ကုချိုင်ဖက်ထုပ် လုပ်နည်း Chive dumpling

Sdílet
Vložit
  • čas přidán 1. 08. 2023
  • ဖက်ထုပ်အရသာ မျိုးစုံရှိပေမယ့် ကြက်သွန်ဖြူကြက်သွန်မြိတ်နဲ့ လုပ်ထားတာကြောင့် ပိုမွှေးပြီး ပိုစားကောင်းပါတယ်။
    ဖက်ထုပ်ထဲမှာ ထည့်တဲ့ အသားက မိမိစိတ်ကြိုက်အသားကို သုံးလို့ရပါတယ်။ ကြက်သားကိုသုံးရင် ပုစွန်အနည်းငယ်လေးရောပေးပါ။ ဝက်သားကို သုံးရင်တော့ အဆီအသား မျှတာလေးကို ရွေးပြီး သုံးတာက ပိုစားကောင်းပါတယ်ခင်ဗျာ။
    ပထမဆုံး အသားတွေကို စက်နဲ့ ကြိတ် ဒါမှမဟုတ် နုတ်နုတ်စဉ်းထားပေးပါ။
    ပြီးရင် ချင်း (ဂျင်း) လက်တဆစ်လောက်ကို ထောင်းထား သို့မဟုတ် ခြစ်ထားပေးပါ။
    အသားတွေကို နယ်မှာ ဇလုံထဲမှာထည့်မယ်။
    အရသာအတွက်
    ဆား.. အချိုမှုန့် ..ငရုတ်ကောင်းမှုန့် အဖြူ။ သကြား ကို မိမိထည့်မယ့် အချိုးအစားပေါ်မူတည်ပြီး ထည့်ပေးပါ။
    ပြီးရင် နှမ်းဆီမွှေး - ၂ ဇွန်း (စားပွဲတင်ဇွန်း)
    နဲ့ ပဲငံပြာရည်အကြည် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
    ထည့်ပါမယ်။
    သတိထားပြီးထပ်ထည့်ရမှာက ရေ ပါ။
    ရေကို စားပွဲတင်ဇွန်း ၃ ဇွန်းလောက်ထည့်ပါ။ ရေထည့်ပေးခြင်းအားဖြင့် ဖက်ထုပ်ပြုပ်ရဲ့ အသားတွေက မမာတော့ဘဲ ပိုပြီးစားကောင်းပါတယ်။ ပြီးမှ ခြစ်ထားတဲ့ ချင်း (ဂျင်း) ကိုထည့်မယ်။ သေချာနှံ့စပ်အောင်နယ်ပြီးပြီဆိုရင် ရေခဲသေတ္တာ အအေးခန်းထဲမှာ ၁ နာရီ သို့မဟုတ် တညလုံး နှပ်ထားပေးပါ။
    ကြက်သွန်ဖြူကြက်သွန်မြိတ် (သို့) ကုချိုင်ကို ရေသေချာဆေး။ ရေစစ် ထားပေးပါ။
    ရေစစ်ထားတာ ခြောက်သွားမှ အရွက်တွေကို နုတ်နုတ်စဉ်းပါ။ သတိထားရမှာက အရွက်ထဲမှာ ဆား မထည့်ရပါဘူး. ဆားထည့်တဲ့ အခါ အရွက်ထဲက ရည်တွေထွက်လာပြီး ဖက်ထုပ်ပြုတ်တဲ့အခါ ပေါက်သွားတတ်ပါတယ်။ အရွက်ထဲမှာ နှမ်းဆီမွှေး ၁ ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပြီး နယ်ထားပေးပါ။
    ပြီးမှ နှပ်ထားတဲ့ အသားတွေနဲ့လုံးလိုက်ရင် ဖက်ထုပ်ထဲက အဆာ ရပြီဖြစ်ပါတယ်။
    ဖက်ထုပ်ထုပ်တဲ့အခါ ဖက်ထုပ်ရွက်တွေကပ်စေဖို့အတွက် ‌ဂျုံမှုန့် နဲ့ ရေကို ခပ်ပျစ်ပျစ်ဖျော်ထားပေးပါ။ ဖက်ထုပ်ရွက်ကိုတော့ ကျွန်တော်က အသင့် လုပ်ပြီးသားကို ပဲဝယ်သုံးထားပါတယ်။
    ဖက်ထုပ် ထုပ်တဲ့အခါ အဆာတွေကို အများကြီးမထည့်ဘဲ သင့်တင့်ရုံပဲ ထည့်ပေးပါ။
    (ဖက်ထုပ်ထုပ်နည်းကို စာနဲ့ရေးရတာခက်တဲ့အတွက် ဗီဒီယိုထဲမှာ အသေးစိတ်လုပ်ပြပေးထားပါတယ်ခင်ဗျာ)
    ဖက်ထုပ်ပြုတ်တဲ့အခါ ရေဆူဆူနဲ့ ပြုတ်တာမှန်ပေမည့် ရေဆူဆူနဲ့ တောက်လျောက်ပြုတ်ရင် ဖက်ထုပ်ထဲက အဆာတွေထွက်လာတတ်ပါတယ်။
    ဒါကြောင့် ရေဆူလာပြီဆိုရင် ဖက်ထုပ်ထည့်မယ်။
    ဖက်ထုပ်တွေ ရေပေါ်ပေါ်လာပြီဆိုရင် ရေအေး ကော်ဖီခွက်တဝက်လောက် ထည့်ပါ။ အဖုံးပိတ်ပြီး ရေဆူလာတဲ့အထိ ပြန်တည်ပါ။ ရေဆူလာရင် ရေအနည်းငယ် ထပ်ထည့်ပါ။ ရေဆူထိပြန်စောင့်ပါ။
    ဖက်ထုပ်ပြုတ်ချိန်က စုစုပေါင်း ၈ မိနစ်လောက်ဆိုရပြီဖြစ်ပါတယ်ခင်ဗျာ။
    ဖက်ထုပ်ကို ဆယ်ပြီး မိမိစိတ်ကြိုက်ဆော့စ်နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်ခင်ဗျာ။
    Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
  • Jak na to + styl

Komentáře • 46

  • @arrkyima9219
    @arrkyima9219 Před 11 měsíci +1

    အရမ်းးကြိုက်ပါတယ်
    ဖက်ထုပ်ဆီချက် 0:49
    ဗိုက်ဆာလားပြီး
    ဗျို့ 😂😂😂
    နေ့စဥ့်အားပေးလျက်ပါဆရာ

  • @moureenofficial3727
    @moureenofficial3727 Před 11 měsíci +1

    Thanks 😊

  • @owensworld2013
    @owensworld2013 Před 11 měsíci +1

    Yummy! ကောင်းတယ်ထင်တယ်

    • @Cookfork1
      @Cookfork1  Před 11 měsíci

      ဟုတ်ကဲ့။ စားကောင်းတယ်ဗျ 😊

  • @sunflowerrose6203
    @sunflowerrose6203 Před 11 měsíci

    အရမ်းကြိုက်သော😊😊😊😊😊😊😊

    • @Cookfork1
      @Cookfork1  Před 11 měsíci

      ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @aungthan1238
    @aungthan1238 Před 6 měsíci

    ကောင်း

    • @Cookfork1
      @Cookfork1  Před 6 měsíci

      ကျေးဇူးပါခင်ဗျာ🙏

  • @moethan2430
    @moethan2430 Před 7 měsíci

    နည်းလေးသိရလို့
    ကျေးဇူး ပါ❣❣

    • @Cookfork1
      @Cookfork1  Před 7 měsíci

      ကျေးဇူးတင်ပါတယ်အစ်မ 🙏

  • @dawpaukpauk4304
    @dawpaukpauk4304 Před 11 měsíci

    ကျေးဇူးပါ အားပေးနေပါတယ် 😻😊👍
    မြင်ရတာအိအိလေးနဲ့ စားချင်စရာလေး
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  Před 11 měsíci

      ဟုတ်တယ်ဗျ။စားကောင်းတယ်😊အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏

    • @dawpaukpauk4304
      @dawpaukpauk4304 Před měsícem

      ဖက်ထုပ်ပြုတ် ဗီဒီယို လေးကြည့်တိုင်းစားချင်စိတ်ပေါက်တယ်😋
      ဖက်ထုပ်ရွက်ကအလွယ်တကူဝယ်မရ

  • @thantwin3250
    @thantwin3250 Před měsícem

    😊

  • @rabbitzone13
    @rabbitzone13 Před 11 měsíci

    Good

  • @khamtip7017
    @khamtip7017 Před 11 měsíci

    😻😻😻😋

  • @cherryflower7747
    @cherryflower7747 Před 11 měsíci

    အရမ်းကြိုက်လို့ လိုက်လုတ်စားတော့မယ် အိုပါး😊

    • @Cookfork1
      @Cookfork1  Před 11 měsíci

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @kiralu7132
    @kiralu7132 Před 6 měsíci +1

    ရိုးရိုးကြက်သွန်နီကြက်သွန်မြိတ်ကောသုံးလို့ရလားဟင်

    • @Cookfork1
      @Cookfork1  Před 6 měsíci +1

      ရပါတယ်ခင်ဗျ

  • @outurvision2u
    @outurvision2u Před 11 měsíci

    ချပါတီလုပ်ပြပါ❤❤❤

    • @Cookfork1
      @Cookfork1  Před 11 měsíci

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ🌹

  • @nowelphawmue1370
    @nowelphawmue1370 Před 11 měsíci

    အစ်ကိုအဲ့ဒီအပင်က မြန်မာပြည်မှရောင်းတယ်ပေါ့
    ကြက်သွန်မြိတ်တော့မဟုတ်ဘူးလိုထင်တာဘဲ
    အဲဒါ တကယ်စားလို့ကောင်းတယ်

    • @Cookfork1
      @Cookfork1  Před 11 měsíci

      ရောင်းတယ်ခင်ဗျ။ ကုချိုင် လို့ပဲ ခေါ်ကြတာများတယ်

  • @ayemonkyawmyint5745
    @ayemonkyawmyint5745 Před 11 měsíci

    အဲ့လိုပြုတ်ပြီးဖက်ထုပ်အိုးကပ်လုပ်လို့ရလားရှင့်

    • @Cookfork1
      @Cookfork1  Před 11 měsíci

      လုပ်လို့ရတယ်ခင်ဗျ။

  • @yuzana2721
    @yuzana2721 Před 11 měsíci

    ဖက်ထုပ်အိုးကပ်နည်းလေးလဲတင်ပေးပါအုံးနော်

    • @Cookfork1
      @Cookfork1  Před 11 měsíci

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ

  • @john.s.m8693
    @john.s.m8693 Před 11 měsíci

    ဘာလို့ steam မလုပ်တာလဲ steam လုပ်တာကပိုစားကောင်းပါတရ်ဗျ❤

    • @Cookfork1
      @Cookfork1  Před 11 měsíci +1

      နောက်တခါချက်ရင် အဲ့လိုလေးထည့်ချက်ကြည့်မယ် 😋

  • @user-pr6jg3te5j
    @user-pr6jg3te5j Před 10 měsíci

    အခြားအသားတွေထည့်လို့ရလား

    • @Cookfork1
      @Cookfork1  Před 10 měsíci

      ရတာပေါ့ခင်ဗျ

  • @user-py6gv3gz6u
    @user-py6gv3gz6u Před 9 měsíci

    အသားကGramဘယ်လောက်လဲ

    • @Cookfork1
      @Cookfork1  Před 9 měsíci

      500 gram လောက်ဆိုရပါတယ်

  • @user-wg3nu3mo2s
    @user-wg3nu3mo2s Před 11 měsíci

    ဖက်ထုပ်ဆို ဘယ်လိုလုပ်လုပ် ကြိုက်မှကြိုက်😋😋😋

    • @Cookfork1
      @Cookfork1  Před 11 měsíci

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @moethan2430
    @moethan2430 Před 6 měsíci

    ကြည့်ပီးစားချင်လာပီ😋
    ဖက်ထုတ်ဆီချက်.လုပ်လို့ရလား
    ဆီချက်လောက်ဆွဲအတိုင်း.အဆာပလာတွေထဲ့ရမှာလား..

    • @Cookfork1
      @Cookfork1  Před 6 měsíci

      ဟုတ် ဆီချက်ခေါက်ဆွဲအတိုင်းလုပ်ရင်ရပြီဗျ... 🤗

    • @moethan2430
      @moethan2430 Před 6 měsíci

      ကေျးဇူးပါ❣@@Cookfork1

    • @Cookfork1
      @Cookfork1  Před 6 měsíci

      🤗🤗🤗

  • @arrkyima9219
    @arrkyima9219 Před 11 měsíci

    အရမ်းးကြိုက်ပါတယ်
    ဖက်ထုပ်ဆီချက် 0:49
    ဗိုက်ဆာလားပြီး
    ဗျို့ 😂😂😂
    နေ့စဥ့်အားပေးလျက်ပါဆရာ

    • @Cookfork1
      @Cookfork1  Před 11 měsíci

      အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ🙏