Video není dostupné.
Omlouváme se.

မြန်မာပြည်က သူဌေးတော်တော်များများ ဒီနည်းလမ်းနဲ့ ချမ်းသာနေကြပါတယ် Speculative Attack in Myanmar

Sdílet
Vložit
  • čas přidán 29. 11. 2022
  • အားလုံးပဲမင်္ဂလာပါ။ ဒီလ ရဲ့ စီးပွားရေးကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတခါ ခေါင်းစဥ်လေးကိုတော့ ငွေလဲနှုန်းနဲ့ ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံကို ဒုက္ခရောက်သွားအောင် တိုက်ခိုက်ကြတဲ့ Speculative Attack လို့ခေါ်တဲ့ ငွေကြေးတိုက်ခိုက်ခြင်းနည်းလမ်း တစ်ခုကို မိတ်ဆွေတို့ ဗဟုသုတ တိုးအောင်၊ နောက်ပြီး မိမိနိုင်ငံအတွက်လည်း မိတ်ဆွေတို့ကိုယ်တိုင် ဗဟုသုတရှိသူတစ်ဦးအနေနဲ့ ကာကွယ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
    ငွေလဲနှုန်း တွေအကြောင်းကို ကျွန်တော်တင်ထားတာ ဗီဒီယို နှစ်ခု လောက်ရှိပါပြီ။ ပထမတစ်ခုက အသံကွာလတီမကောင်းတာ နဲ့ ဒုတိယ တစ်ခုက နောက်ခံတီးလုံးသံကျယ်နေတာကြောင့် နောက်ခံအသံတွေ မထည့်ပေးဖို့တောင်းဆိုတဲ့ feedback လေးတွေလည်း ကြားမိပါတယ်။ အဲ့တော့ ဒီကနေ့ currency attack ဗီဒီယိုထဲမှာ ငွေလဲနှုန်းနဲ့ ပတ်သက်ပြီး အကြမ်းဖျင်းလေးတွေ ထပ်မံရှင်းပြချင်ပါတယ်။
    ထုံးစံအတိုင်း ဥပမာလေးနဲ့ စလိုက်ရအောင်။ နိုင်ငံနှစ်ခုရှိတယ်ဆိုပါစို့။
    A နိုင်ငံ နဲ့ B နိုင်ငံ
    A နိုင်ငံက ပြည်သူတွေက ဒေါ်လာငွေကို အသုံးပြုပြီး B နိုင်ငံကပြည်သူတွေက ကျပ်ငွေတွေကို အသုံးပြုတယ် လို့ ယူဆကြပါစို့ဗျာ။
    A နိုင်ငံက ဒေါ်လာပိုင်ဆိုင်တဲ့ လူတွေက B နိုင်ငံက ကျပ်ငွေတွေကို ဝယ်ဖို့ ရှိနေပါတယ်။ ဥပမာ ခရီးအလည်လာတာတို့ ဘီနိုင်ငံမှာ စီးပွားရေးလာလုပ်တာတို့၊ ဘီနိုင်ငံက ဆန်တွေကို ဝယ်ယူချင်လို့ တို့ စတဲ့ A ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ တစ်နည်းအားဖြင့် သူတို့ရဲ့ needs and wants တွေကြောင့် ကျပ်ငွေဝယ်ချင်တာမျိုး ဖြစ်ပါတယ်။ ထိုနည်းတူ B နိုင်ငံက ကျပ်ငွေပိုင်ဆိုင်သူတွေကလည်း A နိုင်ငံက ဒေါ်လာကို ဝယ်ဖို့ ရှိနေကြပြန်ပါတယ်။ ဘာလို့ဆို A နိုင်ငံက ထုတ်တဲ့ ကားဝယ်စီးချင်တာတို့၊ အဝတ်အစား branded တွေဝယ်ချင်တာတို့၊ ကွန်ပျူတာ အကောင်းစားတွေ မှာချင်တာတို့ စတဲ့ သူတို့ရဲ့ needs and wants တွေကြောင့် ဒေါ်လာကို ဝယ်ချင်နေကြတာဖြစ်ပါတယ်။
    ဒါဆို trade လုပ်မယ့် နှစ်ဖွဲ့ပေါ်လာပြီဖြစ်ပါတယ်။ A နဲ့ B ပေါ့။ A မှာ ရောင်းစရာ ဒေါ်လာရှိပြီး B မှာ ရောင်းစရာ ကျပ်ငွေရှိမှာဖြစ်ပါတယ်။ မိတ်ဆွေတို့ မမေ့ရမှာက A နဲ့ B ဆိုတာ နိုင်ငံတွေ အနေနဲ့ကိုယ်စားပြုထားတဲ့ နှစ်ဖွဲ့ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချက်လောက် လက်ရှိအခြေအနေလေးနဲ့ စဥ်းစားကြည့်ရအောင်။ A မှာ ရောင်းဖို့ရှိတဲ့ ဒေါ်လာ ယူနစ်ပမာဏ နဲ့ B မှာ ရောင်းဖို့ရှိတဲ့ ကျပ်ငွေယူနစ်ပမာဏ ဘယ်ဟာက ပိုများမယ်ထင်ပါသလဲ? A ပြည်သူတွေရဲ့ B နိုင်ငံအပေါ် needs and wants နဲ့ B ပြည်သူတွေရဲ့ A နိုင်ငံအပေါ် needs and wants နှစ်ခုကို ယှဥ်တဲ့ သဘောမျိုးနဲ့ ဆင်တူပါတယ်။
    B ရဲ့ A အပေါ်မှီခိုမှု needs and wants တွေက ပိုများနေတယ် ဆိုတာ အားလုံးသဘောပေါက်ကြမယ်ထင်ပါတယ်။
    B က ရောင်းစရာ သိန်း ၂၀၀၀ ကျပ် ရှိပြီး A က ရောင်းစရာ ဒေါ်လာ ၁ သိန်း ရှိတယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် လဲလှယ်ကြတဲ့ အခါ
    ၂၀၀၀ ကျပ် = ၁ ဒေါ်လာ ဖြစ်သွားပါလိမ့်မယ်။
    ဒီငွေလဲနှုန်းက ကုန်သွယ်မှုအပေါ်မှာ သွားပြီး သက်ရောက်မှုက ရှိနေပြန်ပါတယ်။ ဥပမာ ဒီငွေလဲနှုန်းအတိုင်းဆိုရင် B နိုင်ငံမှာ ၂၀၀၀ တန်တဲ့ ပစ္စည်းက A နိုင်ငံသားတို့အတွက် ၁ ဒေါ်လာသာ ကျသင့်မှာဖြစ်ပါတယ်။ အကယ်၍
    A နိုင်ငံဘက် needs and wants တွေတက်လာပြီး ကျပ်ငွေကိုပိုလိုအပ်လာတဲ့အခါ ဝယ်လိုအားတက်လာတာဖြစ်ဖြစ်၊
    သို့မဟုတ် B နိုင်ငံရဲ့ needs and wants တွေ နည်းလာပြီး ဒေါ်လာဝယ်လိုအားနည်းလာတာဖြစ်ဖြစ်၊
    အဲ့ဒီ နှစ်ချက်ထဲက တစ်ခုခုကြောင့် ၁ ဒေါ်လာ ၁၀၀၀ ကျပ်ဖြစ်သွားရင် ၂၀၀၀ တန်တဲ့ ပစ္စည်းဟာ A နိုင်ငံသားတို့အဖို့ ၂ ဒေါ်လာဆိုပြီး စျေးတက်သွားမှာဖြစ်ပါတယ်။​
    ဒါကြောင့် နိုင်ငံတွေမှာ သူတို့ ငွေကြေး တန်ဖိုးအရမ်းတက်လာတာမျိုးကိုလည်း မကြိုက်ပါဘူး။ ဥပမာ B နိုင်ငံအနေနဲ့ ၁ ဒေါ်လာ ၂၀၀၀ ကျပ် ထားရင် ပစ္စည်းတွေရောင်းကောင်းတာကြောင့် ၁ ဒေါ်လာ ၁၀၀၀ ကျပ်ဖြစ်သွားရင် မိမိနိုင်ငံရဲ့ပစ္စည်းတွေ စျေးတက်သလိုဖြစ်ပြီး အရောင်းပါးသွားမှာ ကြောက်တာကြောင့် အဖြစ်မခံပါဘူး။ ဥပမာဗျာ ၂၀၀၀ကျပ်တန်တဲ့ ပစ္စည်းက ၁ ဒေါ်လာနဲ့ အရင်က ရောင်းလို့ရပေမဲ့ ကျပ်ငွေတန်ဖိုးတက်လာတဲ့ အခါ ၂၀၀၀ ကျပ်တန်တဲ့ပစ္စည်းက ၂ ဒေါ်လာဆိုပြီးစျေးတက်သွားတာမျိုးကြောင့်ပါ။​
    ဒီအခါ မှာ နိုင်ငံတွေအနေနဲ့ သူတို့ပစ္စည်းစျေးမတက်အောင် ချိန်ခွင်လျှာညှိရပါတယ်။ ဘယ်လိုညှိသလဲဆိုရင် ၁ ဒေါ်လာ၂၀၀၀ မှာ ပစ္စည်းတွေအတော်အသင့် ရောင်းနေရတဲ့အတွက် ကျပ်ငွေ ဝယ်လိုအားများလာတဲ့အခါ ၁ ဒေါ်လာ ၁၀၀၀ မဖြစ်သွားအောင် ကျပ်ငွေရောင်းလိုအားကို ဖြည့်တင်းပေးဖို့ ကျပ်ငွေ ပမာဏ တိုးလာအောင် ၊ ကျပ်ငွေတွေကို စက်နဲ့ ရိုက်ထုတ်ပြီး ဖြည့်တင်းပေးပါတယ်။
    ဥပမာ ပေးရရင်ဗျာ အရင်က B ဘက်က ကျပ်ငွေ သိန်း ၂၀၀၀ နဲ့ A ဘက်က လဲစရာ ဒေါ်လာ ၁ သိန်း ရှိရာကနေ A ပြည်သူတွေ ရဲ့ B နိုင်ငံပစ္စည်းတွေ အပေါ် needs and wants တွေများလာမှုကြောင့် ကျပ်ငွေ သိန်း ၂၀၀၀ နဲ့ လဲဖို့ A မှာ ဒေါ်လာ ၂ သိန်း ရှိလာခဲ့ပြီဆိုရင် (၁ ဒေါ်လာ ၂၀၀၀ ကျပ်) နှုန်းအတိုင်းဆက်လက် ထားရှိချင်ပါက ကျပ်ငွေ သိန်း ၄၀၀၀ ရှိပေးဖို့ လိုအပ်ပါလိမ့်မယ်။ ရောင်းဖို့ ကျပ်ငွေ သိန်း ၂၀၀၀ ပဲရှိတာကြောင့် နောက်ထပ် သိန်း ၂၀၀၀ ရိုက်ထုတ်ပြီး ရောင်းလိုအားကို ဖြည့်တင်းလိုက်ပါတယ်။ အပိုရလာတဲ့ ဒေါ်လာတွေကို B က သူ့နိုင်ငံရဲ့ အရံငွေ ဆိုတဲ့ ခေါင်းစဥ်အောက်မှာ သိမ်းထားလိုက်ပါတယ်။​
    ဒါက B အနေနဲ့ သူ့ရဲ့ငွေကြေးဖြစ်တဲ့ ကျပ်ငွေ တန်ဖိုးတက်လာတဲ့အခါမှာ ဒေါ်လာတွေအရံငွေအဖြစ်စုဆောင်းမိလာတာကို ဖော်ပြတာဖြစ်ပါတယ်။​
    ဒုတိယဖြစ်ရပ်
    ကျွန်တော်တို့ ပြောင်းပြန် အနေနဲ့ စဥ်းစားကြည့်ရအောင် အကယ်၍ B အနေနဲ့ သူ့ရဲ့ငွေကြေးဖြစ်တဲ့ ကျပ်ငွေ တန်ဖိုးကျသွားမယ်ဆိုရင်ရော ဘယ်လိုလုပ်ပေးမလဲ? ကျပ်ငွေ တန်ဖိုးကျတယ်ဆိုတာ ကျပ်ငွေကို ဝယ်လိုအားကျတယ်ဆိုတဲ့ သဘောကိုဆောင်ပါတယ်။ ဥပမာ ၁ ဒေါ်လာကို ၄၀၀၀ ကျပ် ဖြစ်သွားတာမျိုးပေါ့။ ဒီအခြေအနေကို ရောက်ရှိသွားပြီဆိုပါစို့၊ ဒါဆို B ရဲ့ နိုင်ငံ ထဲမှာ ဒေါ်လာနဲ့ ဝယ်ရတဲ့ ပစ္စည်းတွေ စျေးတက်လာမယ်၊ A နိုင်ငံမှာတော့ B ရဲ့ပစ္စည်းတွေ ရှိခဲ့ရင် စျေးကျသွားလို့ ရောင်းအားတက်ကောင်းတက်လာနိုင်ပါတယ်။ သို့သော် B အနေနဲ့ မိမိရဲ့ နိုင်ငံအတွင်းမှာ မရှိမဖြစ် ဝယ်ရမယ့် အရာတွေစျေးတက်တာကိုတော့ခွင့်ပြုမှာမဟုတ်ပါဘူး။
    K.Y.Lynn

Komentáře • 28