သူတို့ကချမ်းသာပြီး ခင်ဗျားက ဘာလို့ဆင်းရဲနေတာလဲ?

Sdílet
Vložit
  • čas přidán 9. 09. 2023
  • ဘာဖြစ်လို့မင်းနဲ့ငါရဲ့ ချမ်းသာမှုက ကွာခြားရတာလဲ ?
    .
    ** အလုပ်ချိန်မှာ
    မင်း Facebook သုံးတယ် ၊ Coffee သောက်တယ် ၊ အလုပ်ပေါ်အရေးမထားဘူး
    ၊ဒါကြောင့် မင်း အိုဗာတိုင် ဆင်းရတယ်။
    .
    ငါ-အလုပ်ကိုမြန်မြန်ပြီးအောင်ငါအရင်ကြိုးစာတယ် ။ အိုဗာတိုင် ဆင်းစရာမလိုအောင် ငါကြိုးစားတယ်။
    ဒါမှ ငါ့မှာအလုပ်ချိန်အပြင် အချိန်ပိုရှိမှာလေ
    ** ရုံးဆင်းချိန်မှာ
    မင်း--သူငယ်ချင်းနဲ့ မင်း Beer သောက်တယ် ၊ လက်ဖက်ရည်ဆိုင်ထိုင်တယ်
    ဒါမှ မဟုတ် မင်းအပြင်ကို ထွက်လည်တယ်
    .
    ငါ-CZcams မှာ ဟင်းချက်နည်း တွေငါအိမ်မှာ ထိုင်ကြည့်တယ်၊လေ့လာတယ်
    ပြီးတော့ ငါလက်တွေ့ ဆန်းလုပ်ကြည့်တယ်
    .
    .
    ** ရုံးပိတ်ရက်
    မင်း ----အိပ်ရာထနောက်ကျတယ် ၊ (ရှောပင်ဒစင်တာ)shopping center မှာလျှောက်ပတ်တယ် ၊ နယ်ဘက်သွားလည်တယ်
    .
    ငါ ---မနက်အစောကြီးထတယ် ၊ ငါ CZcams မှာသင်ထားတဲ့ဟင်းချက်နည်းနဲ့ ငါတစ်ခုခုချက်ပြီးငါရောင်းတယ် ။ အစကတော့ ဝယ်တဲ့ သူသိပ်မရှိပေမဲ့ ။ ငါကောင်းသထက်ကောင်းအောင် ငါကြိုးစားတယ်
    .
    .
    ** ရက်ရှည်ရုံးပိတ်ရက်
    မင်း --မင်းခရီးထွက်လည်တယ်၊ ကမ်းခြေသွားမယ် ဓာတ်ပုံရိုက်တယ်
    Facebook ပေါ်တက်ကြွားတယ်
    ငါ---- Online ကနေကိုယ်ရောင်းချင်တဲ့ အရာကို ဘယ်လိုရောင်းရမှာလဲဆိုတာ ငါအိမ်မှာ လေ့လာတယ်
    .
    .
    ** ပိတ်ရက်လဲပြီးရော
    မင်း ---- ပိုက်ဆံ ပြောင်ရော
    ငါ ---- အွန်လိုင်းကနေတဆင့် ဝင်ငွေ နောက်တစ်လမ်းရှိပြီ
    .
    .
    ** နောက် ၂ နှစ် ၃ နှစ် ကြာသွားတဲ့အခါ
    မင်း ---- ဘဝက အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲဘူး
    ပြီးတော့ ဒီအကြောင်းပြချက်တွေနဲ့ တိုင်ပတ်နေ တယ်
    ငါအဆင်သင့်မဖြစ်သေးဘူး
    ငါအရင်းအနှီး လိုသေးတယ်
    ငါအခွင့်အရေးမရှိသေးဘူး
    .
    ငါ ---- ငါရောင်းတဲ့အစားအစာတွေ သဘောကျတဲ့သူရှိလာတော့၊ ငါဆိုင်ခွဲအများကြီးဖွင့်တယ် အလုပ်သမားကိုငါရာခိုင်နှုန်းခွဲပေးတော့ ငါကိုယ်တိုင်သွားထိုင်ရောင်းစရာမလိုဘူး
    ပြီးတော့ ငါ့ရဲ့ Online စီးပွားရေးက အစက နဲနဲတော့ ရောင်းရတယ် ၃၊၄ ကြိမ်လောက် ငါကျရှုံးတယ်
    ငါ့လိုအပ်ချက်ကို ငါပြုပြင်တယ် ၊ နောက်ဆုံးတော့ ငါ့ online ပေါ်ကဆိုင်လဲ နာမည်ရနေပြီ ။
    .
    .
    ** ဆယ်နှစ်လောက်ကျော်သွားတဲ့အခါ
    မင်းငါ့ကိုကြည့်တဲ့အမြင် ----
    အေးပါကွာ မင်းတော်တော်ကံကောင်းတာပဲ အခွင့်အရေးကမင်းဆီပဲဝင်ဝင်လာတယ်တဲ့
    တကယ်မေးပါရစေ မင်းဘယ်က အချိန်ပိုရှိလို့ လုပ်နိုင်တာလဲ ??
    ငါ မင်းလိုသာ အချိန်ပိုရှိရင် ငါလဲလုပ်နိုင်ပါတယ်ဟာ
    ငါတို့ လူတွေက ကံကွာတယ်ကွာ မင်းအရင်ဘဝက ကောင်းမှုတွေအများကြီးလုပ်ခဲ့လို့နေမှာ
    ဒါကြောင့်မင်းအမြဲတမ်းကံကောင်းနေတာ
    .
    ငါမင်းကိုကြည့်တဲ့အမြင် -----
    မင်းဘယ်သိမှာလဲ ငါဒီနေရာရောက်ဖို့ ဘယ်လောက်ထိပေးဆပ်ရလဲဆိုတာ
    မင်းကိုပြောပြတယ် ၊ မင်းကို သတိပေးတယ် ၊ မင်းက ခေါင်းထဲမှမထည့်တာ
    ၊ တခါတလေ မင်းထိုင်ပြီးတွေးတာကို မြင်ပါတယ်
    ဒါပေမဲ့ မင်းလက်တွေ့ချလုပ်တာကို ငါဘယ်တော့မှ မမြင်ဘူး
    မင်းသူများမှားတယ်ဆိုပြီး အပြစ်တင်တယ် ၊ ကိုယ့်ကိုကိုယ်ဘယ်တော့မှ အပြစ်မတင်ဘူး
    မင်းငါ့ကိုချီးကျူးတဲ့အချိန်မှာ ငါလဲပြုံးပြတယ်
    .
    ဟုတ်မှာပေါ့ ငါကံကောင်းပါတယ်
    မင်းထက်ငါကြိုးစားချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့်ဘဲ
    လူတယောက်နဲ့တယောက် ချမ်းသာကြွယ်ဝမှုချင်းမတူတာ၊ တယောက်က ချမ်းသာပြီး တယောက်ကဆင်းရဲနေတာဟာ ကြိုးစားအားထုတ်မှု၊ စဉ်းစားတွေးခေါ်မှုပေါ်မှု၊ လေ့လာသင်ယူမှု စတဲ့အချက်တွေပေါ်မှာ အများကြီးမူတည်တယ်
    ဒါတွေတင်ဘဲလား? မကသေးပါဘူး
    ဆက်ကြည့်ကြရအောင်

Komentáře • 25

  • @kyawthetoo6295
    @kyawthetoo6295 Před 10 měsíci +2

    ဟုတ်ပါပြီ ကျေးဇူပါ မြန်မာပြည်မှာ အသိပညာရှိတဲ့သူတွေအများကြီး နေရာမှမရတာ

  • @aprilgirls3148
    @aprilgirls3148 Před 10 měsíci +1

    ​ေက်းဇူးပါဆရာ

  • @hanshanyanyangon1642
    @hanshanyanyangon1642 Před 7 měsíci

    အသက်၂၀အရွယ်မှာ တီလို ဗဟုသုတ Video တွေ တွေ့ရလို့ ကံကောင်းပါတယ် ❤❤❤

  • @kyawthetoo6295
    @kyawthetoo6295 Před 10 měsíci +3

    ခုပြောနေတာအစ်ကိုလားညီလားမသိဘူး ပညာတွေယူတယ် အကောင်ထည်ဖော်ဖို့ အလီဘာဘာ မှတ်ထားတော့ရော မြန်မာပြည်မှာ အဲ့လိုမြေတောင်မြှောက်ပေးလား

  • @chitsuwai7375
    @chitsuwai7375 Před 9 měsíci +1

    မဟုတ်တာ​တွေ​ပြောပုံပြင်နား​ထောင်ရသလိုပါကွာမင်းကိုယ်တိုင်အဆင်သင့်ဖစ်ပြီလား

  • @uoojelly9449
    @uoojelly9449 Před 10 měsíci +4

    အဲ့လိုတစ်သက်လုံးစောက်လုပ်အတွက်ဘဲအချိန်ကုန်နေတော့ သေခါနီးး စောက်ရေးမပါတာသိရင် ပျော်စရာတွေမလုပ်ခဲ့မိတာကိုနောင်တမရပါနဲ့ 🤣

  • @kyawthetoo6295
    @kyawthetoo6295 Před 10 měsíci +1

    ကျေးဇူပါ ဒါပေမယ့် မြန်မာနိုင်ငံမှာအဲ့လိုလုပ်လို့ရလား ဘာမှမသုံးပါဘူး ချွေတာပါတယ် ဒါပေမယ့် တူပါ့မလား အခွင့်အလမ်းက မြန်မာပြည်မှာ

  • @kyawthetoo6295
    @kyawthetoo6295 Před 10 měsíci +1

    ​လူငယ်တွေကိုဂျင်းမထည့်ပါနဲ့ စာအုပ်တွေစာအုပ်တွေဖက်ပြီး တကယ့်လက်တွေ့ ဘာမှဖြစ်မလာတာမြန်မာပြည်ပါ

  • @phoethutaw1405
    @phoethutaw1405 Před 10 měsíci +1

    ကုသိုလ်အလှူဒါနများများအတိတ်ဘဝကမလုပ်ဆောင်ခဲ့သမျှသူများချမ်းသာကြွယ်ဝသလိုမိမိချမ်းသာမယ်ထင်လျှင်ထ္မင်းဆီးဆမ်းရွှေလင်ပန်းနဲ့ဖိုးရွှေလမင်းဆီတောင်းခံသလိုဖြစ်နေမပေါ့ဗျာဒါ့ကြောင့်အလှူဒါနများများလုပ်ဆောင်ပေးကြပါခင်ဗျာကံမကောင်းရင်ညာဏ်ရှိသလောက်မွဲတတ်ပါတယ်ခင်ဗျာလုံးလဝီရိယညာဏ်ပညာတော့ရှိဖို့လိုသေးတာပေါ့ခင်ဗျာ😢😢😢😢😢😢😢

  • @yannaingtun7348
    @yannaingtun7348 Před 6 měsíci

    Right

  • @kinezarwin2858
    @kinezarwin2858 Před 9 měsíci

    မန်ဘာ ဘယ်လိုဝင်ရမလဲဟ
    သေချာပြောပြထားတာမတွေ့ဘူး
    pageကလဲ စာပို့မရ

  • @user-rb9zr8mf5v
    @user-rb9zr8mf5v Před 10 měsíci +1

    matrix အကြောင်းသိချင်ပါတယ် တင်ပေးပါဦးခင်ဗျ

  • @boheinmyanmar1294
    @boheinmyanmar1294 Před 10 měsíci +2

    ဘယ်လိုဆက်သွယ်ရမလဲ

  • @kyawthetoo6295
    @kyawthetoo6295 Před 10 měsíci

    ဘေဘီလုံးလဲးဖတ်တယ် but ခုပြောနေတာတွေကိုမြန်မာနိုင်ငံမှာ အခွင့်လမ်းရှိပါ့မလား

  • @kyawthetoo6295
    @kyawthetoo6295 Před 10 měsíci

    ငွေကြေးနဲ့ဆိုင်တဲ့စကားတွေ ခင်ဗျားအနေနဲ့ လို့ပြောတယ်နော် ဘယ်သူကလက်ကမ်းလို့လဲး မြန်မာပြည်မှာ

  • @OppoTt-rp9mu
    @OppoTt-rp9mu Před 10 měsíci

    ဘယ္လိုဆကိသြယ္ရမွာလဲ

  • @NaingMin-bh5fm
    @NaingMin-bh5fm Před 9 měsíci

    အရန်ကောင်းတယ်အကို

  • @cronaldo5008
    @cronaldo5008 Před 10 měsíci

    လူတိုင်းချမ်းသာမယ်လို့ထင်နေတာလား တယောက်ချမ်းသာရင် တယောက်က ဆင်းရဲမှာပဲလေ လူတိုင်းမချမ်းသာနိုင်ဘူး

  • @arnold6074
    @arnold6074 Před 9 měsíci

    ပြောတေတဲ့သူကသူဖာသာသူဘဝင်မြင့်နေတော့အခါ

  • @oooida-jq1zr
    @oooida-jq1zr Před 9 měsíci

    စေတနာချင်းမတူကြလို့ ချမ်းသာဆင်းရဲ မတူကြဘူးပေါ့ အဲအဖြေပါဘဲ

  • @user-fk4nt2zn1g
    @user-fk4nt2zn1g Před 10 měsíci

    ဘာလို့လဲ

  • @user-sz6pl3tn7c
    @user-sz6pl3tn7c Před 9 měsíci

    ပေါတောတောတေ
    ဆင်းရဲဘူးလား

  • @NanYadanarTun-jw4ci
    @NanYadanarTun-jw4ci Před 2 měsíci

    ကျေးဇူးပါရှင့်

  • @khinmamathin1135
    @khinmamathin1135 Před 10 měsíci +1

    ဘယ်လိုဆက်သွယ်ရမလဲရှင့်

  • @user-sz3hb3ot2d
    @user-sz3hb3ot2d Před 9 měsíci

    ကုန်စျေးနှုန်းနဲ့😂😂😂