What's Geneus DNA? What is this for? | ဒီအန်အေ စစ်တယ်ဆိုတာ ဘာတွေ ထူးခြားသွားစေလဲ သိလား?

Sdílet
Vložit
  • čas přidán 3. 03. 2024
  • ကျွန်တော် က ဘန်ကောက်ရောက်တုန်းမှာ Geneus DNA အရောင်းပြခန်းကို သွားပြီး DNA စစ်ခဲ့ပါတယ်။ DNA စစ်ဆေးခြင်းကို အရင်ကတော့ သားသမီး၊ မိဘ အရင်းဟုတ် မဟုတ်လောက်ပဲ သိရအောင် စစ်ဆေးတယ်လို့ ထင်ခဲ့မိတာ... တကယ်တော့ မျိုးရိုးဗီဇ ဆိုတဲ့ DNA ကို စစ်ကြည့်ရင် ကိုယ့်ရဲ့ ထူးခြားတဲ့ ပါရမီအရည်အသွေးတွေက ဘာတွေလဲ၊ ဘာတွေ အသုံးချလို့ရသလဲ၊ ဘာရောဂါတွေ ဖြစ်နိုင်ပြီး ဘာတွေ ကြိုတင်ပြင်ဆင် ကာကွယ်ရမလဲဆိုတာတွေက အစ သိရတဲ့ အကျိုးထူးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ ဖုန်းထဲကို Application ကနေတဆင့် Report ပို့ပေးတာဖြစ်လို့ Privacy ရှိရှိ ဖတ်ကြည့် ဆင်ခြင်နိုင်စေပါတယ်။ မိသားစုအားလုံးအတွက်လည်း App တစ်ခုတည်းမှာတင် စုစည်းလို့ရပါတယ်။
    စစ်ဆေးရာမှာလည်း နာကျင်မှုမရှိ၊ သွေးထွက်၊ ဆေးထိုးတာမျိုး မရှိဘဲ ပါးစောင်သရေကိုပဲ​ ယူတာဖြစ်လို့ ကလေးငယ်လေးတွေက အစ လုပ်ဆောင်နိုင်ပါတယ်။
    .
    အရင်ကတော့ ထိုင်းမှာပဲ စစ်ဆေးနိုင်ပေမဲ့ အခုဆိုရင် Geneus DNA Myanmar Representative လည်း ရန်ကုန်မှာ ရှိနေပြီမို့ မြန်မာမှာလည်း စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်။
    / geneusdnamyanmar
    ဈေးနှုန်းအားဖြင့်တော့ Standard ကို ၅၉၀၀ ဘတ်၊ Premium ကို ၈၉၀၀ ဘတ် နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာက ဝယ်ယူစစ်ဆေးသူတွေအတွက် ၅% လျှော့ဈေး ရှိနေတဲ့အတွက် ပရိုမိုးရှင်းကာလအတွင်းမှာ ရယူစစ်ဆေးနိုင်ပါတယ်ဗျာ...
    လူငယ်တွေအတွက် သိပ်ကို အကျိုးရှိတာမို့ ထိုင်းမှာလည်း လူငယ်တိုင်းနီးပါး လာရောက်စစ်ဆေးနေကြတာဖြစ်လို့ မြန်မာလူငယ်တွေကိုလည်း အထူးတိုက်တွန်းချင်ပါတယ်။ ကိုယ်ထူးချွန်တဲ့ပါရမီကို သိရှိပြီး ပိုပြီး အားစိုက်လုပ်ဆောင်ခြင်းကြောင့် လလမ်းမလွဲတော့ဘဲ အောင်မြင်မှုကို ရေတိုအတွင်း ရနိုင်ပါတယ်။
    .
    အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ရွှင်လန်းကြပါစေ
    သီဟလုလင် (Thiha, the Traveller)

Komentáře •