စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ကူမင်းဆွေးနွေးပွဲအတွင်း ရခိုင်အရေးဆွေးနွေးခဲ့

Sdílet
Vložit
  • čas přidán 18. 05. 2024
  • တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ အာရက္ခတပ်တော် AA, ကိုးကန့် MNDAA နဲ့ တအာင်း TNLA ညီနောင် ၃ ဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေက တွေ့ဆုံခဲ့ကြသလို၊ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ အာရက္ခတပ်တော် AA နဲ့ သီးသန့်ခဲ့တယ်လို့သိရပါတယ်။
    ဆွေးနွေးမှုအတွင်း မေလ ၁၄ ရက်နဲ့၁၅ ရက်နေ့တွေမှာ သဘောတူညီချက် (၅) ချက်ဖြစ်တဲ့ ယခုရရှိထားတဲ့ ဟိုင်ဂင် သဘောတူညီချက်ကို အခုထက်ပိုမိုကောင်းမွန်စေရေး၊ နှစ်ဘက် ထိပ်တိုက်တွေ့မှုများကို နည်းသထက်နည်းအောင် လျော့ချနိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပြန်ဖွင့်ရေး၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်အကျိုးစီးပွား‌များကို အကာအကွယ် ပေးရေး နဲ့ ကိုးကန့်(MNDAA) ကို ကိုးကန့်အထူးဒေသ (၁) ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး တို့ကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
    ဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့ဝင်သစ်ဖြစ်သူ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး အာရက္ခတပ်တော်AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော ်MNDAA ရဲ့ ပြင်ပ ဆက်ဆံရေးနဲ့ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်တို့က တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
    AAနဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲအတွင်း ရခိုင်မှာ အာရက္ခတပ်တော် AA) တပ်တစ်ခုတည်းရှိရမယ့် မူအပါအဝင် စစ်တပ်က အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုကိုရပ်တန့်ဖို့နဲ့ စစ်တပ်ကို ရခိုင်က ထွက်ခွာသွားရန် တောင်းဆိုရာမှ ဆွေးနွေးပွဲပျက်သွားခဲ့တယ်လို့လည်း နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။
    ဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အပြင်ကို မပေါက်ကြားဖို့ တရုတ်ဘက်က ပိတ်ထားတဲ့အတွက် ဆွေးနွေးမှုတွေရဲ့ အသေးစိတ်ကို မသိရပေမဲ့၊ အပြန်အလှန် တောင်းဆိုချက်တွေ ညှိနှိုင်းလို့မရဘဲ ပြီးသွားတယ်လို့ သိရပါတယ်။
    ညီနောင်အဖွဲ့ဝင် ၃ ဖွဲ့ထဲက တခုဖြစ်တဲ့ အာရက္ခတပ်တော်AA နဲ့စစ်ကောင်စီကြား ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေချိန် AA အဖွဲနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ သီးသန့် တွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်။
    တရုတ် စေ့စပ်မှုနဲ့ ညီနောင် ၃ ဖွဲ့ အခုလို တွေ့ဆုံဆွေးနွေးတာဟာ ၅ ကြိမ်မြောက် ဖြစ်ပါတယ်။
    အခုတကြိမ် ဆွေးနွေးပွဲ မအောင်မြင်သလို၊ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ချေ ရှိတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။
    တရုတ်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက မေလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
    တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသတစ်လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့မြန်မာအစိုးရကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများဖြစ်လာစေရန် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သတ်ပြီးမေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာပြောခွင့်ရ ဝမ့်ဝမ်ဘင်းက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
    ညီနောင်မဟာမိတ်သုံးဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ မြို့ပေါင်း ၁၆ မြို့ကို မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် တိုက်ပွဲတွေရပ်တန့်ခဲ့ပေမယ့်ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
    #PoliticalNews
    #Mizzima
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Komentáře • 43

  • @MyoThuraKyaw-rm2vs
    @MyoThuraKyaw-rm2vs Před 13 dny +7

    ရှင်းနေတာပဲ AAကိုမနိုင်လို့ လက်လျော့ခိုင်းပြီး ခွေးဇာတ်ခင်းမယ့် အာဏာရူးစစ်တပ်

  • @tatsame9867
    @tatsame9867 Před 13 dny +10

    တရုတ် စီးပွားရေး တရုတ် နိုင်ငံ ထဲ မှာ သွား လုပ် ပေါ့ မြန်မာ နိုင်ငံမှာ ဘာလာလုပ် တာလဲ ကိုယ့် နိုင်ငံ မှာ ကိုယ် နေပေါ့ တရုတ်

  • @atzb9788
    @atzb9788 Před 13 dny +7

    စောက်ရေးမပါ၊စောက်တရုတ်၊မင်းစီးပွါးရေး မထိခိုက်ရအောင် ငါတို့က စစ်အာဏာအောက်မှာ ဆက်ပြီး နေပေးရမည်တဲ့လား၊

  • @user-vo1dv5rk1m
    @user-vo1dv5rk1m Před 13 dny +1

    ရခိုင်good

  • @smilegirl2982
    @smilegirl2982 Před 13 dny +2

    မအလနဲ့လုံးဝစည်းဝေးစရာမလိုပါ

  • @Oomyomin-m9op
    @Oomyomin-m9op Před 13 dny +3

    တရုတ်ပြည်သူ့ မြန်မာ့နိုင်ငံတော် မကြာမည်လာမည်

  • @kyisoehan2056
    @kyisoehan2056 Před 13 dny +2

    တရုတ်ကို့နိုင်ငံမဟုတ်ဘဲသူများနိုင်ငံရေးလိုက်မပါနဲ့

  • @Madara_Uchiha934
    @Madara_Uchiha934 Před 13 dny +2

    Lee တရုတ် hotel casino ktv gas pipe line ကိုဗုံးကြဲလိုက်လေ

  • @AguFec
    @AguFec Před 13 dny +2

    ဟားဟားဟား

  • @user-th8qi6oe4q
    @user-th8qi6oe4q Před 13 dny +3

    တရုပ်ကဘာလို့တားမြစ်တာလဲ
    မပေါက်ကြားဘို့ဆိုတော့
    မြန်မာက
    တရုပ်သြဇာခံလား
    တရုပ်ကမြန်မာက်ုချယ်လှယ်နေတာလား
    လူပါးဝလိုက်တာ

    • @htoohtoolin1232
      @htoohtoolin1232 Před 13 dny +1

      နိုင်ငံခြားသား စိုးမိုးတဲ့ ပါတီက တပ်မတော်ပဲ😂😂

  • @DaNya1897
    @DaNya1897 Před 13 dny +2

    လိပ်လိုသတ္တဝါမျိုး တရုတ်ဆိုတာ..​စေတနာမမှန်ဘူး...

  • @phyutungjoe8219
    @phyutungjoe8219 Před 13 dny +1

    ❤❤❤❤❤❤

  • @WinZaw-nq9wn
    @WinZaw-nq9wn Před 13 dny +2

    အလကားအိမ်နီးချင်းတရုပ်နိုင်ငံသူ့အကျိုးပဲတဗို့တည်းကြည့်တဲ့ကောင်

  • @AyeWin-ek8jn
    @AyeWin-ek8jn Před 13 dny

    အပြတ်သာရှုင်း ပြစ်ပါမ

  • @smilegirl2982
    @smilegirl2982 Před 13 dny +1

    လာရင်မြေဩာဇာလုပ်မယ်

  • @phoekhwarlay5415
    @phoekhwarlay5415 Před 13 dny +1

    ပြည်တွင်းရေးလာမရူပ်နဲ့တရုပ်နေရါတကာငါတို့ပြည်သူမကြိုက်ကြနေရာတကာဝင်ရူပ်ပွကြီးလုံးဝတရုပ်အလိုမရှိထွက်သွားကြနားအေး

  • @user-os6fn4un2o
    @user-os6fn4un2o Před 13 dny +1

    🎉🎉🎉🎉🎉😊😊😊

  • @ziezar9489
    @ziezar9489 Před 13 dny

    မြန်မာနိုင်ငံရဲ့ စခခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေက နောကြည်နေပြီး ဖြစ်တဲ့အတွက် ယုံကြည့်မှု့ကင်းမေ့သွားပြီ AA ကျတော့သေမလောက်ကြောက်ချီးပန်းနေတဲ့သခတွေ ရခိုင်မှာ အသေထွက်ဘဲရတော့မယ်

  • @user-xr6dd5oc2t
    @user-xr6dd5oc2t Před 13 dny

    တရုတ်ကဆရာကြီးလား ဆရာတော့့ဆရာကြီး နွားဂွင်းထုတဲ့ဆရာကြီးပေါ့နော်😂😂😂

  • @ThanHtwe-hw5qw
    @ThanHtwe-hw5qw Před 13 dny

    ရခိုင်လူမျိုးကြီးဝါဒ ရခိုင်လူမျိုးတစ်စူတည်း ရခိုင်ဒေသရဲ့အကျိုးအမြတ်ခံစားခွင့်ထွန်းမြတ်နိုင်ကြိုးစားနေသည် ကျန်ပြည်နယ် ကျန်ဒေသများလစ်ပဲ

  • @user-iv4bj3ru7k
    @user-iv4bj3ru7k Před 13 dny

    Gii

  • @AyeHtunThar-cv6dc
    @AyeHtunThar-cv6dc Před 13 dny

    တရုပ်ကနောက်ကွယ်ကအေအေကိုအားပေးနေတာ..မီးစတစ်ဖက်..ရေမှုတ်တဖက်ဘဲ..ဘာမှစ်ဥးစားမနေနဲ့ဆော်စရာရှိတာမျိုးဖြုတ်လိုက်တော့...ငါ့ကိုကာချုပ်နေရာ၆လလောက်ပေး..သူပုန်တွေမျိုးပြုတ်စေရမယ်..ရရှားနဲ့သာဆက်ဆံပါ.

    • @user-be4vs9wz8c
      @user-be4vs9wz8c Před 13 dny

      မမမမမမမ ဆက်ပြီး မမမမမမမမ။

  • @AguFec
    @AguFec Před 13 dny +1

    AAကသေမုာကြောက်နေတာ

    • @kyawthuratun6025
      @kyawthuratun6025 Před 13 dny +2

      ရခိုင်ဘူးသီးတောင်မှာ စစ်ခွေးတွေကို ခွေးတွေလိုက်ပြစ်သလို လိုက်ပြစ်နေတာ၊ကတုတ်ကျင်းထဲမှာတောင်နေလို့မရတဲ့အနေအထား ၊ကတုတ်ကျင်းထဲကနေထွက်ပြေးကြရတဲ့ဘဝ၊တောထဲမှာပြစ်သတ်တာခွေးသေသလိုသေပေါ့။

    • @zinmaunghtun-ny9he
      @zinmaunghtun-ny9he Před 13 dny +1

      မင်းအဘမအလကိုသွား​ပြောမ​အေလိုး😂😂😂😂🎉🎉😂😂

    • @MgOo-ps5pz
      @MgOo-ps5pz Před 13 dny

      ဟုတ်ပပြောပြလိုက် ဘောမတွေကို

  • @user-nh2wk7xt3j
    @user-nh2wk7xt3j Před 13 dny

    တရုတ်ချိးကျွေးနေတာစားနေသမျမင်းတိုအခွင့်ရေမမျှော်နဲ့

  • @AguFec
    @AguFec Před 13 dny +2

    AA ကိုအကုန်သက်ပစ်တပ်မတော်ကြီး

    • @ayechan7005
      @ayechan7005 Před 13 dny +5

      မင်းသွားလေ

    • @kyawthuratun6025
      @kyawthuratun6025 Před 13 dny +2

      ရခိုင်ဘူးသီးတောင်မှာ စစ်ခွေးတွေကို ခွေးတွေလိုက်ပြစ်သလို လိုက်ပြစ်နေတာ၊ကတုတ်ကျင်းထဲမှာတောင်နေလို့မရတဲ့အနေအထား ၊ကတုတ်ကျင်းထဲကနေထွက်ပြေးကြရတဲ့ဘဝ၊တောထဲမှာပြစ်သတ်တာခွေးသေသလိုသေပေါ့။

    • @kyawthuratun6025
      @kyawthuratun6025 Před 13 dny +2

      ရခိုင်ဘူးသီးတောင်မှာ စစ်ခွေးတွေကို ခွေးတွေလိုက်ပြစ်သလို လိုက်ပြစ်နေတာ၊ကတုတ်ကျင်းထဲမှာတောင်နေလို့မရတဲ့အနေအထား ၊ကတုတ်ကျင်းထဲကနေထွက်ပြေးကြရတဲ့ဘဝ၊တောထဲမှာပြစ်သတ်တာခွေးသေသလိုသေပေါ့။

    • @saythetruth2024
      @saythetruth2024 Před 13 dny

      Agree, they have already made their money. Then they are separating the country as a Rakhine country

    • @lagune1684
      @lagune1684 Před 13 dny +2

      မငးတို့ခွေးတွေကိုသာပြော သူများနိုင်ငံဆို ခွေးပြေး၀က်ပြေး ပြေးမနေနဲ့လို😂

  • @UZin-hz5bn
    @UZin-hz5bn Před 13 dny

    ယုတ်မာကောက်ကျစ်တဲ့အကြမ်းဖက်စစ်ခွီးန့န့်ဆွေးနွဲစရာအကြောင်းမဟိပါလုပ်မဟိပါတရုပ်လဲကို့နီရာကိုနီပါ

  • @kozawlin8462
    @kozawlin8462 Před 13 dny

    မင်းတို့လိုချင်တာရပို့အရင်ဆုံးစစ်အာဏာရှင်ကိုတွန့်လန်ပေးကြပါဗျာ

  • @user-ju8sc3zf3f
    @user-ju8sc3zf3f Před 13 dny

    စီးပွားရေးနဲ့ပတ်သက်ပြီရေရှည်အတွက်ဆင်စားနေပါတယ်