ငွေငါးသောင်းနဲ့ အစပြုခဲ့ပြီး တစ်နှစ်အတွင်း အောင်မြင်နေပြီဖြစ်တဲ့ ကောင်းထက်သာရဲ့ Nemo Fish Shop

Sdílet
Vložit
  • čas přidán 12. 11. 2022
  • မုန့်ဖိုးရတဲ့ ပိုက်ဆံငါးသောင်းတည်းနဲ့ အစပြုခဲ့ပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ Nemo Fish Shop အလှမွေးငါးဆိုင်ပိုင်ရှင် သရုပ်ဆောင် ကောင်းထက်သာ
    -----------------------
    MRTV-4 ရဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့ ကောင်းထက်သာဟာ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ပါးလျလာတဲ့အတွက် ကိုယ်ပိုင်စီးပွားရေးလေးလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ကောင်းထက်သာ စိတ်ဝင်စားတာက အလှမွေးငါးဆိုင် တည်ထောင်ဖို့ပါပဲ။ ခပ်ငယ်ငယ် ကျောင်းသားဘဝကတည်းက အိမ်ကပေးလိုက်တဲ့မုန့်ဖိုးတွေကိုစုပြီး အလှမွေးငါးလေးတွေ ဝယ်တတ်တာက ကောင်းထက်သာရဲ့ဝါသနာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝါသနာအရင်းခံတစ်ရပ်နဲ့အတူ အလှမွေးငါးလေးတွေကို စီးပွားရေးတစ်ခုအနေနဲ့ လုပ်ကိုင်ဖို့ ကောင်းထက်သာက ဆုံးဖြတ်လိုက်တာပါ။ ငယ်ဘဝတုန်းကရသမျှမုန့်ဖိုးနဲ့ အလှမွေးငါးလေးတွေကို အိမ်ကမိဘတွေမသိအောင် ခိုးဝယ်ပြီး မွေးခဲ့တဲ့အကြောင်းတွေကိုလည်း ကောင်းထက်သာက အမှတ်တရအဖြစ် ပြန်လည်ပြောပြခဲ့ပါတယ်။ ကောင်းထက်သာဟာ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုပြီး အစပြုခဲ့ချိန်မှာ ငွေငါးသောင်းတည်းနဲ့ အလှမွေးငါးလေးတွေကို Online ကနေ စတင်ရောင်းချခဲ့တာပါ။ တဖြည်းဖြည်းနဲ့ လုပ်ငန်းတိုးချဲ့လာနိုင်ခဲ့ပြီး အခုအချိန်မှာတော့ Nemo Fish Shop ဆိုင်လေးကို တည်ထောင်လိုက်နိုင်ပြီပဲဖြစ်ပါတယ်။ တစ်နှစ်ကျော်အတွင်း လုပ်ငန်းအောင်မြင်ပြီး တိုးတက်လာတဲ့အပေါ်မှာလည်း ကောင်းထက်သာက ကျေနပ်ဂုဏ်ယူလို့နေပါတယ်။ Nemo Fish Shop ဆိုင်လေးမှာ အလှမွေးငါးကလေးတွေကို ချစ်မြတ်နိုးကြတဲ့သူတွေအတွက် အလှမွေးငါးကလေးတွေအပြင် ငါးစာလေးတွေရော ငါးကလေးတွေကိုပါ အလှဆင်နိုင်မယ့်ပစ္စည်းလေးတွေရှိပါတယ်။ ကျပ်ငွေငါးသောင်းနဲ့အစပြုခဲ့ပြီး တစ်နှစ်အတွင်း အောင်မြင်မှုလမ်းကြောင်းထက်ဆီရောက်လာခဲ့တဲ့ Nemo Fish Shop ဆိုင်လေးရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
    #MercuryVariety
    #MV
    #MercuryPetProgram
    #MercuryBusinessProgram
    #MercuryExclusiveInterview
    #CelebrityInterview
    #KaungHtetThar
    #Actor
    #MRTV4
    #NemoFishShop
    #အလှမွေးငါး
    #ငယ်ဘဝဝါသနာ
    #တစ်နှစ်အတွင်းအောင်မြင်
    #ကျပ်ငါးသောင်းနဲ့အစပြု
    #Yangon
    #Myanmar

Komentáře • 26

  • @weechong212
    @weechong212 Před rokem +3

    Nice shop. Went there and supported him by buying accessories and fish food

  • @user-pe2wl9hi7b
    @user-pe2wl9hi7b Před 2 měsíci

    သား မှာ မော်လီငါးရှိတယ်အကို😊😊😊

  • @zorojuro-ld8yq
    @zorojuro-ld8yq Před 11 měsíci

    အားကျနေပါြပီအိုင်ဒေါ​ော❤🎉

  • @jessicajessica7828
    @jessicajessica7828 Před rokem

    gold fish မွေူချင်ပါတယ်

  • @moetmoetaungaung9997
    @moetmoetaungaung9997 Před rokem

    Fighter

  • @kohtingoldfish
    @kohtingoldfish Před rokem

    keep going bro

  • @PaPa-mx8mc
    @PaPa-mx8mc Před rokem

    အကိုဘယ်လိုထိန်းရတာလဲဗျ


    တစ်ကောင်ဘယ်လောက်လာ်းအကို

  • @komakingmin3137
    @komakingmin3137 Před rokem

    😯

  • @khinswehtun5440

    ရ​ွှေငါးလေးတွေမှာချင်တယ်

  • @khinswehtun5440
    @khinswehtun5440 Před rokem

    ၃၀၀၀ ဝန်းကျင်လောက်နဲ့ရွှေငါးလေးတွေရှိလားမှာချင်လို့ပါ

  • @user-ws8nq6fl1l
    @user-ws8nq6fl1l Před 4 měsíci

    အိမ်ဂျယ်အထီးအမနှစ်ကောင်ဘယ်လောက်ဘဲ၀ယ်ခြင်လို့

  • @vijay-qf7ob
    @vijay-qf7ob Před rokem

    ဘာမာေရားလဲအကုိ

  • @user-nn2hk4ub2k
    @user-nn2hk4ub2k Před 8 měsíci

    ငါးလေးတွေကလှတယ်။

  • @kohlamin7609
    @kohlamin7609 Před rokem

    ဖန်ကန်ရောင်လား

  • @user-nn2hk4ub2k
    @user-nn2hk4ub2k Před 8 měsíci

    ငဖိုက်ငါးလေးတွေကဘလောက်လဲပြောပြပါအုံး

  • @theinttheint1651
    @theinttheint1651 Před rokem +1

    အောက်စိီချင်ပေးတဲ့စက်ကဘယ်လောက်လဲအကို သိချင်လို့

  • @yekyawhtetaungyekyawhtetau9671

    ငါ း၁၅

  • @arker6822
    @arker6822 Před rokem +3

    အထီးအမဘယ်လိုခွဲရတာလဲ

    • @nweni1249
      @nweni1249 Před rokem +1

      အထီးကအမြီးကားတယ် အမကအမြီးသေးတယ်🎉🎉🎉

    • @aungchan974
      @aungchan974 Před 2 měsíci

      ယီးမပါရင် အမပဲ​ဂျောင်

  • @nweni1249
    @nweni1249 Před rokem

    ဖိုက်တာသားဖောက်ပြပါလာအကို

  • @thetaung7312
    @thetaung7312 Před rokem

    ငါးမီးချောင်းကဘယ်လောက်လဲအစ်ကို

  • @kinghlaing7624
    @kinghlaing7624 Před rokem

    ရွှေငါးသားဖောက်ပုံနဲအထီးအမခွဲခြားပုံလေးပြပေးပါလားညီရေ။