohtoohtoo5229
    @htoohtoohtoohtoo5229 Před 13 dny +2

    မိုဒီဟာ အိန္ဒိယမှာဘာသာရေးအသုံးချအာဏာရှင်စနစ်ကိုထူထောက်ထားသူပါ။ခွေး ခွေး ချင်း ဖင်ပူးနေကြတာလို့မြန်မာပြည်သူတွေ မြင်ပါတယ်။

    • @freemanmooremyanmar
      @freemanmooremyanmar Před 13 dny

      ဂန္ဓီသာဆို ရှက်လို့လဲ​သေသွားလောက်တယ်...

  • @user-tz9mu6uj6g
    @user-tz9mu6uj6g Před 13 dny

    မိုဒီဟာမြန်မာပြည်သူတွေကိုဒုက္ခပေးနေတဲ့အိန္ဒိယခေါင်းဆောင်ပါကုလားတန်မြစ်စီမံကိန်းကျရင် AAရေစကစကိုကူညီပြီးသူတို့လက်နက်နဲ့မြန်မာပြည်တိုင်းရင်းသားလူမျိုးများကိုသတ်ခိုင်းတဲ့အယုတ်တမာကုလားကိုလုံးဝခေါင်းမထောင်နိုင်အောင်ဖိအားပေးပစ်လိုက်ပါ🎉🎉🎉

  • @myaaungaung4501
    @myaaungaung4501 Před 13 dny

    😂😂😂😂😂ဟာသ🎉🎉

  • @user-vd3zt5ml5f
    @user-vd3zt5ml5f Před 13 dny

    သူပုန်အသံ