ကြက်သားခပတ် (Chicken kebab)
Sdílet
Vložit
  • čas přidán 25. 04. 2020
  • ဒါကတော့ ဆိုင်ချက်မဟုတ်ဘဲ အိမ်ချက် ကြက်သားခပတ် လေးပါ။ ဟင်းစချက်မယ့် သူတွေ လက်စွမ်းစပြီး ပြလို့ရတဲ့ ဟင်းတခွက်ပါ။ ကြက်သားခပတ်က အရှေ့အလယ်ပိုင်းကစတင်ခဲ့တာဖြစ်ပေမယ့် အိန္ဒိယစားသောက်ဆိုင်တွေမှာ လူကြိုက်များတဲ့ ဟင်းတပွဲပါ။ ခပတ် (Kebab) ကို ချက်နည်းက မျိုးစုံရှိပါတယ်။ အသားတွေအရွက်တွေကို ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ တံစို့မှာ ထိုးပြီးကင်တယ်၊ ဒါမှမဟုတ် ဒယ်ပြားပူပူပေါ်မှာချက်တယ်။ ထို့အပြင် အသားစတူး ပုံစံမျိုးလည်း လုပ်စားလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မူလပထမ ဟင်းတွေလို အမွှေးနံ့သာခပ်ပြင်းပြင်းမပါဘဲ ကျွန်တော်တို့ ခံတွင်းနဲ့ ရင်းနှီးနေပြီဖြစ်တဲ့ မဆလာမွှေးရနံ့သာ ချက်ပြုတ်ကြပါတယ်။ အိန္ဒိယဟင်းလျာတွေကို ကျွမ်းကျွမ်းကျင်ကျင်ချက်ပြုတ်ပြလေ့ရှိတဲ့ ကျွန်တော်လေးစားသင်ယူရတဲ့ နော်ဝေးက မမနီ ရဲ့ Recipe လေးအတိုင်း ကျွန်တော် ချက်ပြထားပါတယ်။ မမနီ ရဲ့ youtube လင့်လေးကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်။ ကျေးဇူးတင်ပါတယ် မမနီ။
    ပါဝင်တဲ့ပစ္စည်းတွေကို အောက်တွင် ဖော်ပြပေးထားပါတယ်။
    ဒီပေ့ချ်လေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
    ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ ကျွန်တော် K2 ရဲ့ ဟင်းချက်တဲ့ ဗီဒီယိုလေးများကို အမြဲကြည့်ရှှုဖို့ ယူကျု့မှာ Subscribe လုပ်ပေးပါဦးခင်ဗျာ။ ဗီဒီယိုလေးတွေထပ်ပြီးတင်သွားဖို့ အားတွေက ကျွန်တော့် အချစ်ဆုံး K1 နဲ့ ကျွန်တော့်ရဲ့ ဗီဒီယိုလေးကို အမြဲအားပေးကြည့်ရှုပေးတဲ့ မိတ်ဆွေ တွေပါ။
    လာရောက်ကြည့်ရှုသူ မိတ်ဆွေ တွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
    မမနီ ရဲ့ CZcams Channel
    / @harryminn
    Cook for K1_ CZcams Channel
    / cookfork1
    Cook for K1 _Facebook page
    / cookfork1
    Cook for K1 _Instagram page
    / cookfor_k1
    #cookfork1 #CookforK1 #ကြက်သားခပတ် #ကြက်သားခဘတ် #Chickenkebab
    ပါဝင်တဲ့ပစ္စည်းတွေကတော့
    အရိုးထုတ်ထားတဲ့ကြက်ပေါင် တခြမ်း (၂၅ကျပ်သား)
    ကြက်သွန်နီ - ၃ လုံး
    ခရမ်းချဉ်သီး - ၂ လုံး
    ပူစီနံ - နည်းနည်း
    ငရုတ်သီးစိမ်း - နည်းနည်း
    ကြက်သွန်ဖြူ - ၇ မွှာ
    ဂျင်း - နည်းနည်း
    ကြက်သားနှပ်ရန်
    သံပုရာသီး - ၃ စိတ်
    နနွင်းမှုန့် - 1/2 လက်ဖက်ရည်ဇွန်း
    ဆား - 1/2 လက်ဖက်ရည်ဇွန်း
    ငရုတ်သီးမှုန့် - 1/2 စားပွဲတင်ဇွန်း
    အချိုမှုန့် (သို့) ကြက်သားမှုန့် - အနည်းငယ်
    မဆလာ - ၁ လက်ဖက်ရည်ဇွန်း (မဆလာနံ့မွှေးမွှေးလေးကြိုက်ကပိုထည့်ပါ)
    ဆီ - အနည်းငယ်
    တို့လိုအပ်ပါတယ်။
    (Zaw Gyi)
    ဒီပေ့ခ်ျလေးက ပို့စ်တင်ပေမယ့် လူတိုင်းဆီကိုမရောက်တဲ့ အတွက် ယူကျူ့မှာ Subscribe လုပ်တဲ့အခါ ဘေးနားက ခေါင်းလောင်းလေးကိုနှိပ်ထားရင် ပို့စ်အသစ်တင်တိုင်း Notification ကို သိရှိမှာဖြစ်ပါတယ်။
    / @harryminn
    / cookfork1
    / cookfork1
    / cookfor_k1
    ကြက်သွန်နီ - ၃ လုံး
    ခရမ်းချဉ်သီး - ၂ လုံး
    ပူစီနံ - နည်းနည်း
    ကြက်သွန်ဖြူ - ၇ မွှာ
    ဂျင်း - နည်းနည်း
    ကြက်သားနှပ်ရန်
    သံပုရာသီး - ၃ စိတ်
    ဆား - 1/2 လက်ဖက်ရည်ဇွန်း
    ဆီ - အနည်းငယ်
    တို့လိုအပ်ပါတယ်။
  • Jak na to + styl
Komentáře • 91
  • @nangkhamtip8423
    @nangkhamtip8423 Před 3 lety
    စားချင်းစရာခကျေးဇူးပါခ
  • @masaw282
    @masaw282 Před 4 lety +1
    ကျေးဇူးပါ brotherရယ်
    • @Cookfork1
      @Cookfork1  Před 4 lety
      ကျေးဇူးပါခင်ဗျာ 😻
  • @malsawmibochung7593
    @malsawmibochung7593 Před 4 lety +1
    စားချင်စရာကြီးပါ မာစလာ တွေကို သုံးချင်တဲ့အခါ ဒီမှာဝယ်ရင် english လိုခြည်းရေးထားတဲ့အတွက် တမျိုးစီရဲ့နံမည်လေးတွေကို english လိုသိချင်ပါရစေ ကျေးဇူးတင်ပါတယ်
    • @Cookfork1
      @Cookfork1  Před 4 lety
      မဆလာ အချိုးက (black pepper 1 tbsp + cumin 1 tbsp + coriander seed 1 tbsp) ပါ။ အားလုံးကို အမှုန့်ကြိတ်ပြီး ထည့်လို့ရပါတယ်။ ဒါမှမဟုတ် မည်သည့် Garam masala powder ကို ထည့်နိုင်ပါတယ်။
  • @mama-rv4fj
    @mama-rv4fj Před 4 lety +1
    ချက်စားကြည့်မယ်ကျေးဇူး
  • @user-sw4sv4hc5l
    @user-sw4sv4hc5l Před 4 lety +1
    ကြိုက်​တယ်​ဗျာ
  • @thuthu7371
    @thuthu7371 Před 4 lety
    သံသာလေး
    ကျေးဇူးနော်
  • @thinnthinnthinn1766
    @thinnthinnthinn1766 Před 4 lety +1
    Looks delicious !
    Thanks for ur share .
  • @nyonyoshin5119
    @nyonyoshin5119 Před rokem
    ကျေးဇူးပါ
    • @Cookfork1
      @Cookfork1  Před rokem
      ကျေးဇူးတင်ပါတယ်ခင်ဗျာ
  • @mathandar6718
    @mathandar6718 Před 4 lety +4
    ဒီဟင်းလေးတော့ မကြာခဏချက်စားဖြစ်ပါတယ် ကြက်သားနှပ်ရင်တစ်ခါမှသံပုရာသီးမညှစ်မိလို့ ဒီတစ်ခါတော့ နည်းသစ်လေးနဲ့ စမ်းသပ်ပါမယ်
    ကျေးဇူးပါ
  • @nwetyinwin3788
    @nwetyinwin3788 Před 4 lety +5
    I must try this one too! You're very informative & have a straightforward way of explaining things! Thanks & carry on your good work!
  • @jenniferlim5746
    @jenniferlim5746 Před 4 lety
    Look good
  • @pyipyi2947
    @pyipyi2947 Před 2 lety
    ကြိုက်ကြိုက်
  • @thazinoo4178
    @thazinoo4178 Před 2 lety
    ချက်နည်းလေးတွေလွယ်လို့လုပ်စားဖြစ်ပါတယ်ရှင့် ကျေးဇူးပါ
    • @Cookfork1
      @Cookfork1  Před 2 lety
      ကျေးဇူးတင်ပါတယ်ခင်ဗျာ
  • @malsawmibochung7593
    @malsawmibochung7593 Před 4 lety +1
    စိတ်ရှည်စွာနဲ့ ဖြော်ပြပေးတဲ့အတွက် ကျေးဇူးပါ
    • @Cookfork1
      @Cookfork1  Před 4 lety
      ကျေးဇူးပါခင်ဗျ😊
  • @myothumt21
    @myothumt21 Před 3 lety +1
    Very yum 😋 😍
  • @suehwang6837
    @suehwang6837 Před 6 měsíci
    Thank you for sharing par look delicious.🎉🎉🎉
  • @ritajohnson5200
    @ritajohnson5200 Před 4 lety +2
    Thank you, I try.
  • @mgpeter8511
    @mgpeter8511 Před 4 lety +1
    Thanks Bro
  • @yinmin5953
    @yinmin5953 Před 4 lety +1
    Thanks!
  • @konaylin4773
    @konaylin4773 Před 4 lety +3
    ကျေးဇူးပါအစ်ကို။ ကျနော်ကအိန္ဒိယပုံစံအချက်အပြုတ်ကို အရမ်းသဘောကျတာပဲ။ မွှေးနေလို့
    • @Cookfork1
      @Cookfork1  Před 4 lety
      ဟုတ်တယ်...ကျွန်တော်လည်း အရမ်းကြိုက်တာ... အိန္ဒိယ အစားအစာမှန်သမျှ...
  • @khantsal2305
    @khantsal2305 Před 2 lety
    Thank you bro.
  • @raven_fyrirgefa4920
    @raven_fyrirgefa4920 Před 4 lety +1
    Thanks.ako
  • @wsjdsam1678
    @wsjdsam1678 Před 4 lety +1
    See also very nice.
  • @thida7211
    @thida7211 Před 4 lety +1
    Thanks
  • @shwekyaw3636
    @shwekyaw3636 Před 4 lety +1
    Thankyou
  • @khingzarlinmitsuki6990
    👍👍👍👍👍
    • @Cookfork1
      @Cookfork1  Před 3 lety +1
      ❣️❣️❣️ Thank you 😊
  • @maungmaungmyint3279
    @maungmaungmyint3279 Před 2 lety
    Good.
  • @yadanaryadanar2815
    @yadanaryadanar2815 Před 4 lety +1
    Good
  • @dawpaukpauk4304
    @dawpaukpauk4304 Před 2 lety +1
    ကျေးဇူးပါ 😊😊👍
    ❤မဆလာနဲ့ပူစီနံအနံ့မွှေးမွှေးလေးနဲ့
    ဆိုတော့ ထမင်းမြိန်ပြီပေါ့❤
    ဒီဟင်းနည်းလေးမစားဖြစ်သေးဘူး
    ဘေးကင်းကျန်းမာပါစေအဆင်ပြေပါစေ
    • @Cookfork1
      @Cookfork1  Před 2 lety +1
      ဟုတ်။ ငရုတ်သီးစိမ်းပိုပိုသာသာလေးထည့်ရင် ရာသီဥတုအေးအေးလေးနဲ့ ကွက်တိ ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ 🌷🌷🌷
    • @dawpaukpauk4304
      @dawpaukpauk4304 Před 13 dny
      ဒီဗီယိုလေးကြည့်ပြီး ချက်စားပြီး ပါပြီ ကြိုက်တယ် 😍😻😇🤗🐈🎉
      ခနခန စားဖြစ်မယ်ထင်တယ်
      ရိုးရိုးရှင်းရှင်း လွယ်ကူစားကောင်း😋
  • @aung8527
    @aung8527 Před 4 lety +3
    မြန်မာအစားစာကို ချက်ပြုတ်ပြတဲ့ အားလုံးသောအစ်ကိုအစ်များကို အားပေးလျက်ပါ အခူလိုyou tubeပေါ်မှာမြန်မာဟင်းလျာတော်တော်များများကိုတွေ့ရလို့လည်းဝမ်းသာမိပါတယ်
    • @Cookfork1
      @Cookfork1  Před 4 lety
      အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မြန်မာ့အစားစာကိုကမ္ဘာကို သိစေချင်တာပါ😺
  • @arrkyima9219
    @arrkyima9219 Před rokem
    အားပေးလျက်ပါ
    အကို့အမတို့ 🤝🤝🤝
    • @Cookfork1
      @Cookfork1  Před rokem
      ကျေးဇူးတင်ပါတယ်ခင်ဗျာ
  • @johnsteel2535
    @johnsteel2535 Před 2 lety
    😊😊👍👍👍👍
  • @thethtar2228
    @thethtar2228 Před 4 lety +1
    အိန္ဒိယသွေးစပ်ပေမယ့် ဟင်းတွေသိပ်မကြိုက်သော်လည်း တခြားသူအတွက်ချက်နည်းရလို့ ကျေးဇူးပါ။
    • @Cookfork1
      @Cookfork1  Před 4 lety
      ကျေးဇူးတင်ပါတယ်ခင်ဗျာ
  • @ms.florence9681
    @ms.florence9681 Před 3 lety +1
    အသဲမြစ်တွေနှပ်ရင်ကော သံပုရာသီး ထည့်လို့ရလားရှင့်
    • @Cookfork1
      @Cookfork1  Před 3 lety
      ထည့်ရတယ်ဗျ
  • @ThinThinHan85
    @ThinThinHan85 Před 3 lety
    Is masala is Indian masala?
  • @naingaungkyaw9971
    @naingaungkyaw9971 Před 4 lety +2
    ခရမ်းချဉ်သီးကို ‌ကြက်သွန်ထည့်ပြီးမှ ထည့်ရင်ရော အဆင်ပြေလားခင်ဗျ အရမ်းစိတ်၀င်စားတဲ့ ဟင်းလေးပါ
    • @Cookfork1
      @Cookfork1  Před 4 lety +1
      အဆင်ပြေပါတယ်ခင်ဗျ။ ကျွန်တော် မဆလာ အုပ်တာ နည်းသွားတယ် နည်းနည်းများများလေးဆိုပိုမွှေးမယ်ဗျ 😺
    • @naingaungkyaw9971
      @naingaungkyaw9971 Před 4 lety
      @@Cookfork1 ကျေးဇူးပါဗျ ခုတော့ ကန်စွန်းဥမုန့်လက်ကောက်‌ကြော် လုပ်ကြည့်နေပါတယ်
    • @theinaung3380
      @theinaung3380 Před 3 lety
      ကျနော်လဲ အဲ.ဒါလေးသိချင်လို.
      .......ကျေးဇူးပါ..N A K. .
  • @khantsal497
    @khantsal497 Před 3 lety +1
    သိပ်တော်တဲ့ကလေး
    • @Cookfork1
      @Cookfork1  Před 3 lety
      ကျေးဇူးပါခင်ဗျာ
  • @myintoo9137
    @myintoo9137 Před rokem
    ကြက်သာမှိုချက်
  • @heinpyaetun834
    @heinpyaetun834 Před 2 lety
    ချက်စားကြည့်မယ် ငရုတ်ပွကြက်သားချက်ပြပါဦးဗျာplease
    • @Cookfork1
      @Cookfork1  Před 2 lety
      နောက်တပတ် Wednesdayဆိုတင်ဖြစ်မယ်ထင်တယ်ဗျ
    • @heinpyaetun834
      @heinpyaetun834 Před 2 lety
      @@Cookfork1 ကျေးဇူးပါဗျ
  • @isksksusjjsjshzh4799
    @isksksusjjsjshzh4799 Před 4 lety +1
    သူဇာ
    ကေးဇူးများများကြီးကြီးတင်ပါသည်ရှင့်အားပေးလျက်
    • @Cookfork1
      @Cookfork1  Před 4 lety
      ကျေးဇူးတင်ပါသည်ခင်ဗျ❤️
  • @utun4215
    @utun4215 Před 2 lety
    qhyh
  • @sawmyatnwe9276
    @sawmyatnwe9276 Před 7 měsíci
    ဟင်းချက်ခါနီး စာရွက်နဲ့​ဘောပင်ကိုင်ပြီး သားဘယ်လိုချက်လဲ အ​သေးစိတ်စာ​ရေးမှတ် ..မီးဖို​ချောင်ဝင် .. အဆင်​ပြေ​နေတာပဲ သား​ရေ..
    • @Cookfork1
      @Cookfork1  Před 7 měsíci +1
      အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ🙏
  • @juztin_june_young_________
    ကြက်သားခပတ် တဲ့ 👁️ မျက်လုံးပြူးဝါးဒယ် (ခ/စ) မှားလို့🌝
    • @Cookfork1
      @Cookfork1  Před 3 lety
      😳😳😳 ခပတ် ပါ 😭😭😭
  • @babyaye6655
    @babyaye6655 Před 3 lety +1
    Thanks
  • @babyaye6655
    @babyaye6655 Před 3 lety +1
    Thanks