အမဲသား‌ပြုတ်ကြော် စားမယ် Myanmar beef jerky

Sdílet
Vložit
  • čas přidán 22. 09. 2023
  • ထမင်းပူပူကို အမဲပြုတ်ကြော်ထားတဲ့ဆီမွှေးမွှေးရယ် ဆားလေးရယ် နယ်ပြီး အမဲပြုတ်ကြော်လေးနဲ့ တွဲဖက်လို့ စားကောင်းပါတယ်။
    အမဲသားတွေက ကြော်တဲ့အခါ ကျုံ့သွားတတ်တာကြောင့် အတုံးတုံးတဲ့အခါ လိုချင်တဲ့ အတုံးထက် ပိုကြီးပြီး တုံးထားပေးပါ။
    အသားတွေ အရသာစနယ်ဖို့အတွက်
    နနွင်းမှုန့် - အနည်းငယ်
    ဆား - အနည်းငယ်
    အချိုမှုန့် (မစားရင်မထည့်လို့ရပါတယ်)
    မဆလာ - အနည်းငယ်
    ချင်း (ဂျင်း) - လက်၂ဆစ်လောက်ခြစ်ထား သို့ ထောင်းထားတာကို အရည်ညှစ်ပြီး ထည့်ပေးပါမယ်။
    အရသာအားလုံးကို အသားထဲ ဝင်အောင် နှပ်ထားပေးပါမယ်။ ၁ နာရီလောက်နှပ်ထားပေးပါမယ်။
    ကြက်သွန်ဖြူ လက်တဆုတ်လောက်ကို ဓားပြားရိုက်ထားပေးပါ။
    ဒါဆိုစချက်လို့ရပါပြီ။
    ဒယ်အိုးထဲမှာ နှပ်ထားတဲ့အမဲသားတွေထည့်။ ရေကို အသားမြှုပ်ရုံထည့်ပြီး မီးအေးအေးနဲ့ နာရီ၀က်လောက် ပြုတ်ထားပေးပါ။ ရေခမ်းတဲ့အထိ ပြုတ်ပေးရမှာဖြစ်ပါတယ်။ ‌pressure cooker နဲ့ ပေါင်းပြီးမှ ပြန်ချက်လည်းရပါတယ်။
    ရေခမ်းသွားပြီဆိုရင် အသားထဲကို ဆီလောင်းထည့်ပေးပါ။ ဆီကို အသားတွေ မမြှုပ်တမြှုပ်အနေအထား ထည့်ပြီး မီးအလည်အလတ်နဲ့ အသားတွေအရောင်းပြောင်းတဲ့အထိ ကြော်မယ်။ အရောင် အနည်းငယ်ပြောင်းလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မွှေးလာတဲ့အထိ ကြော်ပေးပါ။ မွှေးလာပြီဆိုရင် အရသာရှိတဲ့ အမဲသားပြုတ်ကြော်ကို သုံးဆောင်နိုင်ပါပြီခင်ဗျာ။
    သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
    Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
  • Jak na to + styl

Komentáře • 25

  • @dawpaukpauk4304
    @dawpaukpauk4304 Před 10 měsíci +1

    ကျေးဇူးပါ အားပေးနေပါတယ် 😻😇
    ထမင်းစား မကောင်းတဲ့အခါ ဒီလို ဟင်း
    လေးနဲ့အလွန်ကောင်း
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  Před 10 měsíci +1

      မွှေးနေရော 😊အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏

  • @chinma8257
    @chinma8257 Před 10 měsíci +1

    ကျေးဇူးပါ❤ ကျန်းမာပျော်ရွှင်ပါစေ

    • @Cookfork1
      @Cookfork1  Před 10 měsíci

      ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏ကျန်းမာပျော်ရွှင်ပါစေ🙏

  • @sunoe9350
    @sunoe9350 Před 10 měsíci

    So good😊😊

  • @yuzana2721
    @yuzana2721 Před 10 měsíci

    😋😋😋😍😍😍

  • @thuyahan4202
    @thuyahan4202 Před 10 měsíci

    ❤❤❤❤❤❤❤❤❤❤

  • @Hrana-tin-dim
    @Hrana-tin-dim Před 10 měsíci

    ❤❤🎉

  • @wywabcd
    @wywabcd Před 9 měsíci

    အမဲသားနှပ်ရော တင်ထားတာရှိလား အကိုရေ ❤

    • @Cookfork1
      @Cookfork1  Před 9 měsíci

      မရှိသေးဘူးခင်ဗျ။ ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ

  • @ayemonkyawmyint5745
    @ayemonkyawmyint5745 Před 9 měsíci

    microwave ထဲ ထည့်လို့မရဘူးလားရှင့်

    • @Cookfork1
      @Cookfork1  Před 9 měsíci

      ရတယ်ခင်ဗျ

  • @padabomb6383
    @padabomb6383 Před 10 měsíci

    ရေနွေးငွေ့နဲ့ ပြန်ပေါင်းတယ်ဆိုတာလေး ရှင်းပြပေးပါလားဗျ

    • @Cookfork1
      @Cookfork1  Před 10 měsíci +1

      ကြော်ပြီး နေ့ခြင်းစားမကုန်လို့ ရေခဲသေတ္တာ မှာ သိမ်းထားပြီး လို့ ပြန်စားချင်တဲ့အခါ ဆီနဲ့ပြန်ကြော်ရင် မာသွားနိုင်တာကြောင့် အဖုံးသေချာအုပ်ပြီး ရေနွေးငွေ့နဲ့ပြန်ပေါင်းရင် အသားက မမာဘဲ ပိုစားကောင်းလို့ပါ

  • @nsmyanmar1235
    @nsmyanmar1235 Před 10 měsíci

    ကျနော်ကြက်ဥပူတင်းလုပ်တိုင်းမအောင်မြင်တာများတယ် အိမ်မှာက ဂရမ်ချိန်တဲ့စက်မရှိတာကြောင့် ဖန်ပုလဲထဲကြက်ဥထည့်ပြီးအမှတ်အသားလုပ်ပြီးတော့နှစ်ဆထည့်ပေးရတာလား နွားနို့ကို

    • @Cookfork1
      @Cookfork1  Před 10 měsíci

      ဟုတ်တယ်ဗျ။ ကြက်ဥ 3 လုံးလုပ်မယ်ဆို 3 လုံး လုံးကို ဖန်ခွက်ထဲမှာထည့်ပြီး အမှတ်အသားလုပ်။ ကြက်ဥ အမှတ်အသား 2 ဆ နွားနို့ ထည့်ခေါက်ရင် ရတယ်ခင်ဗျ

    • @nsmyanmar1235
      @nsmyanmar1235 Před 10 měsíci

      ​@@Cookfork1 ကျေးဇူးပါဗျာ ဒါနဲ့အခြားသောပူတင်းလုပ်မယ်ဆိုရင်ရော နွားနို့ဘယ်နှစ်ဆထည့်ရတာလဲ ဥပမာ ငှက်ပျောပူတင်း မိုင်လိုပူတင်း လုပ်မယ်ဆိုရင်ရော နှစ်ဆဘဲထည့်ပေးရမှာလား ပြီးရင်ပူတင်းလုပ်တိုင်းကပ်နေတာဘာကြောင့်ပါလိမ့်

    • @Cookfork1
      @Cookfork1  Před 10 měsíci

      2 ဆပဲထည့်ရမယ်ခင်ဗျ။ ကြွေပန်းကန်သို့ ဖန် ပန်းကန်နဲ့ ပေါင်းကြည့်ပါခင်ဗျာ

  • @sawmyatnwe9276
    @sawmyatnwe9276 Před 10 měsíci

    ဆိတ်သားကို အဲဒီနည်းအတိုင်းပြုတ်​ကြော်လုပ်ရင် ရမလားရှင် ..

    • @Cookfork1
      @Cookfork1  Před 10 měsíci +1

      ရတယ်ခင်ဗျ။ ဆိတ်သားညှီနံ့ကြောက်ရင်တော့ မချက်ခင် ဆိတ်သားကိုရှာလကာရည်နဲ့ နယ်ပြီး ရေသေချာဆေးပြီးမှ ချက်လို့ရပါတယ်

    • @sawmyatnwe9276
      @sawmyatnwe9276 Před 10 měsíci

      @@Cookfork1သိခွင့်ပြုလို့ ​ကျေးဇူးတင်ပါတယ်ရှင် ..