ထိုင်ဝမ်ပလာတာ ( Taiwanese Egg Crepe )
Sdílet
Vložit
  • čas přidán 6. 03. 2020
  • ထိုင်ဝမ်နိုင်ငံရဲ့ မနက်စာ တခုဖြစ်တဲ့ ပလာတာ လုပ်နည်းလေးပါ။ ဂျုံ ကို နယ်စရာလုံးဝ မလိုဘဲ တကယ့်ကို လွယ်လွယ်လေးနဲ့ လုပ်စားနိုင်မှာပါ။ ပလာတာနဲ့ တွဲစားလေ့ရှိတာကတော့ ကြက်သားမွ လေးတွေ၊ ဒါမှမဟုတ် ပြောင်းဖူးအချို၊ ချိစ်...စတာတွေနဲ့ တွဲစားလေ့ရှိပါတယ်။ ကိုယ့်စိတ်ကြိုက် ကို ထည့်စားလို့ရတော့ ပျော်ဖို့ကောင်းသလို အဟာရလည်းရှိပြီး လုပ်စားလို့ရတဲ့ ထိုင်ဝမ်ပလာတာပါ။
    (တိုက်ရိုက်ဘာသာပြန်လိုက်ရင် ကြက်ဥမုန့် လို့ပဲ ခေါ်လို့ရမယ်ထင်ပါတယ်...မြန်မာပြည်ရဲ့ ကြက်ဥပလာတာနဲ့ အနီးစပ်ဆုံးတူတာကြောင့် ပလာတာ ဆိုပြီး ခေါ်လိုက်တာပါ)
    ပါဝင်တဲ့ပစ္စည်းတွေကို အောက်တွင် ဖော်ပြပေးထားပါတယ်။
    ကျွန်တော့် ယူ့ကျူ့ ချန်နယ်လေးကို Subscribe မလုပ်ရသေးတဲ့ သူငယ်ချင်းတွေလည်း Subscribe လုပ်ပြီး အားပေးပါဦးခင်ဗျာ။ ဒီပေ့ချ်လေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
    ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ ကျွန်တော် K2 ရဲ့ ဟင်းချက်တဲ့ ဗီဒီယိုလေးများကို အမြဲကြည့်ရှှုဖို့ ယူကျု့မှာ Subscribe လုပ်ပေးပါဦးခင်ဗျာ။ ဗီဒီယိုလေးတွေထပ်ပြီးတင်သွားဖို့ အားတွေက ကျွန်တော့် အချစ်ဆုံး K1 နဲ့ ကျွန်တော့်ရဲ့ ဗီဒီယိုလေးကို အမြဲအားပေးကြည့်ရှုပေးတဲ့ မိတ်ဆွေ တွေပါ။
    လာရောက်ကြည့်ရှုသူ မိတ်ဆွေ တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
    Cook for K1_ CZcams Channel
    / cookfork1
    Cook for K1 _Facebook page
    / cookfork1
    #cookfork1 #CookforK1 #ထိုင်ဝမ် #ပလာတာ #Taiwanese #EggCrepe #蛋餅
    ပါဝင်တဲ့ပစ္စည်းတွေကတော့
    ဂျုံမှုန့် - ၉၀ ဂရမ်
    ပြောင်းကော်မှုန့် - ၂၀ ဂရမ်
    ရေ - ၁၈၀ မီလီလီတာ
    ကြက်ဥ - ၃ လုံး
    ဆား - အနည်းငယ်နှင့်
    ကြော်ရန် ဆီ တို့လိုအပ်ပါတယ်။
    မုန့်တခုရဲ့ အချိုးအစားကတော့
    ဂျုံမှုန့် - ၃၀ ဂရမ် (ထမင်းစားဇွန်း ၃ ဇွန်းခန့်)
    ရေ - ၆၀ မီလီလီတာ (ထမင်းစားဇွန်း ၆ ဇွန်း)
    ပြောင်းကော်မှုန့် - ၇ ဂရမ် (ထမင်းစားဇွန်း ၁ ဇွန်း)
    ဆား - အနည်းငယ်
    ကြက်ဥ - ၁လုံး
    တို့လိုအပ်ပါတယ်။
    ထိုင္ဝမ္ပလာတာ ( Taiwanese Egg Crepe )
    / cookfork1
    / cookfork1
    ဂျုံမှုန့် - ၉၀ ဂရမ်
    ရေ - ၁၈၀ မီလီလီတာ
    ကြက်ဥ - ၃ လုံး
    ဆား - အနည်းငယ်နှင့်
    ဆား - အနည်းငယ်
    ကြက်ဥ - ၁လုံး
    တို့လိုအပ်ပါတယ်။
  • Jak na to + styl
Komentáře • 30
  • @dawthenthanksthenwin1947
    @dawthenthanksthenwin1947 Před 11 měsíci
    ကျေးဇူးပါ
    • @Cookfork1
      @Cookfork1  Před 11 měsíci
      ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
  • @mamakaythi1480
    @mamakaythi1480 Před 3 lety
    မုန့်​လုပ်​နည်းတင်​​ပေးတာ​ကျေးဇူးတင်​ပါတယ်
    • @Cookfork1
      @Cookfork1  Před 3 lety
      ဟုတ်။ နောက်ပိုင်း ဗီဒီယိုတွေ တိုးထားပါတယ်ခင်ဗျာ
  • @GoogleGoogle-dy3qn
    @GoogleGoogle-dy3qn Před 3 lety
    thanks bro for your teaching
  • @nangkhamtip8423
    @nangkhamtip8423 Před 3 lety
    မဂ်လာနံနက်ခင်းလေးပါ ခ
    ကျေးဇူးတင်ပါတယ် ခ
  • @tutuaye
    @tutuaye Před 4 lety +1
    ဂျုံနဲ့မတည့်လှလို့ ဆန်နဲ့လုပ်ကြည့်တယ် ကြက်သွန်မိတ်မရှိလို့ အုန်းသီးဖတ်နဲ့စပျစ်သီးခြောက်ထည့်တယ် စားကောင်းတယ်လွယ်လည်းလွယ်တယ် ကျေးဇူးတင်တယ်နော်
    • @Cookfork1
      @Cookfork1  Před 4 lety
      ကျေးဇူးတင်ပါတယ်ကျနော်လည်းလိုက်လုပ်စားကြည့်ပါမယ်😻
  • @yuyulwin570
    @yuyulwin570 Před 3 lety +1
    Yummy Yummy !!!!!
  • @dawpaukpauk4304
    @dawpaukpauk4304 Před 2 lety
    ကျေးဇူးပါ 😊👍
    ဗမာမုန့်ရေ အရသာလေးနဲ့ ခပ်ဆင်ဆင်လေးတူမယ်ထင်တယ်နော်
    လက်ဘက်ရည်လေးနဲ့လိုက်မှာပါ
    ဘေးကင်းကျန်းမာအဆင်ပြေပါစေ 😊😊
    • @Cookfork1
      @Cookfork1  Před 2 lety +1
      ဟုတ်တယ်ဗျ။ အိအိလေးနဲ့ မနက်စာအနေနဲ့ စားကောင်းတယ်။ ကျန်းမာပျော်ရွှင်ပါစေခင်ဗျာ🙏🙏🙏
  • @deedeeinthekitchen
    @deedeeinthekitchen Před 4 lety +1
    လုပ်စားကြည့်အုံးမယ်
  • @thethtarswe1521
    @thethtarswe1521 Před 4 lety +2
    ထိုင်ဝမ်ပလာတာထဲ ထည့်ရတဲ့ ပြောင်းကော်မှုန့်ဆိုတာလေ ပြောင်းကော်မှုန့်မရှိရင် ကော်မှုန့်ရိုးရိုးရော အစားထိုးသုံးလို့ရလားရှင့်
  • @phyonema8761
    @phyonema8761 Před 4 lety +2
    စားကောင်းမယ်ပုံ
    • @Cookfork1
      @Cookfork1  Před 4 lety +1
      စားကောင်းတယ်ဗျ
  • @Caz-nr1xh
    @Caz-nr1xh Před 4 lety +1
    အကိုကထိုင်ဝမ်စတိုင်တော်တော်များများကို သင်ပြတယ်နော်😊
    • @Cookfork1
      @Cookfork1  Před 4 lety
      လွယ်လို့ပါ 😁
  • @nhga4
    @nhga4 Před 3 lety
    ပြောင်းကော်နဲ့ရိုးရိုးကော်မူန့်ကမတူဘူးလား
    ရိုးရိုးကော်သုံးလို့ရလား
    • @Cookfork1
      @Cookfork1  Před 3 lety
      မတူဘုးဗျ။ ကော်မှုန့်က ပီလောပီနံ က လုပ်တာများတယ်။ ကြိုက်ရာသုံးလို့တော့ရပါတယ်
  • @yinyinaung6095
    @yinyinaung6095 Před 3 lety +1
    ကျေးဇူးတင်ပါတယ်ရှင်။
    • @Cookfork1
      @Cookfork1  Před 3 lety
      ကျေးဇူးတင်ပါတယ်ခင်ဗျာ
  • @sandarkyaw1233
    @sandarkyaw1233 Před 2 lety
    အိုးအရမ်းကပ်သွားတာကပြောင်းကော်မှုန်များလို့လားဆရာ
    • @Cookfork1
      @Cookfork1  Před 2 lety +1
      မကပ်ဒယ်အိုးမဟုတ်ရင် အိုးကို ဆီမထည့်ခင် တော်တော်လေးပူမှ ဆီထည့်ပါ။ ‌ဆီပူပြီဆိုမှ မုန့်ရည်ထည့်ရင်ကပ်တာကို သက်သာစေပါတယ်ခင်ဗျာ
    • @sandarkyaw1233
      @sandarkyaw1233 Před 2 lety
      @@Cookfork1 ဟုတ်ကျေးဇူးပါရှင့်၊မကပ်တဲ့အိုးဘဲသုံးတာပါ
  • @nhga4
    @nhga4 Před 3 lety
    Oven မသုံးဘဲ ကိတ်လုပ်တာလေးတင်ပေးပါအုံး
    • @Cookfork1
      @Cookfork1  Před 3 lety
      တင်ပေးသွားပါမယါ