အသက် (၂၀)ကျော်လူငယ်တွေအနေနဲ့ စီးပွါးရေးလုပ်တော့မယ်ဆိုရင် ဒါတွေကို သိထားရမယ်

Sdílet
Vložit
  • čas přidán 17. 04. 2023
  • မရှိရင် ရှိတာနဲ့စလုပ်ပါ
    တချို့က စီးပွားရေးလုပ်မယ်ဆိုရင် ….
    ရုံးခန်းကျယ်ကျယ် တစ်ခန်းရှိဖို့ စစဉ်းစားတယ်။
    ဆိုင်ခန်းကောင်းကောင်းတစ်ခန်းရှိဖို့ စဉ်းစားတယ်။ အတွင်းခန်းပစ္စည်း ပြည့်စုံဖို့ စဉ်းစားတယ်။
    ဝန်ထမ်းတွေ အများကြီးခန့်ဖို့စဉ်းစားတယ်။
    ဒီလိုတွေ အရင်လျှောက်စဉ်းစားတော့ အရင်းအနှီးကြီးကြီး လိုလာတယ်။ ဒါနဲ့ပဲ တော်တော်နဲ့ မစဖြစ်တာများတယ်။ စဖြစ်ရင်လည်း အဲဒီအခြေခံအောက်အဦး ကုန်ကျစရိတ်တွေနဲ့တင် ဝန်ပိနေတတ်ကြတယ်။
    အရေးကြီးတာက ကိုယ်လုပ်မယ့်စီးပွားရေးက ဘယ်လိုလုပ်ရင် အလုပ်ဖြစ်မလဲဆိုတာကို သေချာစဉ်းစားဖို့ပဲ။
    ကားဂိုဒေါင်မှာ လုပ်ငန်းစခဲ့တဲ့ ဘီလီယံတန်လုပ်ငန်းကြီးတွေအများကြီး။ တချို့ လုပ်ငန်းတွေဆို ဖုန်းတစ်လုံး၊ လူတစ်ယောက်နဲ့လည်း စလို့ရတယ်။ အရေးကြီးတာက စဖြစ်ဖို့ပဲ။ စဖြစ်ပြီးသွားရင် ကျန်တာတွေတဖြည်းဖြည်းထပ်ဖြည့်ပြီး ချဲ့သွားလို့ရတယ်။
    ကိုယ့်မှာ ရုံးခန်းကျယ်ကျယ်၊ အတွင်းခန်းပစ္စည်ယကောင်းကောင်း၊ ဝန်ထမ်းအပြည့်အစုံမရှိသေးဘူးလား။ လုပ်ချင်ရင် မရှိ ရှိတာနဲ့စလုပ်ပါ။
    အသက် 20 ကျော်လူငယ်လေးတွေကိုပြောချင်တာက တွေဝေမနေနဲ့
    ဆုံးရှုံးရမှာကြောက်လို့ လုပ်ငန်းသေးသေးလေးကို စမလုပ်ခဲ့ရင် ကမ္ဘာကျော်လုပ်ငန်းရှင်ကြီး ဂျက်မား ဆိုတာရှိလာမှာမဟုတ်သလို
    အကြိမ်ကြိမ်ကျရှုံးလို့စိတ်ဓာတ်ကျပီးရပ်နေခဲ့ရင် သောမတ်အက်ဒီဆင် ဆိုတာလဲရှိလာမှာမဟုတ်ဘူး
    အသွားနှေးလို့ ရပ်နေတဲ့လိပ်မရှိဘူး အဓိက ကသွားနေဖို့ပဲတစ်နေ့ပန်းတိုင်ရောက်လိမ့်မယ်
    ထောက်ပံ့ပေးမဲ့နောက်ခံအင်အားနည်းတဲ့ကိုယ်တွေလိုလူငယ်လေးတွေက ကိုယ်လျှောက်ရမဲ့လမ်းကို ကိုယ်ကိုယ်တိုင်စဖောက်မှရမယ်
    အဲ့တော့ တွေဝေမနေနဲ့ကြောက်ရွံ့မနေနဲ့
    ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကိုဖြေးဖြေးမှန်မှန်လေးစလုပ်ကြည့်ပါ
    ကိုယ်ပိုင်လုပ်ငန်းဆိုတဲ့နေရာမှာ
    လမ်းဘေး မုန့်ရောင်းတာကအစ online shop လုပ်တာအဆုံး ကိုယ်ဝါသနာပါရာ လုပ်ငန်းလေးစလုပ်ကြည့်ပါ
    စလျှောက်ကြည့်ပါ ဆက်လျှောက်ရမဲ့လမ်းဖြောင့်လေးကိုမြင်တွေ့ရပါလိမ့်မယ်
    ဆုံးရှုံရမှာကြောက်ရွံ့နေတဲ့စိတ်လေးကို နည်းနည်းလျှော့ပီး စလျှောက်ဖို့တော့လိုတာပေါ့
    စီးပွားရေး ဘယ်လိုလုပ်မလဲ..?
    ကြည့်ကြရအောင်

Komentáře •