နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ၊ဘုရားသခင်သည် ငါတို့ခိုလှုံရာ၊ ငါတို့အင်အား၊ ဘေးရောက်သည့်ကာလ အထူးကူညီမစသည်။၃

Sdílet
Vložit
  • čas přidán 12. 09. 2024
  • နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ
    “ဘုရားသခင်သည် ငါတို့ကိုအထူးကူညီမစသည်”
    “God helps us in a special way”
    အဓိကအချက် - “ဘုရားသခင်သည် ငါတို့ခိုလှုံရာ၊ ငါတို့အင်အား၊ ဘေးရောက်သည့်ကာလ အထူးကူညီမစသည်။”အပိုင်း(၃)
    ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း ၁၂၁း၁-၈
    “ထိုသို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှာ တတ်နိုင်တော်မူ၏။” (ဟေဗြဲ၊ ၂း၁၈)
    ကျွန်ုပ်တို့သည် ငှက်ကလေးများကဲ့သို့ သဘာဝအားဖြင့် ကြောက်လန့်တတ်ကြသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ကျိုးနေသောကျူပင်များကဲ့သို့ သဘာဝအားဖြင့် အားနည်းသော်လည်း ဘုရားသခင် သည် ကျွန်ုပ်တို့၏ ခွန်အား ဖြစ်တော် မူ၏ဟုခံယူသောအခါ ဘဝမှာ မည်သို့ပင်အခက်အခဲရှိရှိ ဘုရားသခင်ကို အကြွင်းမဲ့ အားကိုးခိုလှုံလာပြီး၊ ဘုရားသခင်ထံမှ ကူညီဖေးမမှုကို အချိန်တိုင်းရယူခံစားရမည်ဖြစ်သည်။
    ဒုက္ခရောက်ချိန်မှာ.....
    ဒုက္ခသည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ခိုလှုံရာသို့ တွန်းပို့သောအခါ၊ ၎င်းသည် ၎င်း၏တာဝန်ကို ပြီးမြောက်စေသည်။ ထိုအခါကျိန်စာများ သည် ကောင်းကြီးမင်္ဂလာ ဖြစ်လာ၍၊ ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအသီးအပွင့်ကိုပွင့်စေသည်။ သာယာသောရာသီဥတုတွင် သင်္ဘောများသည် ခိုလှုံရာဆိပ်ကမ်းကို အမှတ်တမဲ့ ဖြတ်သွားကြသည်။ မုန်တိုင်းထဲမှာတော့ အထူးကူညီမစခြင်းကို မျက်မှောက်ပြုရကြတယ်။ သာယာသောလေနုအေးနှင့် ချောမွေ့သောပင်လယ်ဖြင့် ပဲ့စင်တွင် ရပ်တည်ရန် လွယ်ကူသည်။ ငြိမ်းချမ်းရေးကာလတွင် ကင်းသမားရပ်ရန် လွယ်ကူသည်။ ပွင့်လန်းသော မျက်နှာများဖြင့် တောက်ပသော အိမ်တွင် ခင်းထားသော စားပွဲနှင့် ဘုရားသခင်ကို ယုံကြည်ရန် လွယ်ကူသည်။ မုန်တိုင်းထဲမှာသို့၊ စစ်ပွဲ၌ ကျည်ဆန်သည် မှောင်မိုက်သောညကို ဖြတ်သန်း၍ ပေါက်ကွဲသံသည် အရိုးအထိ အေးခဲသွားသောအခါ၊ ဒါမှမဟုတ် သေလုမြောပါးကလေး ဖျားနာနေတဲ့ အိပ်ရာဘေးမှာ-စသဖြင့်ရှိနေသောအခါ ဘုရားကိုချီးမွမ်းဖို့ အဲလောက်မလွယ်ဘူး။
    ယုံကြည်ခြင်းကို စိန်ခေါ်ခြင်းမခံရချိန်အထိ ယုံကြည်ရတာလွယ်တယ်။ စိတ်ပျက်စရာတွေကြားမှာ ချီးမွမ်းရတာ တစ်ကယ်မလွယ်ပါ။
    သို့သော် ဒုက္ခရောက်သည့်အခါ ဘုရားသခင်ကို ကိုးစားသော သူတို့သည် “ဘုရားသခင်ထံမှ မစခြင်း” ကိုအထူးရရှိသည်။
    ဘဝရာသီတိုင်းတွင် ဘုရားသခင်ကိုရှာပါ။
    နှုတ်ကပတ်တော်သည် သင့်နှလုံးကို အချိန်တိုင်းစောင့်ရှောက်ကွယ်ကာပါစေ။ ဒုက္ခရောက်ချိန်၌- သင့်ကို လမ်းပြပေး လိမ့်မည်။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သင့်အား နှစ်သိမ့်စေပြီး ဖိနှိပ်ခံရသောအချိန်များတွင် သင့်ကို စောင့်ရှောက် ကွယ်ကာလမ်းပြပါလိမ့်မယ်။ ကိုယ်တော်၏ငြိမ်သက်ခြင်းသည် ချိုင့်ဝှမ်းတစ်လျှောက် သင်နှင့်အတူ လိုက်ပါသွားလိမ့်မည်။ ကိုယ်တော်၏ငြိမ်သက်ခြင်းသည် သင့်ကိုနှစ်သိမ့်စေပြီး အသက်တာရဲ့လှိုင်းတံပိုးများမှ သင့်ကိုကာကွယ်ပေးလိမ့်မည်။ မုန်တိုင်းကို အာရုံမစိုက်ဖို့ ရွေးချယ်ပါ - ဘုရားသခင်ကို အာရုံစိုက်ပါ။
    ဆင်ခြင်ရန် - ဒုက္ခရောက်ခြင်းချိန်သည် ဘုရားသခင်၏မစမှုကို အခံထိုက်ဆုံးအချိန်ဖြစ်သည်။
    ဆုတောင်းရန် - ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်တော်မူပြီး။ အစွမ်းသတ္တိလည်းဖြစ်တော်မူသော ဘုရားသခင်၊ ကိုယ်တော်သိတဲ့ အတိုင်း ကျွန်ုပ်တို့သည် ဒုက္ခအခက်အခဲ၊ အကျပ်အတည်း၊ ဘေးအန္တရယ်များ အထပ်ထပ် ဝိုင်းရံခံထားရပါတယ်။ ကိုယ်တော်ရဲ့ မစခြင်း၊ လမ်းပြခြင်း၊ စောင့်‌ရှောက်ကွယ်ကာခြင်းကို အထူးလို‌အပ်ကြောင်း အထူးဝန်ခံပြီး တောင်းလျှောက် ပါတယ်။ ကိုယ်တော် အထူးမစကူမတော်မူပါ။ အာမင်

Komentáře •