ဘန်ကောက်မှာ ကြာကြာနေဖို့ Education Visa ဘယ်မှာ ယူမလဲ?

Sdílet
Vložit
  • čas přidán 17. 03. 2024
  • ဘန်ကောက် မှာ ကြာကြာနေဖို့ Language School လေးပဲ တက်ပြီး Long Term Visa လေး ယူမယ်စိတ်ကူးရင်တော့ ကျွန်တော် က Bristol Language School မှာ တက်စေချင်ပါတယ်။
    Education Visa အတွက် လက်ရှိမှာ ထိုင်း နဲ့ အင်္ဂလိပ် (၂) ဘာသာ ရွေးချယ်တက်နိုင်ပါတယ်။ နောက်ပိုင်းလည်း တခြားဘာသာစကားတွေ ထပ်တိုးချဲ့ပါလိမ့်မယ်။
    .
    =================
    သင်ကြားတဲ့ပုံစံ
    =================
    သင်ကြားတဲ့ ပုံစံက Zoom ကနေပဲ တစ်ပတ် (၄) ရက်၊ တနင်္လာနေ့ ကနေ ကြာသပတေး ညပိုင်းတွေ၊ တစ်ချိန်ကို ၂ နာရီ ပဲ သင်ရတာမို့ တခြားကိုယ်လုပ်ချင်တာတွေကို လုပ်ဆောင်နိုင်တဲ့ အားသာချက်ရှိပါတယ်။ အတန်းတက်ရမှ စိတ်ကျေနပ်သူတွေအတွက်ကလည်း ကျောင်းမှာ သွားတက်လို့ရပါတယ်။ ကျောင်းသားဗီဇာ ကိုယ်လိုသလောက် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။ ၄ လ၊ ၈ လ နဲ့ ၁ နှစ် ရှိပါတယ်။ ဈေးနှုန်းကတော့ အချိန်ပေါ်မူတည်ပြီး ပြောင်းသွားပါတယ်။
    .
    ================
    သင်ကြားမယ့် ဘာသာစကား ရွေးချယ်ခြင်း
    ================
    ထိုင်း နဲ့ အင်္ဂလိပ် ဘယ်ဟာယူရမလဲ မေးလာရင်တော့... ကိုယ်က တကယ်လည်း Apply လုပ်ဖို့ စဉ်းစားရင် ထိုင်း ကို ရွေးပါ။ ထိုင်း ကို ရွေးချယ်တဲ့ အားသာချက်က ဈေးသက်သာတယ်။ လက်တွေ့အသုံးချနိုင်တယ်။ အားနည်းချက်က လေဆိပ်အဝင်အထွက်များတဲ့အခါ စာမေးခံရရင် ကောင်းကောင်းဖြေနိုင်ဖို့ စာကျေထားမှ ဖြစ်ပါမယ်။
    အင်္ဂလိပ် ရဲ့ အားသာချက်ကလည်း တစ်ကမ္ဘာလုံးသုံးမို့ ခုမှ Language School စတက်သူတွေ တက်သင့်သလို၊ လေဆိပ်အဝင်အထွက်မှာ စာမေးခံရဖို့ဆိုလည်း မေးတဲ့သူက ကိုယ့်လောက် သိပါစေဦးလို့ ပြောရမှာမျိုးမို့ အင်္ဂလိပ်စာ အခြေခံပိုင်တဲ့ မြန်မာတွေအတွက် အဆင်ပြေသွားစေပါတယ်။ အားနည်းချက်ကတော့ သင်တန်းကြေး မြင့်ပါတယ်။
    .
    =========
    ကျောင်းသားဗီဇာလျှောက်ဖို့ ဘာလိုသလဲ
    =========
    အသက်ကတော့ ၅၀ နှစ် အောက် ဖြစ်ရပါတယ်။ ကျောင်းသားဗီဇာ လျှောက်ချင်သူတွေက (၃၅) ရက် ဗီဇာသက်တမ်း အနည်းဆုံး ကျန်ရပါတယ်။ ဒါကြောင့် ၁၄ ရက်နဲ့ လာမိတယ်ဆိုရင် အရင်ဆုံး e-Visa Extension နဲ့ တစ်လ ထပ်တိုးဖို့ လိုအပ်ပါမယ်။ လိုအပ်သူတွေအတွက် စိတ်ချရတဲ့ ဝန်ဆောင်ပေးသူတွေနဲ့ ချိတ်ဆက်ပေးလိုက်ပါမယ်။ e-Visa အတွက်က မြန်မာသံရုံးထောက်ခံစာ၊ အွန်လိုင်းကနေ ဖောင်တင်စနစ်၊ အွန်လိုင်းငွေပေးချေစနစ် တွေ အနည်းငယ်ရှုပ်ထွေးတာကြောင့် ဝန်ဆောင်မှု ရယူလိုက်တာလည်း တစ်မျိုးကောင်းပေမဲ့ ဈေးတော့ နည်းနည်းများသွားပါမယ်။ Education Visa ယူတာကိုတော့ ကျောင်းကပဲ အစ အဆုံး လုပ်ဆောင်ပေးသွားပြီး ကျောင်းက ချိန်းဆိုတဲ့နေ့မှာ Immigration ရုံးကို သွားလို့ စာအုပ်ပြ တုံးထု ပြန်လာကြရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ တန်းစီတိုကင်ယူတာကအစ ကျောင်းက လုပ်ဆောင်ပေးမှာမို့ စိတ်ပူစရာတော့ မရှိပါဘူး။ အခြားလိုအပ်မှာကတော့ ၆ လအတွင်း ရိုက်ကူးထားတဲ့ ပတ်စပို့ ဓါတ်ပုံ ၁၂ ပုံ (4 x 6 cm) [မရှိထားရင် Immigration ရုံးမှာ ရိုက်လည်းရ]၊ ကျောင်းဝင်ကြေး ၅၀% ပေးသွင်းထားတဲ့ပြေစာ တို့ပါပဲ။
    .
    ======================
    ငွေထပ်မကုန်ဘဲ ထိုင်းဘဏ်အကောင့် ဖွင့်လို့ရတဲ့ အားသာချက်
    ======================
    ကျောင်းအပ်ရင် နောက်ထပ်ကောင်းတာ တစ်ခုက ဘဏ်အကောင့် ဖွင့်လို့ရတာပါပဲ။ ပြင်မှာ ဘဏ်အကောင့်ဖွင့်ဖို့ကို ဘတ် သောင်းချီ ပေးနေရတာမို့ ကျောင်းသားဗီဇာယူပြီး ဘဏ်အကောင့်ကို အလွယ်ဖွင့်လို့ရတာဟာ အားသာချက်ပါ။
    Kasikorn Bank နဲ့ Krungsri Bank တွေကို ဖွင့်နိုင်ဖို့ ကျောင်းက စီစဉ်ပေးပါတယ်။
    .
    ================
    သင်တန်းကြေး
    ================
    Bristol Language School ရဲ့ သင်တန်းကြေးကတော့ (ကျွန်တော် တစ်နှစ်စာ ပဲ ပြောလိုက်ပါ့မယ်။ ၄ လ နဲ့ ၈ လ အတွက် သိချင်ရင်တော့ သီးသန့်ပဲ လာမေးလိုက်ပါဗျ) ထိုင်းဘာသာစကားဆိုရင် တစ်နှစ်ကို ကျောင်းဝင်ကြေး အပါအဝင် ၄၀,၅၀၀ ဘတ် ဖြစ်ပါတယ်။
    အင်္ဂလိပ်ဘာသာစကားဆိုရင် တစ်နှစ်ကို ကျောင်းဝင်ကြေး အပါအဝင် ၅၅,၂၀၀ ဘတ် ဖြစ်ပါတယ်။
    ဒီသင်တန်းကြေး တွေကို ကျွန်တော့် ဆီကနေ တဆင့် ကျောင်းသားစာရင်းပေးသွင်းရင်တော့ ၁၅% Discount ရရှိမှာမို့
    ထိုင်း - ၃၅,၇၀၀ ဘတ်
    အင်္ဂလိပ် - ၄၈,၈၀၀ ဘတ် ပဲ ကျသင့်ပါတော့မယ်။
    ၁၅% Discount အတွက် ကျွန်တော့်ကို နာမည်နဲ့ ပတ်စပို့နံပါတ်ရယ်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေး ပို့ပေးရင် ရပါပြီ။
    .
    ===============
    အခြားထပ်ပြီး ကုန်ကျစရာ ရှိသေးလား?
    ===============
    ရှိပါတယ်။ Immigration ရုံးမှာ ပေးသွင်းရမှာတွေ ရှိပါတယ်။ ပထမဆုံးအကြိမ် ကျောင်းသားဗီဇာ ရယူတဲ့ အခါ ဘတ် ၂,၀၀၀ နဲ့ ၂ လ တစ်ကြိမ် သက်တမ်းတိုး ၁,၉၀၀ ဘတ်တွေ ပေးသွားရဖို့ ရှိပါမယ်။
    .
    ဒါလေးကတော့ Language School တက်ရင်း ကျောင်းသားဗီဇာ ရယူချင်သူတွေအတွက် ကျွန်တော်လုပ်ပေးနိုင်တာလေးပါ။ ဟုတ်ကဲ့ ကျွန်တော် Bristol Language School ရဲ့ တရားဝင် Agent လည်း ဖြစ်တာမို့ သိချင်တာရှိသေးရင် အသေးစိတ်မေးမြန်းနိုင်ပါတယ်။
    ထိုင်းဖုန်း - (+66) 0633360775
    မြန်မာဖုန်း - (+95) 095176454 ကို ဆက်သွယ်နိုင်ပါတယ်ဗျ...
    FB page
    / bangkoksingtohouse
    ကိုလည်း ဆက်သွယ်နိုင်ပါတယ်.....
    .
    အားလုံးပဲ​ အစဉ်ဘေးကင်းကျန်းမာ စိတ်ရွှင်လန်းကြပါစေ....
    သီဟလုလင် (Thiha, the Traveller)

Komentáře •