ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် နေရွှေသွေးအောင်တို့၏ ဗုဒ္ဓဓမ္မဆိုင်ရာအမေးအဖြေ - အပိုင်း - (၉)
Vložit
- čas přidán 8. 09. 2019
- - ပါဝင်သည့်မေးခွန်းများ -
(၄၆) ဘာသာမတူတဲ့သူနှစ်ယောက် ဥပမာ သူနှင့်သူ့အမျိုးသမီး ယောကျာ်းဖြစ်သူက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လို့ သေဆုံးရင် ၃၁ဘုံမှာကျင်လည်ရမယ်လို့ ယုံကြည်ထားပြီး မိန်းမဖြစ်သူ ခရစ်ယာန်ဘာသာဝင်က သေဆုံးရင် ခရစ်တော်မှာ ထာဝရအိပ်စက်ရမယ်လို့ သူတို့အနေနဲ့ အပေါ်ယံ နားလည်ထားပါတယ်။
(က) ဘာသာမတူတဲ့သူနှစ်ယောက်အတွက် နောက်ဘ၀မှာ ပြန်ဆုံနိုင်ခွင့်ရှိပါမလား။
(ခ) နှစ်ဘာသာလုံးကိုယုံကြည်တဲ့သူဆိုရင်ရော သေရင်ဘယ်သွားရပါမလဲ။
(၄၇) မြတ်စွာဘုရားရှင်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို အနီးစပ်ဆုံးသိလိုပါတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းပြုသူတိုင်းကို ဆံပင်၊ မုတ်ဆိတ်၊ ကျင်စွယ် စသည်တို့ကို ပယ်ခိုင်းပြီးတော့ ဘုရားရှင်ကိုယ်တော်တိုင်က ဘာကြောင့်ဆံပင်များထားရှိတာပါလဲ။
(၄၈) ဆေးရုံတွေမှာလူနာတစ်ချို့ ပြန်ကောင်းဖို့အခြေအနေလုံးဝမရှိတော့ရင် မော်ဖင်းကဲ့သို့ မှိန်းဆေးမျိုးပေးပြီး အသက်ထွက်စေလျှက်ရှိပါတယ်။ သေမယ့်ဆဲဆဲ စုတိစိတ်ကို မိန်းမောမေ့မူးစေတဲ့ဆေးနဲ့ဆိုရင် သေသူဟာ မောဟစိတ်နဲ့အပ္ပါယ်ဘုံကို သွားရမလိုဖြစ်နေပါတယ်။ အဲ့ဒါမှန်ပါသလားအရှင်ဘုရား။
(၄၉) သေခါနီးစိတ်မှာဖြစ်တဲ့ ကုသိုလ်စိတ်အကုသိုလ်စိတ်တွေဟာ နောက်ဘ၀အတွက် ဘယ်လောက်ထိအရေးပါပါသလဲ အရှင်ဘုရား။
(၅၀) လူတစ်ယောက်ရဲ့ နောက်ဘဝ ကောင်းခြင်း ၊ ဆိုးခြင်းဆိုတာကို နောက်ဆုံးသေခါနီး အချိန်လေးနှင့် တိုင်းတာ တာဟာ မှန်ကန်မူရှိပါသလား။ ဥပမာ တစ်သက်လုံးဆိုးလာပြီး နောက်ဆုံးသေခါနီး အချိန်မှာ စိတ်ထားတတ်လိုက်တာနဲ့ ကောင်းတဲ့ဘုံကို ရောက်နိုင်ပါသလား။
(၅၁) ဒါနပြုလျှင်ချမ်းသာမည်ဟုအယူရှိပါသည်။ ကမ္ဘာ့မှတ်တမ်းများကိုကြည့်လျှင်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ထိပ်တန်းအလှူရှင် စာရင်းဝင်နိုင်ငံဖြစ်ပါသည်။ မြန်မာလူမျိုးများအနေဖြင့် ဒါနပြုကြသော်လည်း အများစုက ရုပ်ဝတ္ထုအားဖြင့်ဆင်းရဲကြပါသည်။ အလှူတန်းလုပ်ပါလျှက်နှင့် မြန်မာလူမျိုးများဆင်းရဲနေရခြင်းမှာ အဘယ်ကြောင့်ပါနည်း။
(၅၂) အနောက်နိုင်ငံသားတွေဟာ ဘုရားလောင်းဖြစ်နိုင်ပါသလား။ ဗုဒ္ဓဘာသာမထွန်းကားတဲ့ အနောက်နိုင်ငံတွေဟာ ဘာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်နေရသလဲ။ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေဟာဟာ လောကီရေးမှာ ထိပ်တန်းမဖြစ်တာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာအစစ်အမှန်ကို ကိုးကွယ်ရင် နိုင်ငံတိုးတက်ရေးအတွက် အခက်အခဲ အတားအဆီး ဖြစ်နေပါသလား ။
မြတ်စွာဘုရားရဲ့ဆုံးမစကားတွေထဲကလူ့ကျင့်ဝတ်,နိုင်ငံခေါင်းဆောင်ရှင်ဘုရင်ကျင့်ဝတ်ဆရာကျင့်ဝတ်တပည့်ကျင့်ဝတ်အိမ်ထောင်ရှင်ယောကျာ်းမိန်းမကျင့်ဝတ်အစရှိသည်ဖြင့်လိုက်နာရမည့်ကျင့်ဝတ်ပေါင်းများစွာကိုလိုက်နာတဲ့ဗုဒ္ဓဘာသာဝင်ဘယ်နှစ်ယောက်များရှိကါသလဲ.မြတ်စွာဘုရားကလမ်းဆုံးနိဗိါန်ကိုသွားချင်သူများကိုလဲနည်းလမ်းပေထားသလိုလူ့ပြည်နတ်ပြည်မှာကျင်လည်ချင်သူများကိုလဲတိုးတက်ရာတိုးတက်ကြောင်းနည်းလမ်းပေါင်းများစွာဆုံးမထားကါတယ်မြန်မာပြည်မှာနိုင်ငံခေါင်းဆောင်တွေကအစပြည်သူလူထုကအဆုံးပများစုကဗုဒ္ဓရဲ့ဆုံးမစကားကိုနာခံမှုမရှိတဲ့ဗုဒ္ဓလာသာနာမည်ခံများသာရှိနေသုဖြင့်နိုင်ငံဆင်းရဲနေခြင်းဖြစ်ပါသည်. လူအများစုရဲ့စိတ်ဓာတ်တွေကအောက်ကျနေခြင်းကြောင့်ဒီလိုလူတွေနေထိုင်တဲ့နိုင်ငံကအောက်ကျနေခြင်းမှာဘယ်သူမပြုမိမိမှုသာဖြစ်ပါသည်.
မြန်မာပြည်မတိုးတက်တာလူတွေကပျင်းကြလို့ပါ.မြန်မာပြည်မှာဗုဒ္ဓဘာသာအမည်ခံတွေပဲများကြပါတယ်ဗုဒ္ဓဘာသာအစစ်ဘုရားရဲ့ဆုံးမမှုနဲ့အညီအသ်ရှင်နေထိုင်သူကအင်မတန်နည်းပါတယ်. ဘုရားရဲ့အခြေခံဆုံးမစကားကိုတောင်မလိုက်နာကြပါဘူးအပြောအဆိုကရိုင်းတယ်,ပျင်းတယ်,လောဘ,ဒေါသ,မန်မာနတွေပြည့်နှက်နေတယ်,ကိုယ့်ထက်နိမ့်ကြသူကိုနှိမ်မယ်ကို့ထက်သာသူကိုမနာလိုမယ်,သူများပိုက်ဆံကိုဘယ်လိုလိမ်ယူရမလဲဆိုတာလူအများစုကတွေးနေတယ်,နိုင်ငံအကြီးအကဲတွေကလဲအောင်ဆန်းစုကြည်ကလွဲရင်အများစုကနိုင်ငံကိုဘယိလိုတိုးတက်အောင်လုပ်ရမလဲလို့တွေးရမဲ့အစားနိုင်ငံတော်ပိုက်ဆံနဲ့သူ့မိသားစုကိုဘယ်လိုတင့်တယ်အောင်ထားရမလဲဆိုတာကိုပဲတွေးကြတာများပါတယ်.ဒါလားဗုဒ္ဓအဆုံးအမနဲ့နေနေကြတဲ့လူတွေ???လှုပြီးစိတ်မထားတတ်ရင်လဲအကျိုးကထိုက်သင့်သလောက်မပေးပါဘူးသုံးတန်စေတနာပြတ်သားမှသာအကျိုးပေးတာပါဂုဏ်အတွက်လှူတာတို့လှူနေစဉ်လောဘနဲ့လှူတာတို့ဆိုလဲမမှန်ပါဘူး.ဗုဒ္ဓကလောဘမကြီးဘို့ကို့ယ့်စည်းစည်ပစ္စည်းတွေအပေါ်စွဲလန်းမနေဖို့ပဲဆုံးမထားပါတယ်ကပျင်းကြီးဖို့အကြိုးစားဖို့ဘယ်တုန်းကမှမဆုံးမထားကါဘူး. ဗုဒ္ဓဘာသာကတိုင်းပြည်တို့တက်ဖို့အတားအဆီးဖြစ်တယ်လို့ထင်သူတိုင်းကဗုဒ္ဓရဲ့ဆုံးမမှုအစစ်တွေကိုနားမထောင်ဖူးသူနဲ့နားလည်ဖို့ညဏ်ရည်လိုက်မနိုင်သူတွေရဲအယူအဆအမှားကြီးပါ. မြန်မာနိုင်ငံကဗုဒ္ဓဘာသာအမည်ခံမျှသာဖြစ်ပြီးလူအနဲစုသာဗုဒ္ဓရဲ့အဆုံးအမနဲ့နေနေလို့နိုင်ငံဆင်းရဲနေရခြင်ဖြစ်ပါတယ်
သာဓု သာဓု သာဓု ပါဘုရား
ဆရာတော်ဘုရားကြီး
ကျန်းမာ ချမ်းသာ ပါစေဘုရား
🙏🙏🙏ကျေးဇူးအထူးတင်ပါတယ်
ကျေးဇူးပါ
သာဓု သာဓု သာဓု ပါဘုရား
မင်္ဂလာပါ.....ဘုန်းဘုန်း & အစ်ကိုနေရွှေသွေး..... 🙏🙏🙏🙏🙏
Thanks again bro
Thank you very much.
Sadhu Sadhu Sadhu!
🙏🙏🙏
အပိုင်း..၉
🙏🙏🙏🙏🙏