မြန်မာခရီးစဉ်အတွင်း အာဆီယံဘုံ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်း

Sdílet
Vložit
  • čas přidán 18. 05. 2024
  • အာဆီယံ အထူးသံတမန်နဲ့ အတွင်းရေးမှူးချုပ်တို့ မြန်မာခရီးစဉ်အတွင်း အာဆီယံဘုံ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့
    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးသံတမန်နဲ့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဘုံသဘောတူညီချက် (၅) ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တိုက်တွန်းခဲ့တယ် လို့ အာဆီယံ က သတင်းထုတ်ပြန်ပါတယ်။
    အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ Kao Kim Hourn ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ ရဲ့ အထူးသံတမန် Alounkeo Kittikhoun နဲ့ အတူ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့တာဖြစ်တယ်လို့ အာဆီယံ ရဲ့သတင်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
    အဆိုပါ ခရီးစဉ်ဟာ အာဆီယံဘုံ သဘောတူညီချက်(၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရန်၊ အထူးသံတမန်မှတဆင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများနဲ့ ဆက်လက် ထိတွေ့ဆက်ဆံရေး နဲ့ မြန်မာနိုင်ငံပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာမှာ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုများ တိုးတက်ရေး စတဲံ ရည်ရွယ်ချက်နဲ့ သွားရောက်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။
    စစ်ကောင်စီကတော့ အာဆီယံအစည်းအဝေးမှာ မြန်မာကိုယ်စားပြုအနေနဲ့ ပြန်တက်ရောက်ခွင့်ရအောင် နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ဦးတည်ဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ထားပါတယ်။
    ဒါ့အပြင် မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအကူအညီပေးဖို့ အာဆီယံဘက်က စီစဉ်နေတဲ့အကြောင်း စစ်ကောင်စီသတင်းတွေကဖော်ပြပါတယ်။
    အာဆီယံက လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေပေးနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်အပါအဝင် ကုလသမဂ္ဂ လက်အောက်ခံအေဂျင်စီတွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်း (IFRC)၊ ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)တို့နဲပါတွေ့ဆုံဆွေး‌နွေးခဲ့တယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။
    အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ Alounkeo Kittikhounဟာ သည် ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သလို ယခုဒုတိယအကြိမ်တွင်လည်း စစ်ခေါင်းဆောင်အပြင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
    မစ္စတာ Kittikhounရဲ့ ပထမအကြိမ် မြန်မာ့ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်၊ အပစ်ရပ်အဖွဲ့နဲ့ စစ်ကောင်စီ အသိအမှတ်ပြု နိုင်ငံရေးပါတီတွေနဲ့လည်းတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
    အခုလို အာဆီယံအထူးသံတမန်နဲ့တွေ့ဆုံချိန်တိုင်း စစ်ကောင်စီအနေနဲ့ ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်းနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုတွေအကြောင်းကို စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ထိုင်းအစိုးရက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိစေရန်နဲ့ အခက်အခဲပြသာနာများကို ဖြေလျော့နိုင်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နိုင်ဖို့ အာဆီယံအဖွဲ့ဝင်အဓိက သုံးနိုင်ငံ (သို့မဟုတ်) အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းပါဝင်မယ့် ဆွေးနွေးပွဲကျင်းပဖိုွှ အဆိုပြုကမ်းလှမ်းခဲ့ပြီးနောက် အခုလို အာဆီယံ အထူးသံတမန်နဲ့ အတွင်းရေးမှူးချုပ်တို့ရဲ့ မြန်မာခရီးစဉ်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
    အာဆီယံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအား ဗဟိုပြုချဉ်းကပ်ပြီး သက်ဆိုင်သူများအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာအောင် ကြိုးပမ်းနေမှုဟာ လွဲမှားတဲ့ ပြဿနာတစ်ခုဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူတွေက ထောက်ပြထားကြပါတယ်။
    #PoliticalNews
    #Mizzima
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Komentáře • 10

  • @phyutungjoe8219
    @phyutungjoe8219 Před 24 dny +2

    👍👍👍👍👍

  • @phyutungjoe8219
    @phyutungjoe8219 Před 24 dny +1

    ❤❤❤❤❤❤

  • @sawkyawhtwemglay2575
    @sawkyawhtwemglay2575 Před 24 dny

    အာဆီယံဆိုတာ သွားမပါတဲ့ကျား

  • @sunnaing
    @sunnaing Před 24 dny +1

    အာစိရံဆိုတဲအတိုင်းအာပေါတ်တော့မယ်ပြည်သူတွေလဲသေစစ်သားတွေလဲသေကုန်ဘိမပိသေးဘူး

  • @teekyee6927
    @teekyee6927 Před 24 dny +1

    အာပလီယံ ဒီ ၅ ရပ်ကို ​ပြောမှာများလာ​နေဖို့မလိုပါဘူး၊ 😂😂😂

  • @KoWana-xo3qx
    @KoWana-xo3qx Před 24 dny

    ချီးခြောက်ရေနူး

  • @nayzinthaw
    @nayzinthaw Před 24 dny

    😂😂😂😂

  • @SandaWin-jk1dx
    @SandaWin-jk1dx Před 24 dny

    ရခိုင် ြပည်‌ေြမာက်ပိုင်းကမူဆလင်တွေအားကိုးရာမဲ့သူတွေကိုလိုင်းဖွင့်ပေးပါလာ ြကည့်လှည့်ပါရခိုင်တွေရဲ့ရက်စက်မူတွေကို

    • @MinThway-js4yn
      @MinThway-js4yn Před 23 dny

      ထမင်းစာတဲ့သူတွေနေတဲ့နေရာမှာ(မသတည်စရာ)တွေစားတဲ့အကောင်များဝင်နေတာအံ့ဩပ။😢😢😢

  • @htayaung8152
    @htayaung8152 Před 24 dny +1

    အာစီယံ က. မအေလိုးတွေကလည်းတမျိုးပါလား ဟေ