နယ်ခြားစောင့်ရဲနဲ့ စခန်းရဲများ ထွက်ပြေးသူများပြား - Digital First

Sdílet
Vložit
  • čas přidán 18. 05. 2024
  • ရှေတန်းမှာ သေဆုံးသူများလာလို့ နယ်ခြားစောင့်ရဲနဲ့ စခန်းရဲများ ထွက်ပြေးသူများပြား
    #dvbtvnews #digitalfirst
    ရခိုင်ပြည်နယ် အပါအဝင် တိုက်ပွဲဖြစ်ပွားရာဒေသက နယ်ခြားစောင့်ရဲတွေနဲ့ စခန်းရဲတွေဟာ ရှေတန်းမှာ သေဆုံးသူများပြားလာတာကြောင့် ထွက်ပြေးသူများတယ်လို့ ရဲမိသားစုဝင်တွေဆီက သိရပါတယ်။
    ရခိုင်ပြည်နယ်မှာ ရခိုင်တပ်တော် AAက ထိုးစစ်ဆင်ခဲ့ပြီးနောက် နယ်ခြားစောင့်ရဲတွေရဲ့ သေဆုံးမှုမှာ အဆမတန်များလို့ အညံ့ခံတာ၊ ထွက်ပြေးတာနဲ့ ရဲတပ်ဖွဲ့ကနေ အပြီးအပိုင်နှုတ်ထွက်တာတွေလုပ်လာတယ်လို့ နယ်ခြားစောင့်ရဲ(BGP)တဦးက ပြောပါတယ်။
    ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ရဲတပ်ရင်းတွေကို ဦးစီးဖို့ ရဲအရာရှိနေရာမှာ စစ်တပ်က အရာရှိတွေကို ဇန်နဝါရီလအတွင်း စစ်ကောင်စီက အစားထိုးခဲ့ပါတယ်၊ ရဲတွေက ပြောင်းရွှေ့လာတဲ့ ဒုဗိုလ်မှုးကြီးအတွက် ငွေရှာပေးရလို့ နယ်ခြားစောင့်စခန်းများကျတာဖြစ်တယ်လို့ နယ်ခြားစောင့်တပ်ခွဲ ၅ နခခ က အမည်မဖော်လိုသူ ရဲတဦးက ဒီဗွိဘီကိုပြောပါတယ်။
    #ကနေဦးသတင်း #police #myanmar
    Download the DVB Mobile App:
    Android - bit.ly/dvbmobile
    IOS - bit.ly/dvbapple
    Support DVB - burmese.dvb.no/membership
    Subscribe - / dvbtvnews
    Follow - t.me/dvbtvnews

Komentáře • 5

  • @BaNyunt-rw4gn
    @BaNyunt-rw4gn Před 13 dny +4

    ရဲစုပ်ရဲပဲ့တွေပါ သူတောင်းစား၊ပြည်သူ့စိမ်ရည်သင့်ကြသူများပါ

  • @ArKaMinArKaMin-tu2qz
    @ArKaMinArKaMin-tu2qz Před 13 dny +4

    ဒီတပ်ထဲရှိတဲ တပ်မတော် ရဲဝန်ထမ်း တွေကတိုင်းနယ် ပြည်နယ်ထဲမှရဇိတဲ့ လူပေ/တေ/မွဲသူခိုး မိဘ ဆရာကျေးရွာရပ်ထဲကသုံးမရ တဲ့လူပိုတွေစားဝတ်နေရေးမဲ့သူတွေချည်းမို့တိုက်ရဲခိုက်ရ်ပီးတိုင်းပြည်လူမျီုး ဘာသာသာသနာအတွက်အသက်ပေးရဲတဲ့လူတွေမဟုတ်တဲ့မအလ ရဲ့ဒါးပြကွန်တွေပါ မပြေးရင်သေပေါ့

  • @user-cm6dg1kp9z
    @user-cm6dg1kp9z Před 13 dny +2

    🔫👽🐕🗡စစ်မြေပြင်မှာရန်သူစကစကိုရန်သူလိုသဘောထားသုတ်သင်ကြပါ👨🏻‍🤝‍👨🏼👍🚩

  • @kohlamyintarakan1887
    @kohlamyintarakan1887 Před 13 dny

    ဘဂ်ါလီတပ်သားတွေကိုအားကိုးပြီးတိုက်မှပဲ စစ်တပ်အများဆုံးဘူးသီးတောင်အသိမ်းခံရတော့ မြန်မာ့ဘဂ်ါလီတပ်မတော်ကြီး လန်လန်ကျနေတော့ မြန်မာ့ဘဂ်ါလန်တပ်မတော်ကြီးဟုသာခေါ်ကြပါရန်၊မြန်မာ့မဘသဘဂ်ါလန်တပ်မတော်

    • @uaungkhaing-el7xr
      @uaungkhaing-el7xr Před 7 dny

      မရီရပူး😂😂😂😂😂 ရီရအောင်ပြောပြ😂😂😂😂😂