ကြက်ဥထမင်းကြော် ရဲ့ လျှို့ဝှက်ချက်
Vložit
- čas přidán 10. 01. 2024
- အိမ်မှာ မွှေးနေအောင် ကြော်စားလို့ရတဲ့ ကြက်ဥထမင်းကြော်နည်းလေးပါ.
လူတိုင်းအိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ကြော်လို့ရပါတယ်။
ပထမဆုံး ကြက်သွန်မြိတ် အဖြူပိုင်း နဲ့ အစိမ်းပိုင်းကို ခွဲပြီး နုတ်နုတ်စဉ်းထားပေးပါ။
ကြက်ဥ ၃ လုံးကို ပန်းကန်တလုံးထဲကို ဖောက်ထည့်ထားပေးပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီးတာနဲ့ နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်မြိတ်အဖြူပိုင်းကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ။
မွှေးလာပြီဆိုရင် ကြက်ဥတွေထည့်ပေးပါ။ ဆားအနည်းငယ်ထည့်ပေးပါ။
အဓိက လျှို့ဝှက်ချက်က ကြက်ဥတွေကို အရောင်အနည်းငယ်ပြောင်းပြီး မွှေးလာတဲ့အထိ ကြော်ပေးပါ။
ပြီးမှ ဖွထားတဲ့ ထမင်းတွေထည့်ပေးပါ။ ချက်ပြီးပြီးခြင်းထမင်းမဟုတ်ဘဲ ချက်ထားတာကြာတဲ့ထမင်း သို့မဟုတ် ထမင်းကြမ်းက ရေဓာတ်လျော့နည်းနေတဲ့အတွက် ထမင်းကြော်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ခဏလေးမွှေပေးပြီးရင် အရသာအတွက် ဆားနဲ့ အချိုမှုန့် ထည့်ပါမယ်။ (ဒီနေရာမှာ ကြက်သားမှုန့်မထည့်ဘဲ အချိုမှုန့်ပဲ ထည့်တာက အလိုက်ဖက်ဆုံးဖြစ်ပါတယ်. အချိုမှုန့် မစားတဲ့သူတွေ မထည့်လည်းရပါတယ်)
ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပေးပါ။
မီးအားပြင်းပြင်းနဲ့ ကြော်ပေးပါ။ အနည်းဆုံး ၇ မိနစ်လောက်ကြော်ပေးပါ။ ပြီးမှ ပဲငံပြာရည် အကြည် ၁ ဇွန်းကို ဒယ်အိုးပတ်ချာလည်ကို လောင်းထည့်လိုက်ပါ။ ဒါမှ ပဲငံပြာရည်နဲ့ ဒယ်အိုးနဲ့ ထိပြီးပိုမွှေးလာပါလိမ့်မယ်။ နောက်ထပ် ၄ မိနစ် လောက်ကြော်ပေးပါ။
နောက်ဆုံးမှာမှ နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်မြိတ်အစိမ်းပိုင်းကို ထည့်ပြီး မွှေပေးပါ။ ဒါဆိုရင် ပါဝင်ပစ္စည်းအနည်းဆုံးနဲ့ အရမ်းစားကောင်းတဲ့ ကြက်ဥထမင်းကြော်လေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ.
အကယ်၍ တိရိစ္ဆာန်အဆီကို စားတဲ့ သူငယ်ချင်းတွေရှိရင် ဝက်ဆီ သို့မဟုတ် ကြက်အရည်ခွံကနေထုတ်ထားတဲ့ ကြက်သားဆီနဲ့ ကြော်ပေးရင် ပိုမွှေးပြီး ပိုစားကောင်းပါတယ်။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။ - Jak na to + styl
ကျေးဇူးပါ 👍
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျေးဇူးပါ.❣❣
အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷
ကျေးဇူးပါအားပေးနေပါတယ်👍
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
Thank you so much for sharing par .🎉🎉🎉
You are so welcome❤️🤗
Looks simple and must be very tasty. Thank you.👨🍳
Hope you enjoy☺️🤗
The channel I never regret subscribing
Thank you ❤️😊
Yummy yummy😊
Thank you ❤️😊
Tq
Thank you ❤️😊
မိုက်
ဟုတ်ကဲ့ 😊
👍👍👍😍😍
🙏🙏🙏❤️❤️❤️
good
Thank you ❤️😊
🎉
Thank you
ကျေးဇူးပါ အားပေးနေပါတယ် 😍😻😇
စားချင်စရာလေးပါ ကြိုက်တယ်
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏
@@Cookfork1 ဟုတ်🤗🐈
အဲ့မှာရော ချက်စားဖြစ်လား🤗
မချက်ဖြစ်ဘူးဗျ
ဒီနေ့ကြော်စားဖြစ်ပါတယ်
ခပ်နွေးနွေးလေး စားပါတယ်ကြိုက်တယ်
@dawpaukpauk4304 ဟုတ်အစ်မ 😊🙏
ကြည့်နေရင်းကိုစားချင်ပြီ...ကျေးဇူးပါရှင့်❤❤❤
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
စကားမပီတာလဲတမျိုးနားထောင်လို့ကောင်းပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
အိမ်မှာတော့ ပဲငံပြာရည်အနောက်ရယ် တခါတလေ ပဲပြုတ်လဲ ထည့်ပြီးကြော်ဖြစ်တယ်။ အခုနည်းကို စမ်းကြည့်ရမယ်။
ဟုတ်။ ကြော်စားကြည့်ပါခင်ဗျ 😊
dimsum လုပ်နည်းလေးသိချင်လို့ပါ
ကြိုးစားတင်ပေးသွားပါမယ်ခင်ဗျာ
စဉ်းနီတုံး ဘယ်ကဝယ်လှလို့😊😁
စီးတီးမတ်ကခင်ဗျ
ကျေးဇူးပါရှင့်❤
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကြက်သွန်ဖြူဆီသတ် ဘေးဖယ်ထားပီး ဆီပူထဲ ကြာညို့အပစ်နဲနဲထဲ့မွှေ ပီးမှကြက်ဥဖောက်ထဲ့မွှေ ၊ ထမင်းထဲ့အရသာထဲ့ အ့လိုကြော်စားဖစ်တယ် ။အသီးအရွက်နဲ့လဲအဲ့တိုင်းကြော်တယ် ကြက်သွန်ဖြူမထဲ့တဲ့ခါလည်းမထဲ့ဖစ်ပု😁
ဒီနည်းလေးလဲ မနက် ကြော်စားတော့မယ်😋ကေျးဇူးတင်ပါတယ်အကိုရေ🤗🤗
ဟုတ်။ ကြော်စားကြည့်ပါခင်ဗျ 😊ကျန်းမာပျော်ရွှင်ပါစေ🙏
အခုထကြော်ပီ
ဟုတ်ကဲ့ 😊
မဂ်လာပါK1+2😊အမငီးစားချင်တာခုပဲ..but.basy.Now😢
အားတဲ့အခါ ကြော်စားကြည့်ပါဗျ၊🤗
ကြက်ဥကနှစ်လုံးပဲထည့်မယ်ဆိုရင်ရောရလား နှမ်းဆီမွှေးမထည့်ရင်ရောရလား
ရပါတယ်ဗျ နှမ်းဆိက မထည့်လည်းရပါတယ်၊
@@Cookfork1 ကျေးဇူးပါ နှမ်းဆီမွှေးအစားတခြားဘာသုံးလို့ရသေးလဲ
@@snowthawtar275 ကြက်အရေခွံဆီထုတ်ထားတဲ့ ဆီကို ထည့်လည်းရပါတယ်ခင်ဗျ...