ဆုတောင်းပြည့်တဲ့ ခမဲပြင်ဘိုးဘိုးနတ်နန်းဆီသို့

Sdílet
Vložit
  • čas přidán 9. 06. 2024
  • Eattingvlog
    မိသားစုနဲ့အတူ နေ့ချင်းပြန်ခရီးလေးတစ်ခုကို သွားဖြစ်ပြန်ပါတယ်။ သန်လျင်တံတားအသစ်ကြီးကို ဖြတ်ပြီး သန်လျင်ကနေ ခရမ်း သုံးခွလမ်းအတိုင်းသွားခဲ့ပါတယ်။ သုံးခွက ဥက္ကံသွန်းဘုရားကြီးကိုဝင်ဖူးခဲ့ပါသေးတယ်။ အဲ့ကနေ ခရမ်းဘက် နောင် သက္ကလမြို့ကို ဖြတ်ပါတယ်။ လမ်းတစ်လျှောက် မြင်ကွင်းတွေကို ကိုယ်တိုင်သွားရောက်ရသလိုမျိုးဖြစ်အောင် အတတ်နိုင်ဆုံး ရိုက်ကူးပေးထားပါတယ်ယ
    အဲ့နောက် ခမဲပြင်ရွာနားက ဆုတောင်းကြည့်တယ်လို့ နာမည်ကြီးတဲ့ ခမဲပြင်ဘိုးဘိုးကြီးနတ်နန်းကို ဝင်ဖူးပြီး ဆုတောင်းခဲ့ပါတယ်။ ဘိုးဘိုးကြီး နတ်နန်းကအပြန်မှာတော့ ကဝ အုန်းနှဲလမ်းမပေါ်မှာရှိတဲ့ လမ်းကနေနောက် မိနစ်၂၀ ထပ်မောင်းရင် ရောက်တဲ့ မွန်ရှေးဟောင်းဘုရားကြီး မိုးဂနိန်းစေတီကို ဝင်ဖူးခဲ့ပါသေးတယ်။
    ဒီတစ်ပတ်Vlog မှာတော့ အစားအသောက်တွေရော၊ မြို့ရှုခင်းတွေ၊ ဘုရားတွေ ဘိုးဘိုးနတ်နန်းတွေကို အများကြီးရိုက်ကူးဖော်ပြပေးထားပါတယ်နော်....
    Inside Myanmar by YMK
    #myanmar
    #travel
    #travelvlogger
    #

Komentáře • 20

  • @PhoetharLay-ly5xh
    @PhoetharLay-ly5xh Před měsícem +5

    ကျေးဇူးအများကြီးတင်ပါတယ် မရောက်ဘူးတဲ့နေရာကဘုရားတွေဖူးရလို့ပါ စိတ်သွားတိုင်းကိုယ်ပါလိုအင်ဆန္ဒများပြည့်ပါစေ

  • @nwesan9768
    @nwesan9768 Před 11 dny

    ကျေးဇူးအထူးတင်ပါတယ်ညီမ ရေ။ နိုင်ငံခြားမှာ နှစ်ရှည်နေလာခဲ့ရတော့ကိုယ့်နေရာဒေသလေးတွေကိုအရမ်းလွမ်းပြီးငိုမိပါတယ်။ စုံနေအောင်ရိုက်ပြထားတာအရမ်းကျေးဇူးတင်တယ်နော်။ အားပေးနေပါတယ်။ ဘေးကင်းပါစေ။ ထာဝရရွင်လန်းချမ်းမြေ့ပါစေ။ ❤🎉❤

  • @htoonhtoon3206
    @htoonhtoon3206 Před 27 dny +2

    မရောက်တာ အနှစ် ၃၀ ရှီပြီ ကျေးဇူးပါညီမရေ

  • @user-fr2lc9td8z
    @user-fr2lc9td8z Před 28 dny +3

    ရွာကိုတောင်ပြန်လာချင်ပီခမဲပင်ဘိုးဘိုးကြီးကပျော်စရာအကောင်းဆုံးနဲ့စီကားဆုံးကဝါခေါင်လပြည့်ပါဘဲ

  • @dr.deepak1035
    @dr.deepak1035 Před 28 dny +2

    အမြဲအားပေး သည် ကျမ်းမာ ရေးမကောင်း လို့ ဒီ က နေ ဘဲ ဖူး ရတယ်

  • @shweyeewin8677
    @shweyeewin8677 Před 26 dny

  • @usaw2202
    @usaw2202 Před 23 dny

    အလွန်သွားခြင်တဲ့နေရာပါခုလိုတင်ပေးတာအလွန်ကျေးဇူးတင်ပါတယ်ခင်ဗျာ

  • @dantewindermere43
    @dantewindermere43 Před 27 dny

    မြန်မာပြည်က အလွမ်းဆုံးအရာကတော့ မြန်မာအစားအစာဘဲ။ ခုနေဆီချက်ခေါက်ဆွဲတစ်ပွဲ ကျပ်တစ်သိန်းတောင်းတောင်း နှစ်သိန်းတောင်းတောင်း ဈေးမစစ်ဘူး စားမယ်၊ သုံးပွဲအနည်းဆုံး။ လ္ဘက်ရည် ငါးခွက် တစ်ထိုင်တည်း။

  • @ZawBhoneHtet-rr6gw
    @ZawBhoneHtet-rr6gw Před 29 dny

    နီးတယ် ကဝမှာနေတာ

  • @lapyaesoe4427
    @lapyaesoe4427 Před 29 dny +1

    နောက်တစ်ခုက အမ သွားတဲ့လမ်းကြောင်းလေးတွေကို ကျွန်တော်တို့ သွားလို့ရအောင် ဘယ်ကားအမျိုးအစားနဲ့အဆင်ပြေလဲ ဆိုတာသိရအောင် အင်းတကော်လမ်းကိုလဲ ရိုက်ပြပေးသင့်ပါတယ်.... အမကတော့ ပါဂျရိုနဲ့ဆိုတော့ လမ်းမရွေးဘူးလေ.... ဥပမာ လမ်းလေးတွေ ကျဉ်းလား ကျယ်လား. လမ်းကြမ်းလား ဘာညာပေါ့ဗျာ.....ထည့်ပြော ပေးပါခင်ဗျာ....

    • @insidemyanmarbyymk
      @insidemyanmarbyymk  Před 29 dny

      သုံးခွ ခရမ်းလမ်းက အစစ်အဆေးရှိပြီး လမ်းမကောင်းတဲ့နေရာတွေရှိပါတယ်
      သွားမယ်ဆိုရင် အင်းကကော် ထုံးကြီး ကဂဘက်ကသွားရင် ပိုကောင်းပါတယ်

    • @kyawwinmg3547
      @kyawwinmg3547 Před 28 dny

      အင်းဒကော်ကနေသွားနိီးလေး

    • @user-tv2ei2oh1l
      @user-tv2ei2oh1l Před 26 dny

      Sardu Sardu Sardu

  • @lapyaesoe4427
    @lapyaesoe4427 Před 29 dny

    အမရေ အမရဲ့ ခရီးသွားလေးတွေက စိတ်ဝင်စားစရာကောင်းပါတယ်...ဒါပေမဲ့ အမ စကားပြောသံက တိုက်ရိုက်ပြောတဲ့အခါ အဆင်မပြေဘူး...သိပ်မကြားရဘူး....edit ပြီး နောက်ခံအသံကတော့့ကောင်းပါတယ်.... တိုက်ရိုက်ပြောတဲ့အခါ အသံကောင်းဖို့ ရင်ထိုး mic လေးတွေ သုံးသင့်ပါတယ်... အကြံပေးတာပါ....

  • @sainount4494
    @sainount4494 Před 24 dny

    ကျေးဇူးပါမရောက်တာဆယ်နှစ်ကျော်ခဲ့ပြီမိသားစုတွေလာခဲ့ကြတာလေတကယ်လဲအောင်မြင်ခဲ့ဘူးတယ်❤❤❤

  • @user-lt7lt8mp9s
    @user-lt7lt8mp9s Před 25 dny

    တံတားတွေကပိုက်ဆံနဲ့ဆောက်ထားတာအခွံခပေးရမှာပါအမြဲအလကားရမှာမတွေးထားကြနဲ့

  • @aungaung4612
    @aungaung4612 Před 26 dny

    မရောက်ဖူးသေးတဲ့ဘုရားတွေဖူးရလို့ကျေးဇူးတင်ပါတယ်ခရီးစဥ်အားလုံးကိုအမြဲတမ်းဘန်ကောက်ကနေကြည့်ရှုအားပေးနေပါတယ်

  • @usaw2202
    @usaw2202 Před 23 dny

    အုန်းနှဲကျေးရွာမှာတချိန်ကလက်ရာအလွန်ကောင်းတဲ့ကုသိနာရုံရှိတယ်လက်စနဲ့၀င်ခဲ့ဖို့ကောင်းတယ်ကျေးဇူးတင်ပါတယ်

    • @insidemyanmarbyymk
      @insidemyanmarbyymk  Před 23 dny

      ဟုတ်ကဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်က ရုပ်တုတွေရှိလို့ ရိုက်ကူးပြသတဲ့ Vlog လေးရှိပါတယ် ဟိုးအရှေ့နားလောက်မှာ ရှာကြည့်လို့ရပါတယ်ရှင့်