မတ်လ(၂)ရက်နေ့မှာစတင်ဝင်ရောက်ကစားနိုင်မယ့် Yangon WaterBoom

Sdílet
Vložit
  • čas přidán 27. 02. 2016
  • Yangon Waterboom အပန်းဖြေ ကစားကွင်းကို ရန်ကုန်မြို့ ဒေါပုံမြို့နယ် ရှုခင်းသာ မြို့ပတ်လမ်းရှိ ယခင်ရှုခင်းသာ အပန်းဖြေ အားကစားကွင်းနေရာမှာ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
    အဲဒီအပန်းဖြေစခန်းကို လာမယ့်မတ်လ ၂ရက်နေ့ က စတင်ပြီး အများပြည်သူများလာရောက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
    Yagnon Waterboom အပန်းဖြေကစားကွင်းကို နေ့စဉ် မနက် (၉) နာရီကနေ ည (၈) နာရီအထိ ဖွင့်လှစ်မှာဖြစ်ပြီး ဝင်ကြေးများ အနေဖြင့် တနလာင်္မှ သောကြာနေ့အထိ လူကြီးတစ်ဦးလျှင် ၂၀,၀၀၀ ကျပ်၊ ကလေး တစ်ဦးလျှင် ၁၅,၀၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး စနေနှင့် တနင်္ဂနွေနေ့တွေမှာ လူကြီးတစ်ဦးလျှင် ကျပ် ၂၅,၀၀၀ နှင့် ကလေးတစ်ဦးလျှင် ၂၀,၀၀၀ ကျပ်တို့ကို သတ်မှတ်ထား တာဖြစ်ပါတယ်။
    ကစားကွင်းကို မတ်လ၂၆ရက်နေ့အထိ လျော့ဈေးနဲ့ ၀င်ရောက်ကစားခွင့်ပြုမှာဖြစ်ပြီး ရုံးဖွင့်ရက်လူကြီး ၁၆၀၀၀ကျပ်၊ကလေး အရပ်လေးပေအောက် ၁၂၀၀၀ကျပ်နဲ့ရုံးပိတ်ရက်များတွင် လူကြီး ၂၀၀၀၀ကျပ်၊ကလေး အရပ်လေးပေအောက် ၁၆၀၀၀ကျပ်ဖြင့်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Komentáře • 3

  • @Rocco675
    @Rocco675 Před 9 měsíci

    Yangon waterboom

  • @Rocco675
    @Rocco675 Před 9 měsíci

    ပထမဆုရရှိသတ္တသုခပရဟိတကစက်တင်ဘာလအတွင်းကတွေ့ရတာကအစကတည်းက