ရွှေတောင်ခေါက်ဆွဲချက်နည်း Myanmar Shwe Taung Noodle

Sdílet
Vložit
  • čas přidán 23. 12. 2022
  • ရွှေတောင်ခေါက်ဆွဲက အုန်းနို့ခေါက်ဆွဲချက်တာထက် ပိုပြီးလွယ်တယ်လို့ထင်ရပါတယ်။ရွှေတောင်ခေါက်ဆွဲကို အိုဆာကာဆုရထားတဲ့ ဆိုင်မှာ ပထမဆုံး စပြီး စားဖူးတာဖြစ်ပြီး နောက်ပိုင်း လက်ဖက်ရည်ဆိုင် တချို့မှာ ရောင်းတဲ့ ရွှေတောင်ခေါက်ဆွဲတွေနဲ့ အရသာ သိပ်မတူတာကို သတိထားမိပါတယ်။ ရွှေတောင်ခေါက်ဆွဲသီးသန့်ရောင်း တဲ့ ဆိုင်ရှင် အင်တာဗျူးမှာ ရှင်းပြတဲ့ မှတ်သားစရာတွေနဲ့ ။ မြန့်မာ့အစားအစာများ ချက်နည်း စာအုပ်က ချက်နည်းနဲ့ ပေါင်းထဲက ချက်နည်းနဲ့ ပေါင်းစပ်ပြီး ချက်ထားပါတယ်ခင်ဗျာ။
    ရွှေတောင်ခေါက်ဆွဲကို ပြည်ခရိုင်ရွှေတောင်မြို့က စတင်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ ရွှေတောင်ခေါက်ဆွဲရဲ့ ခေါက်ဆွဲဖတ်က ဆီချက်ခေါက်ဆွဲလို ပါးပြီး ပိုပြီး လည်း ပျော့ပါတယ်။ ခေါက်ဆွဲလုံးနဲ့ ဆိုရင် ရွှေတောင် ခေါက်ဆွဲအရသာမရပါဘူးခင်ဗျာ။ ရွှေတောင်ခေါက်ဆွဲ မှာ မပါမဖြစ် ခေါက်ဆွဲကြွပ်ကို အရင်စပြီးကြော်ပေးထားပါ။
    ကျွန်တော်က ရွှေတောင်ခေါက်ဆွဲဖတ်ကိုပဲ ဆီပူပူထဲမှာ ဆီမြှုပ်ပြီး ကြွပ်လာအောင် ကြော်ပေးပါတယ်။ အုန်းနို့ခေါက်ဆွဲသား ခေါက်ဆွဲလုံး နဲ့လည်း ကြော်လည်းရပါတယ်။ ငရုတ်သီးဆီချက်အတွက် ငရုတ်သီးမှုန့်ကို ပန်းကန်လုံးထဲထည့်ပြီး ခေါက်ဆွဲကြော်ထားတဲ့ ဆီပူပူလောင်းထားပါ (အလွယ်လုပ်တာပါ။ ဆီချက်ချက်ထားတဲ့ ဆီပူလောင်းထည့်ရင် ပိုမွှေးမှာပါ)။ အရိုးထုတ်ထားတဲ့ ကြက်ပေါင် ၂ ချောင်းကို သုံးပါမယ်။ ကြက်ရိုးတွေကို တရည်ပြုတ်ပြီး ရေပြန်ထည့် ဆား။အချိုမှုန့်။ ငရုတ်ကောင်းမှုန့်။ ချင်း။ကြက်သွန်ဖြူကြက်သွန်ဖြူ ထည့်ပြီး ဟင်းရည်လုပ်ထားပါမယ်။ ကြက်ပေါင်သားကို အတုံးသေးသေးလှီးပြီး ဆား။အချိုမှုန့် နဲ့ နနွင်းမှုန့် ထည့်ပြီးနှံစပ်အောင် နယ်ထားပေးပါမယ်။ ‌ရေခဲသေတ္တာ ထဲ ၁ နာရီလောက်ထည့်ပြီးနှပ်ထားပေးပါ။ ကြက်သွန်ဖြူ။နီနဲ့ ချင်း ကို ထောင်းထားပေးပါ။ ဒယ်အိုးထဲဆီထည့်ပြီး ထောင်းထားတာတွေ ဆီသတ်ပါမယ်။ မီးအေးအေးနဲ့ ဆီသတ်တာ မွှေးလာပြီမှ နနွင်းနဲ့ ငရုတ်သီးမှုန့် ထည့်တယ်။ ငါးငံပြာရည် ၁ ဇွန်းထည့်မယ်။ ဆီသတ်တဲ့အချိန်ထည့်တာက ဟင်းကို ပိုပြီးမွှေးစေပါတယ်။ ပြီးရင် နှပ်ထားတဲ့ ကြက်သားတွေထည့်မယ်။ ကြက်သားတွေကို မီးအေးအေးနဲ့ပဲ ဆီမပြန်တပြန် အနေအထားထိချက်ပါမယ်။ ရေထည့်ပြီးတော့ မချက်တာက ကြက်သားထဲက ရေတွေ ထွက်လာတတ်လို့ပါ။ ပြီးမှ နို့စိမ်း ကို ဆန်ချိန်ခွက်လေး ၁ ခွက် လျော့လျော့ ထည့်ပါမယ်. တချို့ချက်နည်းတွေက နွားနို့ထည့်ချက်လေ့ရှိပေမယ့် ရွှေတောင်ခေါက်ဆွဲရောင်းသူက ပဲမှုန့်ကို အရည်ကျဲလေးဖျော်ပြီး ထည့်ချက်တယ်လို့လည်း ပြောပါတယ်။ ကျွန်တော်က နို့စိမ်းလေးပဲ ထည့်ပြီး ခဏမွှေမယ်။ ပြီးမှ ရေကို ၁ လီတာလောက်ထည့်ပါတယ်။ ပွက်ပွက်ဆူလာမှ ကြက်သွန်နီဥတွေထည့်မယ်။ အရသာအတွက် သကြားနဲ့ ဆား ထည့်မယ်။ ဒီနေရာမှ အငန်အတွက် ငါးငံပြာရည်ထပ်မထည့်တော့ပါဘူးခင်ဗျာ။ အခုဆိုရင် ရွှေတောင် ခေါက်ဆွဲထဲထည့်စားမယ့် ကြက်သားဟင်းရပါပြီ။
    ပွဲပြင်တဲ့အခါ ရွှေတောင်ခေါက်ဆွဲဖတ်ထည့်မယ်။ ကြက်သားဟင်းကို အရည်ပါအောင်ထည့်မယ်။ အုန်းဆီချက် ထည့်မယ် (အုန်းဆီချက် အလွယ် ချက်နည်းကို လည်း ရှေ့တရက်က တင်ပေးထားပါတယ်)ငရုတ်သီးဆီချက်။ ကြက်သွန်နီပါးပါး။ နံနံပင်။ ပဲမှုန့်အကျက် ။ သံပုရာသီး ညှစ်ပြီး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။
    သူငယ်ချင်းအားလုံး ကျန်းမာပျော်ရွှင် ကြပါစေ…
  • Jak na to + styl

Komentáře • 59

  • @AyeAye-nx3db
    @AyeAye-nx3db Před rokem +2

    ပဲမှုန့်တို့ကုလားပဲတို့မထည့်ရတော့ချက်ရတာလွယ်တာပေါ့ ‌ခက်တယ်ထင်နေတာ ကျေးဇူးပါ

    • @Cookfork1
      @Cookfork1  Před rokem

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @alvis_kaung4928
    @alvis_kaung4928 Před rokem +5

    I learnt how to cook by watching this show. Your videos are so detailed and therapeutically calm plus so much stress relieving by his voice…
    Really hope this show keep on going for a very very long time.
    Merry Christmas to you my chef…
    I don’t know his name but still a fan…❤❤

  • @khamtip7017
    @khamtip7017 Před rokem

    I like so much 🥰
    Thank you so much for your shareing kha sayar 😊🥰🌹🙏😍😍

  • @whitelady4627
    @whitelady4627 Před rokem +2

    So good.Why r u so good at cooking?

  • @hlahlawin6339
    @hlahlawin6339 Před rokem

    Thank you for sharing with public I will try soon

    • @Cookfork1
      @Cookfork1  Před rokem

      Hope you enjoy. Thank you ❤️😊

  • @ayeaye3541
    @ayeaye3541 Před rokem

    အရမ်းကြိုက်တဲ့ ရွှေတောင်ခေါက်ဆွဲ ကိုယ်တိုင်ချက်စားလို့ရပြီ ကျေးဇူအများကြီးပါနော်😊😍🙏

    • @Cookfork1
      @Cookfork1  Před rokem

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @jasmin8494
    @jasmin8494 Před rokem

    အရမ်းကြိုက်

    • @Cookfork1
      @Cookfork1  Před rokem

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @WinWin-yu4ec
    @WinWin-yu4ec Před rokem

    Thank you.

  • @myomyothan360
    @myomyothan360 Před rokem

    ကြိုက်ကြိုက်😋

    • @Cookfork1
      @Cookfork1  Před rokem

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @wittyeekhine132
    @wittyeekhine132 Před rokem

    👍👍👍😍😍

  • @user-yf8si8rv4i
    @user-yf8si8rv4i Před rokem +2

    👍👍👍💯💯💯

  • @moethan2430
    @moethan2430 Před rokem

    သိပ်မိုက်..😋
    မစားဘူးဘူး😁😅
    ကျေးဇူးပါ❣❣

    • @Cookfork1
      @Cookfork1  Před rokem

      လွယ်ပြီး စား‌ကောင်းတယ်😁

  • @user-km7ue8jg5m
    @user-km7ue8jg5m Před 4 měsíci +1

    ❤❤

    • @Cookfork1
      @Cookfork1  Před 4 měsíci

      Thank you ❤️❤️❤️

  • @khinmaythanthan7678
    @khinmaythanthan7678 Před rokem

    Thank you

  • @ayethinmyat8826
    @ayethinmyat8826 Před rokem +1

    မဂ်လာပါအကို

    • @Cookfork1
      @Cookfork1  Před rokem

      မင်္ဂလာပါခင်ဗျာ

  • @phyoephyoe7844
    @phyoephyoe7844 Před rokem

    💕🙆

    • @Cookfork1
      @Cookfork1  Před rokem

      ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @yuzana2721
    @yuzana2721 Před rokem

    အကိုချက်တာလူဘယ်နှစ်ယောက်စားလို့ရပါလဲရှင်
    ချက်စားကြည့်မလို့ပါ😋😋😍

    • @Cookfork1
      @Cookfork1  Před rokem +1

      ခေါက်ဆွဲ ၅၀ ကျပ်သားဆိုတော့ ၁၀ ပွဲစာလောက်တော့ရတယ်ခင်ဗျ။

    • @yuzana2721
      @yuzana2721 Před rokem

      @@Cookfork1 ဟုတ်ကျေးဇူးပါ အကို

  • @janetjoseph1803
    @janetjoseph1803 Před rokem

    Can we do with cream coconut milk instead of evaporated milk

  • @dawhninhninwai4372
    @dawhninhninwai4372 Před 11 měsíci

    😋

  • @tintinwin1882
    @tintinwin1882 Před rokem

    👌😋👌

  • @kayphyo1044
    @kayphyo1044 Před 7 měsíci

    စားချင်တယ်ဟ😢မဂ်လာပါ.cook.for..K1+2ရေ့😅

    • @Cookfork1
      @Cookfork1  Před 7 měsíci

      ဟုတ် 😊 မင်္ဂလာပါခင်ဗျာ

  • @thaethae2616
    @thaethae2616 Před rokem

    ခေါက်ဆွဲ 3 ပိဿာဆို အရည်ချက်ရင် အုန်းနို့ဘယ်ခောက်ထည့်ရလဲရှင့်

    • @Cookfork1
      @Cookfork1  Před rokem

      2 လုံးလောက်ဆ်ုရမယ်ထင်တယ်ဗျ

  • @yuyulwin570
    @yuyulwin570 Před rokem

    ရွှေတောင်ခေါက်ဆွဲအရမ်းကြိုက်ပါတယ် 😋😋

  • @dawmeemeekhine956
    @dawmeemeekhine956 Před rokem

    သေသပ်သန့်ရှင်းလို့နောက်ပြီးစိတ်ရှညှ်ရှည်နဲ့အသေးစိတ်တဆ့င်ခြင်းရှင်းပြတတ်လို့ကျေးဇူးပါ

    • @Cookfork1
      @Cookfork1  Před rokem

      အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ🙏🙏🙏

  • @shweeainsi6399
    @shweeainsi6399 Před rokem

    Kfc ကြက်ကြော်ကြော်နည်းလေးလုပ်ပြပါလားရှင်

    • @Cookfork1
      @Cookfork1  Před rokem +1

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ

  • @user-gx2lq8cv1y
    @user-gx2lq8cv1y Před rokem

    ငရုတ်သီးထူးနေသလိုဘဲနော်

  • @khin-5101
    @khin-5101 Před rokem

    ခက်တာဆိုလို့ အုန်းဆီချက်နဲ့အကြွတ်ကျော်ဘဲရှိတာ လုပ်စားပါအုံးမည် တပွဲ 8$ နီးပါးပေး မစားတော့ဘူး 😂😂

    • @Cookfork1
      @Cookfork1  Před rokem +1

      ဟုတ်။ လုပ်စားကြည့်ပါဗျ 😊

  • @ayethinmyat8826
    @ayethinmyat8826 Před rokem

    ❤❤❤❤❤❤❤❤မဂ်လာပါကျေးဇူပါ❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @mamaapril9814
    @mamaapril9814 Před rokem

    အုန်းဆီချက်ပါမှရွှေတောင်ခေါက်ဆွဲဖြစ်မှာပါ

    • @Cookfork1
      @Cookfork1  Před rokem

      အုန်းဆီချက်ပါတယ်ခင်ဗျ။ အပြီးထိကြည့်ကြည့်နော်