အောင်မြင်နေတဲ့ TIMELESS Premium Vintage House ဖြစ်လာစေဖို့ ငွေ ၄ သောင်းနဲ့ စတင်ခဲ့သူ မသီရိ

Sdílet
Vložit
  • čas přidán 12. 12. 2022
  • တစ်ချိန်တုန်းက လေယာဉ်မယ်၊ အခုတော့ အောင်မြင်နေတဲ့ TIMELESS Premium Vintage House ဖြစ်လာစေဖို့ ငွေ ၄ သောင်းနဲ့ စတင်ခဲ့သူ မသီရိ
    -------------------
    ရန်ကင်းစင်တာမှာ Vintage အဝတ်အထည်တွေ ရောင်းချတဲ့ဆိုင်လေးတစ်ဆိုင် ရှိလို့နေပါတယ်။ လာရောက်ဝယ်ယူသူ အများအပြားရှိသလို ဈေးနှုန်းကလည်း သက်သာလို့ Vintage အဝတ်အထည် ကြိုက်နှစ်သက်တဲ့သူတွေ စိတ်ဝင်စားတဲ့ဆိုင်လေးလို့ ပြောရင်လည်း မမှားပါဘူး။ ဒီဆိုင်လေးကို တည်ထောင်ထားသူက မသီရိ ဖြစ်ပါတယ်။ မသီရိ ဟာ အခုမတိုင်ခင်က လေယာဉ်မယ်တစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းခဲ့သူပါ။ Live Sale ရောင်းချမှုတွေကို နှာခေါင်းစည်း Mask တပ်ဆင်ပြီး လုပ်ခဲ့လို့ မသီရိကို Mask လေးနဲ့ကောင်မလေးလို့လည်း လူသိများပါတယ်။ မသီရိ တည်ထောင်ထားတဲ့ Vintage အဝတ်အထည်ဆိုင်လေးရဲ့နာမည်က TIMELESS Premium Vintage House ဖြစ်ပါတယ်။ အွန်လိုင်းကနေ Live Sale ရောင်းချခဲ့တဲ့အချိန်ကို ပေါင်းစည်းထည့်တွက်လိုက်မယ်ဆိုရင် TIMELESS Premium Vintage House ရဲ့သက်တမ်းက သုံးနှစ် ရှိလာခဲ့ပါပြီ။ တစ်ခါတုန်းက လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မသီရိဟာ အခုလိုမျိုး Vintage အဝတ်အထည်တွေ ရောင်းချမှုကို ငွေကျပ် လေးသောင်း အရင်းတည်ပြီး အစပြုခဲ့တာပါ။ ဒီနေ့မှာတော့ ကျပ်ငွေ လေးသောင်းနဲ့အစပြုခဲ့တဲ့ လုပ်ငန်းလေးဟာ လူသိများတဲ့ TIMELESS Premium Vintage House ဖြစ်တည်လာတဲ့အထိ ခရီးရောက်လာခဲ့ပါပြီ။ မသီရိ ဟာ TIMELESS Premium Vintage House ဖြစ်တည်လာဖို့အတွက် ဘယ်လိုတွေ ကြိုးစားခဲ့ရသလဲ၊ ဘယ်လောက်အထိ အားထုတ်ခဲ့ရသလဲ၊ ဒီဆိုင်လေးမှာ ဘယ်လိုအဝတ်အထည်တွေကို ဝယ်ယူလို့ ရနိုင်သလဲဆိုတဲ့အကြောင်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
    #MercuryVariety
    #MV
    #MercuryLifeStory
    #MercuryExclusiveInterview
    #MaThiri
    #TimelessPremiumVintageHouse
    #Vintage
    #LiveSales
    #AirHostess
    #လေယာဉ်မယ်
    #YankinCentre
    #ရန်ကင်းစင်တာ
    #Yangon
    #Myanmar

Komentáře • 1

  • @ZinLay-tz3ct
    @ZinLay-tz3ct Před měsícem

    အမဆိုင်ကဘယ်မှာလဲ