သူတော်စင်တို့လျှောက်တဲ့လမ်း-ခင်မောင်တိုး
Vložit
- čas přidán 19. 04. 2013
- သူတော်စင်တို့လျှောက်တဲ့လမ်း-ခင်မောင်တိုး
ကိလေသာပယ်သတ်တဲ့ မဂ္ဂင်ရှစ်ပါး နိဗွာန်ကိုရောက်စေကြောင်းတရား ကာယကံ ဝစီကံ မနောကံများ စင်ကြယ်အောင် ဆုံးမတဲ့တရား မှန်ကန်သောစကားကို ပြောဆိုရာ မှန်ကန်သောအမှုကို လုပ်ဆောင်ရာ မှန်ကန်သော အသက်မွေးမှု ရွက်ဆောင်ရာ သီလတရား သုံးပါးဖြစ်လာ
ဒုက္ခတို့ချုပ်ရာ မြတ်နိဗွာန်လမ်း မဂ္ဂင်ဖောင်စီးလို့တက်လှမ်း ဒုက္ခတို့ငြိမ်းရာ မြတ်နိဗွာန်လမ်း သူတော်စင်တို့လျှောက်တဲ့လမ်း
ကိလေသာပယ်သတ်တဲ့ မဂ္ဂင်ရှစ်ပါး သံသရာကလွတ်စေကြောင်းတရား ကာယကံ ဝစီကံ မနောကံများ စင်ကြယ်အောင် ဆေးကြောမဲ့တရား မှန်ကန်သောအားထုတ်မှုရှိစေရာ မှန်ကန်သော အောက်မေ့ခြင်း နှလုံးမူရာ မှန်ကန်သော တည်ကြည်မှုစူးစိုက်ရာ သမာဓိတရား သုံးပါးဖြစ်လာ
ဒုက္ခတို့ချုပ်ရာ မြတ်နိဗွာန်လမ်း မဂ္ဂင်ဖောင်စီးလို့တက်လှမ်း ဒုက္ခတို့ငြိမ်းရာ မြတ်နိဗွာန်လမ်း သူတော်စင်တို့လျှောက်တဲ့လမ်း
ကိလေသာပယ်သတ်တဲ့ မဂ္ဂင်ရှစ်ပါး အရိယာတွေ ကျင့်ကြံသောတရား ကာယကံ ဝစီကံ မနောကံများ စင်ကြယ်အောင် လမ်းပြတဲ့တရား မှန်ကန်သောအယူမျိုး အမြဲယူပါ မှန်ကန်သောအကြံမျိုး အမြဲကြံပါ မှန်ကန်သောသီလနဲ့သမာဓိဖြည့်ကာ ပညာတရားနှစ်ပါးနဲ့ကျင့်ပါ
ဒုက္ခတို့ချုပ်ရာ မြတ်နိဗွာန်လမ်း မဂ္ဂင်ဖောင်စီးလို့တက်လှမ်း ဒုက္ခတို့ငြိမ်းရာ မြတ်နိဗွာန်လမ်း သူတော်စင်တို့လျှောက်တဲ့လမ်း
သူတော်စင်တို့လျှောက်တဲ့လမ်း
အရမ်းကြိုက်တယ်
ငါးပါးသီလ ကပိုကောင်းတယ် ဒါလိုသီတွေလည်းတင်သင့်တယ်
ငါးပါးသီလ ဟာ လူဖြစ်စေရုံ သတ္တိပဲ ရှိပါတယ်..မဂ္ဂင် ၈ ပါး အကျင့်ဟာ အရိယာ ဖြစ်စေပါတယ်..သံသရာက လွတ်မြောက်စေပါတယ်
So good.Thanks for sharing.
I miss Ko Toe Gyi
ကျွန်တော်အရမ်းကြိုက်တယ်
tuntun mgtayzartun ရှားရှားပါး ပါး သီချင်းကောင်းလေး တစ်ပုဒ် ပါ။ သိပ်ကောင်းပါတယ်။