ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ဆီ [အပိုင်း - ၁] | Up To the Top of Phong Kan Razi Glacier [Episode - 1]
Vložit
- čas přidán 11. 05. 2022
- အမြင့်ပေ ၁၁၉၀၀ ကျော်ရှိတဲ့ ဖုန်ကန်ရာဇီ ရေခဲတောင် ဟာ ကချင်ပြည်နယ် မြောက်ပိုင်း မချမ်းဘော၊ ပူတာအို နဲ့ နောင်မွန်းမြို့နယ်တွေအတွင်းမှာ တည်ရှိပါတယ်။ ဒါကြောင့် ဒီတောင်ရှိရာဆီ တောလမ်းလျှောက်ရင်း တောင်တက်ခရီးသွားချင်သူတွေဟာ လေဆိပ်ရှိရာ ပူတာအိုမြို့ကနေတဆင့် သွားလာကြရပါတယ်။ ရာဇီ ဆိုတာက တောင် လို့ အဓိပ္ပါယ်ရှိပြီး ဖြစ်တဲ့အတွက် ဖုန်ကန်တောင် လို့ ဒေသတွင်းမှာတော့ ပြောဆိုကြပါတယ်။ ရေခဲတောင်ဆိုပေမဲ့ နွေအလွန်ကာလနဲ့ မိုးကာလတွေမှာတော့ အခုအခါ ရေခဲမရှိတဲ့အခြေအနေမျိုးဖြစ်ပြီး ရေခဲနှင်းတွေမြင်တွေ့ဖို့ တောင်ပေါ်အတက်သင့်ဆုံးအချိန်ဟာ နိုဝင်ဘာလ ကနေ ဧပြီလ အတွင်းပဲ ဖြစ်ပါတယ်။ မိုးရွာတဲ့အချိန်တွေ ရှောင်ပြီးတက်သင့်ပါတယ်။ ဖုန်ကန် အပါအဝင် ဒီဒေသတစ်ဝိုက်မှာ တောင်တက်ခရီးသွားသူတွေ သဘောတကျ တက်ကြတဲ့ ရေခဲတောင်များစွာ ရှိပါတယ်။ ဖုန်ကန်ကတော့ အလွယ်ကူဆုံးလို့ ဆိုရလောက်အောင် တက်ရတဲ့လမ်း ကြမ်းတမ်းမှုအနည်းဆုံး နဲ့ အန္တရာယ်ကြုံနိုင်ချေအနည်းဆုံး ပါ။ သို့သော်လည်း အခြေအနေတိုင်းဟာ ကိုယ့်ရဲ့ သတိ နဲ့ အသိပေါ် မူတည်နေတာမို့ လမ်းပြတွေနဲ့ စနစ်တကျ သွားလာတာမျိုး မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။
.
ဖုန်ကန်ရေခဲတောင် တက်ဖို့ စိတ်ဝင်စားသူတွေ၊ တောင်တက်ခရီးအကြောင်း လေ့လာလိုသူတွေအတွက် ကျွန်တော်ကိုယ်တိုင် ဖုန်ကန်တောင်တက်ရင်း ကြုံခဲ့သမျှကို အရှိအတိုင်း ရိုက်ကူးထားတဲ့ ဖုန်ကန်ခရီးစဉ်ကို တင်ဆက်လိုက်ပါတယ်။ တောင်တက်ခရီးစဉ်ဟာ ရက်ရှည်တဲ့အတွက် တစ်ပိုင်းတည်း တင်ဆက်ဖို့ ခက်ခဲတာမို့ Series အနေ အပိုင်းလိုက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ခရီးစဉ်အတွက် လိုအပ်တာတွေကို ဒီဗီဒီယိုတွေကြည့်ရင်း ခန့်မှန်းတွက်ဆနိုင်မယ်လို့ ယုံကြည်ပါတယ်။
.
အခု အပိုင်း (၁) မှာတော့ ပူတာအိုမြို့ကို ရောက်ရှိခြင်းကနေ ရေခဲတောင်တက်ဖို့ တောင်ခြေရွာ ဇီယာဒမ်း ကို သွားတဲ့အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်ခင်ဗျာ။
.
အားလုံးပဲ အမြဲ ဘေးကင်း ကျန်းမာ ရွှင်လန်းကြပါစေ...
သီဟလုလင် (Thiha, the Traveller)
ကျေးဇူးအများကြီးတင်တယ်ကိုယ်ရောက်သွားသလိုပါပဲ အရေးကြီးတဲ့တစ်ခုတောင်းဆိုချင်တာကလေ ပြင်လို့ရယင်ပေါ့ ဗီဒီယိုအစပိုင်းမှာကတည်းက သွားမှာကဖုန်ကန်ရာဇီပါ အမြင့်ပေဘယ်လောက်ရှိပါတယ် ရွာဘယ်နှစ်ရွာဖြတ်ရပါတယ်ဆိုတာမျိုး ဗဟုသုတလေးပြောပြပေးစေချင်ပါတယ် ကျေးဇူးပါ
အရမ်းကိုသာယာလိုက်တာ ကျွန်တော် မြန်မာနိင်ငံကိုအရမ်းချစ်တယ် ကျွန်တော် တို့နိင်ငံ သူများ နိင်ငံ လိုတိုးတက်ရင် အရမ်းကိုလှမှာပါ
အရမ်းသွားချင်တဲ့ နေရာတခု ❤
အရွယ်လေးရှိတုန်းရောက်ဖူးချင်တယ် စိတ်ဝင်စားတယ်❤
အားပေးပါတယ်
အနည်းဆုံးတော့ ဖုန်ကန်လေးတော့ တက်ကြည့်စေချင်ပါတယ် ☺️
အခုလိုမရောင်နိုင်တဲ ဝေးလန်ခေါင်ဖြားတဲ့နေရာဒေသတွေကိုရိုက်ကူးပြသတဲ့ သားတို့သမီးတိုကို ကျေးဇူအထူးတင်ပါတယ် ဒေသခံတိုင်းရင်းသားလူမျိုးစုတွေလဲ အမြန်ဆုံးတိုးတတ်ပါစေ စိတ်ရှည်ပြီးစိတ်ကောင်းတဲ့ လမ်းပြတွေကိုလဲကျေးဇူးတင်ပါတယ် ဘုရာသခင်ကောင်းချီပေးပါစေ
ထပ်တူခံစားကြည့်ရှုပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ 💕
လိမ္မော်ရောင်နဲ့ကောင်မလေးကိုဆက်သွယ်လို့ရမဲ့ဖုန်းဖြစ်ဖြစ်accဖြစ်ဖြစ်ပို့ပေးပါ
One day 😎
So it be. ☺️
Thank you so much your video,Airport လေဆိပ်ရှိလျင် ခရီးသွားလါရေးအဆင်ပြေမည်။😅
When I saw this vlog I feel like I am related to every inch of my country. We do not have any color and discrimination against towards each other. I can feel the love, care and share within you guy.
Why we kill each, where that come from.
I do agree on this. 👍
အရောက်ချင်ဆုံးနေရာလေး တစ်ခုပါ ❤
အကိုရေ
ညီမလဲ ရောက်ဖူးချင်လို့
ဘယ်ခရီးသွားဝန်ဆောင်မှုနဲ့ချိတ်ရလဲအစ်ကို ဘယ်ရာသီကအကောင်းဆုံးလဲအကို
မိုးတွင်းတော့ လုံးဝ အဆင်မပြေဘူး ညီမ
ဆောင်းတွင်းကျတော့လည်း အရမ်းအေးတယ်
အကောင်းဆုံးက ဖေဖော်ဝါရီ ကနေ မေလ အစောပိုင်းအထိ ပါ
သွားချင်ရင် ပူတာအို အခြေစိုက် Spring Travels & Tours နဲ့ ချိတ်ဆက်ပြီး သွားလို့ရပါတယ်
မကြာပင်က ပုညခင် ရဲ့ ပန်းတွေ့ပွင့်ဖို့ စောင့်ရချိန် စာအုပ်ကို ဖတ်ထားပီးလို့ ကချင်ပြည်ဘက်ကို ခရီးသွားချင်စိတ်ပေါလာခဲ့တယ် ။ အကိုရဲ့ video တွေ့ကြည့်လိုက်ရတော့ ကိုယ့်မသွားရပေ့မယ် သွားနေသလို့ခန့်စားမိတယ် videosတွေ့က သိပ်ကိုကြည်လင်ပြတ်သား တယ်. တနေ့တော့ ရောက်အောင်သွားအုံးမယ်😊😊😊 ။
ရောက်ဖြစ်စေချင်မိပါတယ် 😊
👍👍👍Thanks
Enjoy it!
တရုတ်လား ဟိုဆော်လေးက好吃လို့ပြောတာကြားလိုက်လို့
Wow very so cool 👍
Thank you so much
Hope you enjoy my travel blog. 💕
I also want to visit there bro. u r so lucky to touch the beauties of nature. pls share when u visit this place again.
Sure I will. Thanks.
မိုက်တယ်
ကျေးဇူးပါဗျား 😊
အားက်တယ္ဗ်ာ သြားဖူးခ်င္လိုက္တာ
ရောက်ဖြစ်စေချင်မိပါတယ်
I miss my home town Putao. One day I ‘ll be back. Thanks bro.
Hope you enjoy the video. 😊
ကိုသီဟကိုအရမ်းအားကျတယ်ဗျာ ရေခဲတောင်ခရီးစဥ်ကို ကိုယ့်တိုင်သွားနေရသလို့ခံစားရအောင်တင်ဆက်ပေးတဲ့အတွတ်အရမ်းကျေးဇူးတင်တယ်
အဲ့အချိန်တုန်းကတော့ ရိုက်ကလည်းရိုက်ချင် ပင်ကလည်းပင်ပန်းနဲ့ တော်တော်စိတ်ညစ်ခဲ့စေးတာ 😅
ကြိုက်တယ်
ကျေးဇူးတင်ပါတယ်ဗျ
Amazing wooo.......respect brother
Thanks indeed. 💕
။၏၏၏၏
တက်ချင်တာ
ရောက်ဖြစ်စေချင်မိပါတယ်
ပင်ပန်းလိုက်တာနော။စွန့်စားသူများအောင်မြင်ပါစေ။
ကျေးဇူးပါဗျ 😊
ကြည့်ရတါအရမ်းကျေးဇူးတင်ပါတယ်
ထပ်တူခံစားကြည့်ရှုပေးတာ ကျေးဇူးအထူးပါဗျ
Very nice trip
Yes it was.
khaw pr own
လိုက်ချင်လိုက်တာဗျာ
လိုက်စေချင်မိပါတယ်
နိင်ငံက အရမ်းကောင်းတယ် အစိုးရတွေသာမကောင်းတာ
so beautiful fighting
Thanks. Fighting. 🥺
❤အောင်မြင်ပါစေ❤
သွားချင်တယ်
ရောက်ဖြစ်စေချင်တယ်
Fantastic
Thanks 💕
ငယ်ငယ်က အရမ်းသွားချင်တာ ရေခဲတောင်
ရောက်ဖြစ်ရင်လည်း တကယ်အမှတ်တရဖြစ်ရပါတယ်
ကိုယ်တိုင်သွားနေရသလိုခံစားရလို့ကျေးဇူးပါ။
👌👌👌👌
Thanks 💕
ပျော်စရာကြီးပါဗျာ
Wow.
ကြည့်ရတာဘေကုန်ကျိုးနပ်တယ်။ရေခဲတောင်မသွားချင်ရလောက်အောင်ဘဲ😁
မိုးကျရင် အဲ့လိုပဲ
အာ့မို့ မိုးမကျတဲ့အချိန်သွား 😅
တစ်နေ့တော့သွားအုံးမယ်အကိုရေ
လလိမေ္မာ်ရောင်နဲ့ဟာလေးက ချောလိုက်တာ ချေ့ယူကွာ 😍😍😂
အချောလေးသူက
👍🏾👍🏾👍🏾
😊💕
ကလေးနို့တိုက်ရင် တောင်ပေါ်တတ်လိုက်တယ် ကျေးဇူးပါ
အပျင်းပြေ ရေခဲတောင်တက်လေးပေါ့ 😁
🥰🥰🥰
💕💕
လိုက်ချင်လိုက်တာ
ဒီခရီးမျိုးကတော့ ခက်ခဲပေမဲ့ စမ်းကြည့်စေချင်မိပါတယ်။
@@ThihaLuLin အဖွဲ့ထဲပါချင်တယ်အကို
ပူတာအိုမှာလူဖြစ်ချင်တယ်။
ပူတာအိုက လူတွေကတော့ ပျင်းလို့တဲ့ မြို့သေးတော့
I remember Anapurna text book when I was Matriculation Standard in 1965.
Oh I haven’t read it yet.
@@ThihaLuLin 17:50. မာအမ တယောက်က တရုတ် စကား ပြောတာ ကြားလိုက် တယ်🤩🤩🥺☺️
@@rich3459 ဟုတ် မန်းလေးတရုတ်မိသားစုလည်း ပါတယ်
အချိန်ပိုမယူပါနဲ့
သွားချင်တယ်ဗျာ ဘယ်လိုဆက်သွယ်ရမလဲသိပရစေ
I want to get there one day😳
Wishing your dream comes true.
တဂယ်မိုက်တယ် bro
သွားနိုင်တာလဲအားကျတယ်ဗျာ
လောကကြီးက အလှတရားကိုယ်စီရှိပြီးသားပါ ကိုယ်သွားနိုင်ဖို့ပဲလိုတာ
ဟုတ်ပါတယ်။ မမြင်ဖူးတာလေးတွေ မြင်ရတာ အတော်ပျော်မိတယ်။
Ep.2 တင်ပေးတော့လေ စိတ်ဝင်စားလို့ပါဆို...
အမြန်ဆုံးလေး လာပါပြီ 💕
အကို့ VDo တွေ Fb မှာ အမြဲအားပေးဖြစ်တယ်
CZcams မှာကခုမှတွေ့တယ်..အရမ်းကြိုက်တယ်အကို့ vlogတွေ...အမြဲအားပေးလျက်ပါ😊
ထပ်တူခံစားကြည့်ရှုပေးလို့ ကျေးဇူးအထူးပါ ညီရေ 💕
စိတ်ဝင်စားစရာ ကောင်းလို့ နောက်အပိုင်းလေးတွေမျှော်နေပါ့မယ်ရှင့်
ကျေးဇူးအထူးပါဗျား 💕
ok ရောက် အောင် သွား မယ် ?
ရောက်ဖြစ်စေချင်ပါတယ်
အကိုခရီးသွားဘလော်ကဖြစ်ချင်ရင်ဘယ်လိုလုပ်ရမလဲဘာတေလိုအပ်လဲပြောပြပေးပါလား
ဟုတ် မကြာခင် ဗီဒီယိုလေး တင်ဆက်ပေးဖို့ စီစဉ်နေပါတယ် ☺️
တစ်နေ့နေ့ အရောက်သွားပါမယ်😊😊
ရောက်စေချင်မိပါတယ် 💪
ဟင် ဟိုတစ်ခါကိုပို့ပေးထားသေးတယ်လေ😂
သွားချင်လိုက်တာတစ်ခါလောက်😢
တစ်လလောက်ကြိုပြီး လမ်းလျှောက် လှေကားတက် ကို တစ်နေ့ တစ်နာရီ လောက် လေ့ကျင့်ထားရင် တက်တဲ့အခါ ပိုအဆင်ပြေပါတယ်။
အခွင့်သာရင် တက်စေချင်ပါတယ် ☺️
@@ThihaLuLin 🤣
ဒုတိယပိုင်း လာဦးမလား bro
မကြာမီ လာမည် လို့ 💕
လေးစားပါတယ်အကို အကို့videoတေကြည့်ဖစ်ပါတယ် ရှေ့ဆက်လုပ်ပါအကို ကိုယ်ဝါသနာပါတာလုပ်ခွင့်ရတာအပျော်ဆုံးပါပဲ
ထပ်တူခံစားပေးတာ ကျေးဇူးတင်ပါတယ်ဗျား 💕
သွားချင်တယ်ဘယ်လိုဆက်သွယ်ရမလဲ
Spring Travels & Tours ရဲ့ Facebook page ကနေ ဆက်သွယ်လို့ရပါတယ်ဗျ
မိန်းကလေးက ဘာတွေ့သွားလို့ အော်တာလဲ
နောက်အပိုင်း ၂ မှာ ခံစားကြည့်ရှုနိုင်ပါတယ်ဗျား 😊
အပိုင်း၁ပဲ ရှိသေးတာလားဗ
အပိုင်း ၂ တင်ထားပါပြီဗျား
အကို့ရဲ့အခု ဖုန်ကန်တောင်ပေါ်တက်ခဲ့တဲ့ ခုနှစ်နဲ့လ ရက်လေးတွေသိပါရစေ
2022 April သင်္ကြန်တွင်း ပါ
အမျိုးသမီးတွေလဲပါတယ်ဆိုတော့ အိမ်သာ /ရေချိုး တာလေး ကိုလဲရှင်းပြပေးပါဦးအကို ဘယ်ကိုသွားသွား အိမ်သာ/ရေချိုး တာတော့အရေးပါတယ်လို့ထင်လို့ပါ
ရေတော့ချိုးမရဘူး ရေရှားလို့
အေးလို့တော်ရုံလည်း မချိုးကြပါဘူး
အိမ်သာကတော့ ခြုံတိုး ပါပဲ
@@ThihaLuLin ကျေးဇူးတင်ပါတယ်ကိုသီဟ အားပေးလျက်ပါဗျ
သဘာဝအတိုင်းပေါ့
အဲဘက်ကလူတွေ့ယိုဒယာဆိုင်ကယ်ကိုအသုံးပြုရင် ဒီလောက်မဆိုးဝါလောက်ဘူးထင်တယ်
ရှိတာလေးပဲ သုံးကြရတာနေမယ်
ဈေးနှုန်းအရရောပေါ့
ကျနော်လည်းအဲ့လိုလျှောက်သွားချင်တယ်ဗျာ
တစ်ခါလောက်တော့ စမ်းကြည့်စေချင်မိတယ်
@@ThihaLuLin မိတ်ဆွေတို့နဲ့ဆက်သွယ်ပြီးအတူသွားကြတာပေါ့နောက်နေရာတွေကို
နိုင်ငံတော်ရဲ့ဝန်ဆောင်မှုအားနည်းချက်ကြောင့် ခရီးသွားတွေကိုမဆွဲဆောင်နိုင်ဘူး
အမှန်ပဲ အများကြီးပံ့ပို့ပေးဖို့ လိုအပ်နေတယ်
Camera ဘာသုံးတာလဲဗျ
ကင်မရာက ဖုန်းကင်မရာ၊ Insta360 ကင်မရာ နဲ့ Yi Action Cam တွေ သုံးတာပါ
fb မှာမကြည့်ဘဲ့ vtမှာ လာကြည့်ပေးတာပါ😁
ချစ်ပီလေ 💕
How can I contact the tour to get to this place?
Please contact “Spring Travels & Tours” page on Facebook for detail. Thanks.
@@ThihaLuLin Thank you so much
မင်းတို့ပန်ဝါ လာရမှာ အဲ့လမ်းကြမ်းတာသနားတယ် ပန်ဝါ မှာ က ဆယ်နှစ်လရာသီ ဆောင်းတွင်းနဲ့မိုးတွင်းပဲ အေးတာကတော့ ပြောမနေနဲ့ ရေချိုးတာ ရေနွေနဲ့ချိုးရတယ် ငါပုဆိုးလှမ်းထားတာနနက်ရောက်တော့ပျောက်နေလို့လိုက်ရှာတာ ရေခဲတွေဖုံးနေလို့ တော်တော်တိုင်ပတ်သွားတယ်😂😂😂
ခရီးစဥ်စဆုံး လူဘယ်နှစ်ယောက်ကို ဘယ်လောက်ကုန်ကျနိုင်လဲဗျ ကျနော်ရှိန်းခေါင်သွားတာတောင် လေယာဥ်နှစ်ဆင့်စီးရတယ် အာ့တုန်းက ကုမ္ပဏီကကုန်ကျခံတာမို့ လို့မသိခဲ့ရဖူး
တစ်ဦးအတွက် လေယာဉ်ခ နဲ့ ပူတာအို အဝင်အထွက် တည်းခိုစားသောက်စရိတ်မပါဘဲ တောင်တက်ခရီးစဉ် (ပူတာအိုကနေတောင်ခြေရွာ အသွားအပြန်၊ ခရီးစဉ် အစားအသောက်၊ အထမ်း၊ လမ်းပြ အပါ) ကို ၅ သိန်းဝန်းကျင် ကုန်ကျပါတယ်။ လေယာဉ်က တိုက်ရိုက်လည်းရှိတယ်။ တိုက်ရိုက်ရှိတဲ့နေ့ နဲ့ လိုင်း ကို ဝယ်စီးလို့ရပါတယ်။ လေယာဉ်ခကတော့ သွားမယ့်အချိန် ဈေးနှုန်းပေါ့။ အသေးစိတ်ကို Spring Travels & Tours ရဲ့ Facebook page ကနေ စုံစမ်းနိုင်ပါတယ်။
@@ThihaLuLin ကျေးဇူးပါ
လမ်းပန်းဆက်သွယ်ရေးက အလွန်အရေးကြီးတယ်နော်။
ဟိုး---အရင်တုန်းက တောင်ငူလ္လိုင်ကော်လမ်းလည်း အခု ဒီပုံစံပဲ။ မြန်မာပြည်က ကြွယ်ဝချမ်းသာပြီး - တောနေတဲ့ လူတွေက ချမ်းနေတယ်။
လမ်းစနစ်ကောင်းဖို့အတော်လိုအပ်ပါတယ်
အစိုးရက တောင်ခြေရွာအထိ ကားလမ်းအကျယ်ေ50--ဖောက်ခင်းပေးထားရင် အရမ်းကောင်းမယ်
၂၀၁၇ မှာ ဇီယာတန်းရောက်ဖို့ ၄ ရက်လမ်းလျောက်ရတာနဲ့စာရင် အတော်ကို အဆင်ပြေလာပါပြီ
ဟုတ်တယ် အတော်လေးအဆင်ပြေလာပြီ
Mike dl bro
Kyay Zuu par byar
@@ThihaLuLin bro ko saw” ka tae ga thi lyk ya mhr
အခုဖြတ်တဲ့ချောင်း နံမည် ????
စိတ် ဝင်စားစရာကောင်းပါသည်...👍
ချောင်းက တစ်နေရာ တစ်မျိုးခေါ်ကြတယ် အဓိကကတော့ ရေခဲတောင်က စီးဆင်းလာတဲ့ ရေခဲမြစ်လို့ပဲ ပြောရမယ်
@@ThihaLuLin အပိုင်း ၁ နောက်ဆုံးအပိုင်းလေး က အသက်ဘဲ.😱..နောက်ထပ် အပိုင်းတွေ ကြည့်ခြင်လာနေရော..... နောက် အပိုင်းတွေမျှော်နေပါမည်
အရမ်းသဘောကျတယ် 5သိန်းဝန်းကျင်ဆိုအရမ်းတန်တယ်၊အကောင်းစားတွေပဲသွားနေရ ကြုံနေရဆိုတော့ စိတ်ကိုမပါတော့ဘူး တစ်ခါတစ်လေ စိန်ခေါ်မူတွေရှိနေတာက ပင်တော့ပင်ပန်းတယ် ဒါပေမဲ့ ၊advanture time ဖြစ်တယ် ကြိုက်လိုက်တာဗျာ သေ၊ချာတော့ ပြင်ဆင်သွားလာရမှာပါပဲ😇 အိမ်သာအဆင်ပြေရင် ရပြီ၊😞
အိမ်သာတော့ ရှိပုရယ် ခြုံတိုးပဲ 😁
ဟိုကောင်မဘာဖြစ်တာလဲ ယွနေတာ ကြည့်နေရင်းနဲ့ဝက်ဝံတို့ဘာတို့များတွေ့လို့လားလို့ ကောင်မ 😂😉
S
的确不错
2037--ထိလမ်းးခင်းလို့ပြီးပါ့မလား
ဖုန်းပြန်ရသေးလားbor
ရတော့ပါဘူး၊ အဲ့ရက်က ရှမ်းပွဲတွေရှိတော့ လူစည်တာနဲ့ ဖုန်းက ကားသမားတစ်ယောက်ယောက်လက်ထဲရောက်သွားတာ မြစ်ကြီးနားမှာ နောက်ဆုံးမြင်လိုက်ရတယ် Phone Location ကို ပြီးကျ အဆက်အသွယ်ပြတ်ပဲ။
ကြားစခန်း လူ300--စာ အဆောက်အဦး အလုံ3း0--ဝိုင်းဝန်းအလျူခံဆောက် ရိပ်ခါ ဆေးဝါး အစုံ မီးစက် 12-လုံးမီးပေးစနစ် မီးလုံး ကြိုးပေ 1800--ကွန်ယက် အလျူငွေ ကောက်ခံ ပြုလုပ်ပါ
တောင်ခြေရွာအထိ ဆေးဝါးအစုံအလင်နဲ့ သူနာပြု ---ဆရာဝန် နင့် အခမဲ့ တည်းခိုအိမ် 50--လောက် 1-မိုင်အကွာတွင် အိမ်4-5-လုံးဆောက်ထားလျင် နောင်ခရီးသွားများလာဖို့ ဒေသဖွံ့ဖြိုးလာပါမယ်
ဘယ်အရာမှချောမွေ့တာမရှိဘူးနော်
ဒီခရီးက နည်းနည်းတော့ ပင်ပန်းတယ်
ဘယ်အချိန်က သွားတာလဲ ကိုသီဟရေ အခုအချိန်သွားလို့ရလားရှင့်
ပြီးခဲ့တဲ့ သင်္ကြန်တုန်းကပါ
အခု မိုးရွာတော့ အဆင်မပြေတော့ဝူး
ရေခဲလည်းမရှိတော့ဝူး
နိုဝင်ဘာ ဒီဇင်ဘာမှ သွားလေနော်
ဟုတ္ကဲ့ပါရွင့္
နွေကျမှသွားရတာမဟုတ်ဘူးလား