နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ယုံကြည်ခြင်းဖခင်ထံမှခွန်အားယူစရာ၊ (၁၂) ရက်မြောက်နေ့“အကြွင်းမဲ့နာခံခြင်း”

Sdílet
Vložit
  • čas přidán 7. 06. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    ယုံကြည်ခြင်းဖခင်ထံမှခွန်အားယူစရာ၊ (၁၂) ရက်မြောက်နေ့
    “အကြွင်းမဲ့နာခံခြင်း”
    ဖတ်ရန်ကျမ်းချက် - ကမ္ဘာဦးကျမ်း ၂၂း၉-၁၄
    “ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။” (ကမ္ဘာ ၂၂:၃)
    ဘုရားသခင်က အာဗြဟံကို ဣဇာတ်အား ပူဇော်ဖို့တောင်းချိန်မှ သူ၏သားကို သတ်ဖို့ အမှန်တကယ် ဓါးမြှောက်ချိန်အထိ ဖြစ်စဉ် တစ်ခုလုံးသည် အာဗြဟံ၏ နှလုံးသားကို ဘုရားသခင်အား ပြသခဲ့သည်။ ယခင်က သူ၏မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဘုရားသခင်ကို နားလည်မှုလွဲမှုများ မည်ကဲ့သို့ရှိသည် ဖြစ်ပါစေ ထိုအချိန်က အာဗြဟံ၏နှလုံးသားသည် ဘုရားသခင်အတွက် မှန်ကန်သည်၊ ရိုးသားခဲ့သည်။ ဘုရားသခင်ပေးခဲ့သည့်သား ဣဇာတ်ကို ဘုရားသခင်ထံ သူအမှန်တကယ်ပြန်ပေးမည်ပြုခဲ့သည်။ သူ့ထံ၌ ဘုရားသခင် လိုချင်ခဲ့သည့် နာခံခြင်းအစစ်အမှန်ကို ဘုရားသခင် တွေ့ခဲ့ရသည်။
    ဘုရားသခင်သည် လူ့အနေနှင့် နားမလည်နိုင်သည့် မယုံကြည်န်ုင်လောက်အောင်ပင် ထူးခြားသည့်အရာကို ပြုသည်။ ဘုရားသခင်၏ ညွန်ကြားချက်များသည် လူသား၏ အယူအဆများနှင့် မကြာခဏ ဆန့်ကျင်ပြီး လူသားအတွက် နားမလည်နိုင်ပေ။ သို့သော်လည်း ထိုအရာများသည် ဘုရားသခင်၏ လူသားကို စစ်ဆေးမှုနှင့် စမ်းသပ်မှုတို့ပင် ဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းဖို့ အခြေခံအကျဆုံးဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့အသက်တာ အတွင်း၊ အပြင်၌ ပြနိုင်ခဲ့သည်။
    အာဗြဟံသည် ဘုရားသခင်ကို နာခံပြီး ဣဇာတ်ကိုပူဇော်သောအခါ ဘုရားသခင်သည် သူရွေးချယ်ထားသည့် လူသားဆီက သေချာမှု၊ အတည်ပြုမှုကို ခံစားခဲ့ရသည်။ ထို့နောက် ဘုရားသခင်သည် သူရွေးချယ်ထားသည့် ဤသူမှာ သူ၏ကတိတော်နှင့် နောက်ဆက်တွဲ စီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်နိုင်မည့် မရှိမဖြစ် ခေါင်းဆောင်ဖြစ်သည်ဟု သေချာခဲ့သည်။ ဘုရားသခင်က ကျေနပ်နှစ်သက်မှုကို ခံစားခဲ့ရသည်။ သူ၏အပေါ် လူသား၏ ချစ်မေတ္တာကို ခံစားခဲ့ရပြီး ယခင်က မရှိခဲ့ဘူးသော နှစ်သိမ့်မှုမျိုးကို လူသားထံမှ ရရှိခဲ့သည်။
    ဘုရားသခင်က ဣဇာတ်အသက်ကို နုတ်ယူဖို့ အကယ်ပင် မရည်ရွယ်ခဲ့သည့်အတွက် အာဗြဟံကို ဣဇာတ်အား ပူဇော်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်က အာဗြဟံကို အချိန်မီ တားခဲ့သည်။ ဘုရားသခင်အတွက် အာဗြဟံ၏ နာခံမှုက စမ်းသပ်မှုကို အောင်မြင်နှင့်ပြီ ဖြစ်သည်။ ဘုရားသခင်ပြုလုပ်ဖို့ ရည်ရွယ်ထားသည့်အရာ၏ ရလဒ်ကို ဘုရားသခင် မြင်နှင့်ပြီး ဖြစ်သည်။
    ဆင်ခြင်ရန် - အခြေအနေအမျိုးမျိုးမှာ ဘုရားသခင်က လူတစ်ဦးချင်းစီအတွက် မတူညီသည့် စစ်ဆေးချက်များ သုံးပါသော်လည်း၊ အာဗြဟံထံ၌ ဘုရားသခင်က သူအလိုရှိသည့်အရာကို မြင်ခဲ့သည်။ အာဗြဟံ၏ နှလုံးသားက မှန်ကန်ပြီး သူ၏နာခံမှုက အကြွင်းမဲဖြစ်သည်ကို တွေ့ခဲ့သည်။
    ဆုတောင်းရန် - ဘုရားသခင်၏ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းများကြုံသည့်အခါ အာဗြဟံကဲ့သို့ “ အကြွင်းမဲ့” နာခံခြင်းအားဖြင့် ဘုရားသခင်စိတ်တော်တွေ့စေသော အသက်တာများအဖြစ်သွန်သင်ပေးတော်မူပါ။ အာမင်

Komentáře •