Video není dostupné.
Omlouváme se.

ကာလာမသုတ် သို့မဟုတ် ကြောင်းကျိုးဆင်ခြင်မှု မပါသော ကိုယ်ကျင့်တရား

Sdílet
Vložit
  • čas přidán 8. 06. 2024

Komentáře • 52

  • @miraclemidas1995
    @miraclemidas1995 Před 4 dny

    ကိုယ်ဝန်နဲ့ပတ်သက်လို့ သိရတာ ကျေးဇူးတင်ပါတယ် 😊😊

  • @user-um5iq4et4q
    @user-um5iq4et4q Před 2 měsíci +3

    ဆက်တွေးနေမိစေလို့ ကျေးဇူးပါ😊

  • @zawminoo9967
    @zawminoo9967 Před dnem

    ဒီလိုမျိုးတွေအများကြီးနားထောင်ချင်တယ် အကို

  • @myatphonekhant2821
    @myatphonekhant2821 Před měsícem +4

    ကျွန်တော်ကတော့ ကိုယ်ကျင့်တရားကောင်းတယ်ဆိုတာက်ို ကိုယ်လုပ်မဲ့အလုပ်တခုက မိမိကိုယ့်ကိုကိုရော သူတပါးကိုရော ဒုက္ခမဖြစ်စေဘူး ပြီးတော့ကောင်းကျိုးဖြစ်စေမဲ့အလုပ်ကိုလုပ်တဲ့သူကို ကိုယ်ကျင့်တရားကောင်းတဲ့သူလို့သတ်မှတ်တယ်ဗျ။

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem +4

      တခါတလေကျ ကောင်းကျိုးသတ်မှတ်ဖို့ ဆိုတာ သိပ်မလွယ်ဘူးဗျ။ ကျွန်တော်ပြောတဲ့ ကိုယ်၀န်ဖျက်ချခွင့် ပြဿနာလိုပေါ့။ ကလေးမလိုချင်ရင် ဖျက်လိုက်တာ အကျိုးရှိလား ကြိတ်မှိတ်ပြီး မွေးလိုက်တာ အကျိုးရှိလား ‌ပြောရခက်ပဲ။

  • @Koko-w2w1k
    @Koko-w2w1k Před 21 dnem +1

    လောကသံသရာ နဲ့ နိဗ္ဗာန် ဆိုတာ အဲတာကွာတာဘဲ သံသရာဆိုတာ လည်တာကိုပြောတာ လောကသံသရာထည့်မှာကျင်လည်သမျှ အကုန်လုံးကရှုတ်ရှပ်ခတ်နေမှာပဲ ဘယ်ဘာကအမှန်တရား ကောင်းသောကိုယ့်ကျင့်တရား ကောင်းသောနေထိုင်မှု ပြီးပြည့်စုံမှုဆိုတာမရှိဘူး အကောင်းဆုံးဆိုတာကိုရွေးပြီးနေထိုင်ကြရတာဘဲ အဲဒီအကောင်းဆုံးဆိုတာလဲ ဟာကွက်တွေရှိနေမှာပဲ
    ခေတ်အလိုက်​ပြောင်းလဲနေမှာဘဲ
    ဒါကြောင့် ဗုဒ္ဓက အဲဒီအရှုပ်ထုတ်သံသရာထည့်က လွတ်မြောက်ရာနိဗ္ဗာန် ကိုဟောထားတာပေါ့
    အဲဒီနိဗ္ဗာန်ကိုရောက်ဖို့ဟောပြောတဲ့နည်းလမ်းတွေကလည်း သတ္တဝါဝေနေယျတွေအလိုက် အကောင်းဆုံးဆိုတဲ့နည်းလမ်းတွေနဲ့ဟောပြထားတာဘဲ
    အကယ်၍နိဗ္ဗာန်မရောက်သေးသ၍ သံသရာအရှုတ်ထုတ် ဒုက္ခတောကြီးထည့်မှာကျင်လည်ရရင်တောင် အဆင်ပြေပြေနေထိုင်နိုင်ဖို့ အကောင်းဆုံးဆိုတဲ့လူမှုကျင့်ဝတ် သံသရာကျင့်ဝတ်တွေဝတ်တွေကို ဟောပြောခဲ့တာဘဲ အဲကျင့်ဝတ်တွေကိုမှ ဒါကကောင်းတယ်ဒါကဟာကွက်ရှိ ဒါကအားးနည်းချက်ရှိတယ်ဆိုးပြီး ငြင်းခုန်နေကြရင်တော့မိုးသာလင်းသွားလိမ့်မယ်ပြီးလိမ့်မယ်မဟုတ် အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဥ္စ သေဝနံ နှစ််ပုဒ်ကိုငြင်းရင်တောင် မပြီးတော့ဘူးဗျ လောကကိုကအရှုပ်ပါဆိုမှ
    ခင်ဗျားတွေးသလို ကာလာမသုတ်မဟုတ် သုတ္တန်တိုင်းကိုတွေးပြီး အားနည်းချက်အားသာချက်ရှာလို့ရတာဘဲ အတွေးသမားက တွေးတဲ့အဆင့်မှာလမ်းမဆုံးစေချင် လောကကိုကတွေးလေရှုပ်လေဘဲ လောကကိုကပြီးပြည့်စုံမှုရယ်လို့မရှိဘူး အဲလိုတွေးတောငြင်းခုံမည့်အစား ကျင့်ကြည့်ပါလား မကျင့်ကြည့်​ေတာ ့တက္ကသီလက တက္ကသီလအဆင့်ဘဲတွေ့မှာပေါ့

    • @RamblingsbyHein
      @RamblingsbyHein  Před 21 dnem +2

      ဟုတ်ကဲ့ သံဝေဂရတဲ့ နေ့တော့ ကျင့်ဖြစ်မှာပါ။ လောလောဆယ်တော့ မရှုပ်ရှုပ်အောင် လုပ်ပြီး ငြင်းနေရတာကိုပဲ ဝါသနာထုံနေလို့ လောကီထဲမှာ ရှုပ်ပါရစေဦး။ 😁

  • @thureinmm
    @thureinmm Před 3 dny

    စာအုပ်တွေဖတ်ပြီးတော့ အဲ့ဒီထဲကပါတဲ့ အကြောင်းအရာတွေကို တွေးတော ပြီးရင် ကြည့်ရှုသူတွေ ကို ပြန်ရှင်းပြ တော််တော်လေးလေးစားပါတယ်၊ စာအုပ်တစ်အုပ်ဖတ်ရတဲ့ အနှစ်သာရ ကို Bro ကို ကြည့်ရင်သိသာပါတယ်

  • @Paingsornlinn
    @Paingsornlinn Před měsícem +2

    Perfection

  • @dawkyikyimyint360
    @dawkyikyimyint360 Před 7 dny

    ဘုရားရှင် ပရိနိဗ္ဗာန် ပြုခါနီး ရှင်အာနန္ဒာ ကို မိန့်မှာချက် ကတော့ ငါဘုရားရှင် ဟောကြားခဲ့တဲ့ တရားဓမ္မ တွေ ကို သင်တို့ ဆရာအဖြစ် မှတ်ယူ ကြ ပါ လို့
    နာယူ ဖူးပါတယ်

  • @user-ve5hv9xy8i
    @user-ve5hv9xy8i Před 4 dny

    Brother ရာ...ခရစ်ယာန်မှာ holy ကွန်မျူနီးယမ် ဝိုင်းအရက်ကိုသောက်ရင် ကုသုလ်ရတယ်ဆို ကျွန်ပ်မသိပါဘူး။ဒါမဲ့ခရသ်ယာန်မှာ ဂိုဏ်ဂဏ္ဏာ ကဲဲပြားတာကြောင့်တသ်ခုတည်းကိုပဲအတည်မယူစေချင်ပါဘူးနော်။အဲ့ဒါ ပုတ်ရဟန်းတွေလာ R C ရိုမန်ကတ်သလစ်တွေလာဖြစ်ပါလိမ့်မယ်။ ကျွန်ပ်တို့ယေရူကြတော့ ယေရူသက်တော်စဥ်တုံးက ပုံဥပမာနဲ့ ရှင်းပြ ပုံဖော်ပြီ အသုံးပြုပြသွားခဲ့လို့သာ ၊ဤစပျစ်ရည်က ငါ၏အသွေးဖြစ်၏ယူ၍သောက်ကြလော့ဆိုသည်ခါမှာ...၊ဒီတိုင် ဘရိုတို့ ဗုဒ္ဓဘာသာအနေနဲ့ဆို ဟာသွေး...သွေးဆိုတာ မကောင်းတဲ့အတတ်လို့ပဲထင်မြင်ယူဆကြမှာပဲ အဓိပ္ပါယ်နောက်တစ်မျိုးရှိပါသေးတယ် ။အဲ့တုံးကသာ အဲ့နိုင်းငံပြည်နယ်တွေမှာ နွားနိုးကြီပဲသောက်သုံးတတ်ကြလျှင် ၏နွားနို့ကား ငါ၏အသွေးဖြစ်၏ယူ၍သောက်ကြလော့လို့ပြောခဲ့မှာပါ။ပြီတော့ အပြစ်တရားတွက် အဖိုးအခက သေခြင်းလေနော်။အဲ့တော့ သေးမှတော့သွေးထွက်ရင်ထွက်မထွက်ရင် သွေးခမ်းသွားသကိုး....အသက်ကသွေးမှာတည်လို့ အဲ့လို ပုံဥပမာယူဆောင်ရခြင်းဖြစ်တယ်နော့်။ ကျွန်ပ်တို့ခရစ်ယာန် အကြောင်းကိုလဲ ဘရိုတို့သေချာသိထားရင်တော့ကောင်းတာပေါ့ဗျာ။

  • @dreamwalker109
    @dreamwalker109 Před měsícem

    ကာလာမသုတ်ကို အကိုရှင်းပြသလောက်တော့ ဒီအယူအဆက ကျွန်တော်တို့လူသားတေ လူ့ဘောင်နဲ့မကင်းနိုင်သေးတဲ့အချိန်မှာ အမှားနဲနဲနဲ့လူဝင်ဆန့်ဖို့ရည်ရွယ်တယ်လို့ ထင်တာပဲ။
    ဒါကကျွန်တော့အမြင်သက်သက်ပါ။

  • @Tawn-Resharing
    @Tawn-Resharing Před měsícem +1

    Famous Western People who turned into Buddhism ဆိုပီး Googleမှာရှာကြည်ည ဆရာတော်ဦးဇောတိကအကြောင်း လေ့လာကြည့်ပါ။

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem +3

      ဦးဇောတိက စာတွေဖတ်သလောက် ဖတ်ဖူးပါတယ်။ သဘောလဲ ကျပါတယ်ဗျ။ ဒါပေမဲ့ ဘာသာတစ်ခုကို နာမည်ကြီးတွေ ကူးပြောင်းကြတိုင်း အဲ့ဒီဘာသာ တန်ဖိုးရှိတယ်လို့တော့ ယူဆလို့ မရဘူးပဲမြင်တယ်။ ဘာသာမဲ့ကနေ ခရစ်ယာန်ဖြစ်သွားတာတို့ ခရစ်ယာန်ကနေ မွတ်စလင် ဖြစ်သွားတာတို့လဲ နာမည်ကြီး ပုဂ္ဂိုလ်တွေထဲမှာ အများကြီး ရှိပါတယ်။

  • @minthukyawawwkyuu5333
    @minthukyawawwkyuu5333 Před 8 hodinami

    broရေ ခင်ဗျား ဘယ်ဘာသာ ကိုးကွယ်လဲ မသိပေမယ့် ကျန်တဲ့ ဘာသာတွေရဲ့ သဘောတရားတွေပါ ခုလိုမျိုးပြောပြပေးပါလား ပီးရင် bro ကရော ဘာကို ယုံကြည်ကိုးကွယ်တာလဲ ဘာကို လက်ခံလို့ ရလဲ ဘာကို လက်ခံလို့ မရလဲ သိရင်/ထင်ရင်/မြင်ရင်/ကြိုက်ရင် ဘယ်လိုဖြစ်ဖြစ် ပြောပေးပါလား ​@RamblingsbyHein

  • @kaunghtetwin3149
    @kaunghtetwin3149 Před měsícem

    Thanks bro

  • @kaungmyathtat3809
    @kaungmyathtat3809 Před měsícem +1

    ဒီတစ်ပုဒ်ထဲ ဘရိုပြောတာတွေက လူငယ် လူငယ်ချင်းတောင် နားထောင်ရတာ အဆင်ပြေတယ်

  • @user-kx3yh8jh7x
    @user-kx3yh8jh7x Před 9 dny

    ဒီvd ကိုတော့သိပ်မရှင်းဘူး ကိုယ့်ဘာသာတောင်ရှုပ်နေတာတောင် အကို့ကြောင့်ပိုရှုပ်ကုန်ရော
    သိပ်တော့လက်မခံချင်ဘူးဆိုပေမယ့် တွေးတာတွေတော့မိုက်ပါတယ်
    ကိုယ့်ဘာသာကို အကျိုးအကြောင်းဆင်ခြင်ပြီး ပဲ နေရအုံးမှာပေါ့ တစ်နေ့တော့ အရာအားလုံးရှင်းရှင်းလငါးလင်းသိလာမယ်လို့တော့ထင်ပါတယ်

  • @sterlingdenial
    @sterlingdenial Před měsícem

    ညီရဲ့ vlog အမာခံfanပါ တကယ်ကြိုက်ပါတယ်
    တင်ဆက်တာတွေလဲကြိုက်တယ် တကယ်က အကိုက ဒီကာလာမမှာ လူတွေမှားတတ်ကြလွန်းလို့ ထောင်ချောက်တစ်ခုနဲ့စောင့်ကြည့်နေတာပါ ဘာများပြောမလဲလို့ ပိဋကလို့ရေးတာကို သတိမမူပဲ အယူကောက်တာမှားပီး မြတ်စွာဘုရားက ငါပြောတာလဲ မယုံနဲ့ဆိုပီး‌မှားပြောကြတာများပါတယ် စာသေချာလေ့လာထားတယ်နဲ့တူတယ် ကာလာမရဲ့ ဆိုလိုရင်းကို တကယ်ပြောသွားနိုင်ပါတယ် နောက်ဆုံးconclusionဆွဲတာမှာတော့ ထေရဝါဒတစ်ယောက်အနေနဲ့ အမြင်မတူတာ နည်းနည်းလေးရှိပေမဲ့ universal လူတိုင်းအနေက ကြည့်ရင် conclusion ကိုလဲ တကယ်ကြိုက်တယ် လက်ခံတယ် ဗုဒ္ဓဘာသာအယူအဆနဲ့ပတ်သက်လို့လဲ လေ့လာစရာတေအမျာကြီးရှိတဲ့အထဲကမှလဲ ဆရာဦးဆန်းလင်း(ဆည်မြောင်း)ကို recommend ပေးပါတယ်

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem

      ဟုတ် ဦးဆန်းလင်းလဲ ဖတ်ကြည့်ပါဦးမယ်။ ကျေးဇူးပါဗျ။ ကျွန်တော့် conclusion ကမှမှန်တယ်ရယ်လို့လဲ မထင်ပါဘူး။ ကျွန်‌တော်နားလည်ပုံကို ပြောပြတဲ့သဘောပါပဲ။

  • @Thiha-el3sm
    @Thiha-el3sm Před 24 dny

    ကုသိုလ် အကုသိုလ် က ဘုရားသတ်မှတ်တယ်လို့ မမြင်မိဘူးဗျ သီလကအကုသိုလ်ကြောင့် မိမိနဲ့သူတပါးအကျိုးပျက်စီးရာက ကာကွယ်တဲ့စေတနာကြောင့် ကုသိုလ်ဖြစ်တယ်လို့ထင်တယ် မကောင်းမှုဆိုတာကကို အကုသိုလ်ပါ အသတ်သတ်ရင် တာကောင်းတယ်လို့တခြားဘုရားကပြောရင် သူကြိုက်လို့ပါ အကုသိုလ်ကအကုသိုလ်ပါဘဲ အရှေ့ကမယုံဖို့ပြောခဲ့တဲ့စကားတွေထဲမာသူများစကားနဲ့တဆင့်စကားလည်းပါတယ်လေ

    • @RamblingsbyHein
      @RamblingsbyHein  Před 23 dny

      ဘုရားက သတ်မှတ်တယ်လို့လဲ ကျွန်တော်မပြောပါဘူးဗျ။ ယုံကြည်မှုမတူရင် အဓိပ္ပါယ်ဖွင့်ရခက်တဲ့အတွက် ပြောချင်တာ လိုရင်းမရောက်မှာစိုးလို့ ကျော်သွားလိုက်တာပါ။

  • @user-jb6ny1bx1i
    @user-jb6ny1bx1i Před měsícem

    ပညာရှိဆိုတာ ဘယ်အရာနဲ့ ဘယ်ဂုဏ် ဘယ်ဝါဒ ဘယ်ဘာသာ အယူဝါဒ လက်ခံထားသူလို့သတ်မှတ်ထားသူကို လို့ ဆိုလိုသလဲ

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem +1

      အဲ့ဒါကတော့ အများဆန္ဒပဲဗျ။ ကိုယ်က ပညာရှိလို့ လက်မခံလဲ လူများစုက ပညာရှိလို့ သတ်မှတ်ထားကြရင် အဲ့ဒီလူ ပညာရှိပဲ။ ဒီနေ့ခေတ် စကားကတော့ ပညာရှင်ပေါ့။ နိုင်ငံရေးပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ သိပ္ပံပညာရှင်စတဲ့လူတွေရဲ့ ထင်မြင်ချက်ကို အလေးထားရမယ်ပေါ့ဗျာ။

  • @user-ox2jp6pc4u
    @user-ox2jp6pc4u Před měsícem

    အလယ်အလတ် လမ်းစဉ် ဆိုကတည်းက absolute way လို့ တွေးလို့ မရတော့ဝူးထင်တယ်. ကိုယ်အကျင့်တရားနဲ့ အမှန်တရားက ခတ်အလိုက် ပြောင်းလဲတယ်လို့ ကျတော်တော့ လက်ခံတယ် ဥပမာ ကျားမ တန်းတူ ကိစ္စ လိုမျိုးပေါ့ . အာ့လို တွေးရင်တော့ ပညာရှိ အမြင် အကြောင်း တွေးတာက သဘာဝကျတယ် ထင်တာပဲ။

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem +2

      ကိုယ်ကျင့်တရားက ခေတ်အလိုက်ပြောင်းလဲတယ်ဆိုတာ ကျွန်တော်လဲ လက်ခံပါတယ်။ အလယ်အလတ် လမ်းစဉ်ဆိုတာကို ကျွန်တော်နားလည်တာကျတော့ တစ်မျိုးဗျ။ မဇ္စျိမပဋိပဒါဆိုတာ အတွေးအခေါ်ထက် အကျင့်အကြံပိုင်းကို လမ်းညွှန်ထားတာလို့ပဲ မြင်တယ်။ ဓမ္မစကြာမှာ ဖတ်ကြည့်ရင်လဲ အကျင့်အကြောင်းကိုပဲ ပြောထားတယ်။

  • @MosesHan369
    @MosesHan369 Před 7 dny

    ကိုယ်တိုင်ကိုယ်တွေ့ သိရင် လက်ခံလို့ပြောတာပါပဲ but ကိုယ်ကောက်လိုက်တဲ့ ကောက်ချက်က မှားနိုင်သေးတယ်!
    လုပ်ရပ်တစ်ခုက မိမိ သူတစ်ပါး dual check (ပညာရှီနဲ့ လူ့အဖွဲအစည်း အစား သူတစ်ပါးကို အစားထိုးရင်) မထိခိုက်ဘူး ကောင်းကျိုးပေးတယ် ဆိုရင်လုပ်သင့်တယ်
    သူတစ်ပါးဆိုတော့ လူနည်းစု လူအများစု အနည်းအများ ပါလာပြီးလား? လူတစ်အုပ်စု ကောင်စားရေးလား? Hitler ကိုကြည့်ရင် အဆုံးစွန်ဆုံး ရလက်ကိုကြည်ရင် အဖြေထွက်ပါတယ် (ဒါကြောင်လည်း ပညာရှီလိုပဲ ပြောပုံရပါတယ်) အဲ့လိုပဲ ဘုရားအလောင်း တောထွက်တော့ မိဘဆွေမျိုးသားချင်း တစ်အုပ်စု ဆင်းရဲမှုဖြစ်တာဟာ ရလက်အဆုံးမှာ သာဂီဝင်တွေရော လူအများစုရော ကောင်းကျိုပြုတဲ့အတွက် အဆုံးမှာ ကောင်သောရလက်ဖြစ်ပါတယ် 😅

    • @MosesHan369
      @MosesHan369 Před 7 dny

      ရလက်ဘယ်လို ထွက်လာနိုင်တယ်ဆိုတာကတော့ ငါ့ညီပြောသလိုပဲ သိနိုင်ခဲတယ် ဆိုတော့ စေတနာအမှားတွေတောဖြစ်နိုင်တာပေါ့ chemical fertilizer ထွင်ခဲ့တဲ့ လူရဲ့လုပ်ရပ် nuclear bomb ထွင်သလိုပေါ့ ငြိမ်ချမ်းရေးကိုယူဆောင်ပေးတဲ့ ရလက်ဖြစ်နိုင်သလို ကမ္ဘာဖျက်နိုင်တဲ့ threat ရှီလာတာပေါ့ AI တွေလဲပေါ်လာပြီဆိုတော့ 😅
      မှက်ချက် တစ်ခုကောင်းတာက ဗုဒ္ဓ ဘာသာအရ စေတနာကို အဓိက ထားတွက်တော့ မဆိုသေးဘူးပဲ😂

    • @MosesHan369
      @MosesHan369 Před 7 dny

      ငါ့ညီပြောသလိုပဲ ရလက်ကို ကြိုသိနိုင်ဖို ခက်တယ် chemical fertilizer ထွင်တဲ့သူရယ် nuclear bomb ထွင်တာလို ငြိမ်ချမ်းရေးကို ယူဆောင်ပေးတာလား? ဘာပဲပြောပြော ကမ္ဘာဖျက်နိုင်တဲ့ threat ကတော့ ဖြစ်လာတာပဲ AI တွေလဲ ပေါ်လာပြီဆိုတော့

    • @MosesHan369
      @MosesHan369 Před 7 dny

      စေတနာ အမှားတွေက တော့ရှီမှာပဲ😅 တစ်ခုကောင်းတာက ဗုဒ္ဓဘာသာမှာ စေတနာ ကို အဓိက တွက်တယ်ဆိုတော့ အဖြေထွက်တာက စိတ်ကောင်းစေနာကောင်းနဲ့ ရေရှည်အကျိုးကိုမျှော်မှန်းပြီး လုပ်ရုံရှီတော့တာပဲ

    • @RamblingsbyHein
      @RamblingsbyHein  Před 7 dny

      Morality ဆိုတာကလဲ တွေးလေရှုပ်လေကိုး 😁

  • @Hanayama-z3z
    @Hanayama-z3z Před 24 dny

    bro youtubeမှာဦးဆန်းလင်းရဲ့ကာလမသုတ်ရှင်းတန်းကိုကြည့်ကြည့်ပါဒီထက်တွေးစရာရမယ်လို့ထင်ပါတယ် broကကြည့်ပြီးနေပြီလားတောင်မသိပါဘူး

    • @RamblingsbyHein
      @RamblingsbyHein  Před 23 dny

      နားထောင်ကြည့်တယ်။ ပါဠိလိုတွေများတော့ သိပ်နားမပေါက်ဘူးဗျ။ ကျွန်တော်ပဲ ဉာဏ်မမှီလို့လား မသိဘူး။

  • @wanyayyanyan
    @wanyayyanyan Před měsícem +1

    abortion ကတော့ ပါဏာတိပါတ ပါပဲ ကျွန်တော်ကတော့ အဲလိုပဲမြင်တယ်

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem +1

      အဲ့ဒီကိစ္စက‌ ဘာသာရေးအမြင်နဲ့တော့ ကိုယ်ယုံကြည်တာ ယုံလို့ရပါတယ်။ ယုတ္ထိနည်း သိပ္ပံနည်းနဲ့တော့ အဖြေပေးလို့ မရဘူးဗျ။

  • @user-ey5ky2fo4x
    @user-ey5ky2fo4x Před měsícem

  • @DhammaDharna
    @DhammaDharna Před měsícem +1

    07:31 ကုသိုလ် အကုသိုလ် တရားဆိုတာ ကိုအဓိပ္ပါယ်ဖွင့်ရမယ်လေ ၊ ဘုရားအဓိပ္ပါယ်ဖွင့်ခဲ့တာက
    ကုသိုလ်- လုပ်နေတုန်းမှာလည်း စိတ်ချမ်းသာမှုကိုပေးတယ် လုပ်ပြီးနောက်မှာလည်း စိတ်ချမ်းသာမှုကိုပေးနိုင်တယ် အခြားသူမှာလည်း စိတ်ချမ်းသာမှုဖြစ်စေတယ် မိမိအတွက် သူတပါးအတွက် အကျိုးရှိတယ်။
    အကုသိုလ် - လုပ်နေတုန်းမချမ်းသာဘူး လုပ်ပြီးနောက် စိတ်မအေးရဘူး မိမိ သူတပါး နှစ်ဖက်လုံးအကျိုးဆုတ်ယုတ်စေ မြင်ရတဲ့အခြားလူများမှာလည်း စိတ်မချမ်းသာစေဘူး ။ ဒီလောက်ဆို Morale principle dilemma ကို ရှင်းလောက်ပါပြီနော်။
    ဘုရားရှင် စကားက ရှင်းပါတယ် bro က တမင်ချန်ခဲ့တာလား?၊ လုပ်ရပ်တခုနဲ့ပတ်သက်လာရင် အကျိုးရှိတာ၊မရှိတာ အပြင် ကိုယ့်စိတ်နှလုံးအေးချမ်းမှုကိုပေးသလား၊ ကိုယ်အရင်လုပ်ဖူးခဲ့တုန်းကရော စိတ်ကတကယ်ချမ်းသာရဲ့လား၊ ဒါကိုလုပ်တဲ့အခြားသူရော စိတ်ချမ်းသာရဲ့လားအကျိုးရှိကြရဲ့လား၊ ဒါကိုလုပ်ရင် အကျိုးရှိမယ်လို့ရောကိုယ်ပိုင်ဆင်ခြင်ဉာဏ်နဲ့လက်ခံရဲ့လား၊ အများပညာရှိများကရောဘယ်လိုသတ်မှတ်ကြသလဲဆိုတာကို ကြည့်ရမယ်။ အားလုံးဆင်ခြင်ပြီး ကောင်းရင်လုပ်ပါ ဆက်လုပ်ပါ မကောင်းရင်ဖယ်ပါ ရှောင်ပါ သိပ်ကို မှန်ပြီး ပြည့်စုံပြီးသားပါ၊ လူတွေက သေချာ မဆန်းစစ်တတ်ကြရုံပါ။
    နောက်တခါ topic တခုကို သဲရောရောကျောက်ရောရော မလုပ်ပါနဲ့ ပြည့်စုံအောင်လေ့လာပါ ပြည့်စုံအောင်တင်ပြပါ။ bro!!

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem

      တကယ်လဲ တမင်ချန်ခဲ့တာပါပဲဗျ။ ဒီ အကြောင်းအရာက ဗုဒ္ဓဘာသာတွေအတွက်သာမကပဲ ဘယ်သူပဲ ဖြစ်ဖြစ်စဉ်းစားလို့ရအောင် ကျော်သွားလိုက်တာပါ။ bro ပြောသလို နည်းနဲ့ ကုသိုလ်အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် အနောက်နိုင်ငံတွေမှာ တိရစ္ဆာန်‌တွေကို အပျော်အမဲလိုက်ထွက်တာတို့ ငါးမျှားတာတို့က ကုသိုလ်ရတယ်လို့ အဓိပ္ပါယ်ထွက်မှာပေါ့။ ကိုယ်လဲ စိတ်ပျော်တယ်။ သူများတွေလဲ ပျော်တယ်။ ဟင်းစားရလို့ အကျိုးလဲရှိတယ်လေ။ ဘယ်ဟာက ကုသိုလ်လဲ အကုသိုလ်လဲ နှစ်ဖက်လုံး သဘောတူတဲ့အဓိပ္ပါယ်သတ်မှတ်ချက်ရဖို့ ခက်တယ်လို့ ယူဆလို့ တမင်ကျော်သွားလိုက်တာပါ။

    • @DhammaDharna
      @DhammaDharna Před měsícem

      @@RamblingsbyHein don't mix up my bro. One size does not fit with all. ကာလမသုတ်လည်းဗုဒ္ဓစကားပဲ ဗုဒ္ဓဖွင့်ပြ‌တဲ့ကုသိုလ် အကုသိုလ်ဆိုတာလည်း ဗဟုသုတ စာလေး ၂ကြောင်းလောက်ပဲဗျာ လူတိုင်းသိသင့်တာပဲ။ bro က ကီးကြောင်နေပြီဗျ။ philo ရှုထောင့်ကနေပဲ သူကတော့ ကုသိုလ်အကုသိုလ်ကို ဘယ်လို ပြောထားပါတယ်ပဲ ထည့်ပြောလိုက်ဦး ရသေးတယ်ဗျ။ ထားပါတော့လေ bro ခေါင်းစဉ်ကိုက်အောင် ညှိထားရတာဆိုတော့ မသိမသာလေး ချန်ခဲ့မှာပေါ့ဗျာ။
      Btw, hunting က တဖက်သားသေရတယ်လ object ကဆုတ်ယုတ်သွားရတယ်လေ နှစ်ဖက်အကျိုးဘယ်မှာဖြစ်သတုန်း ?!

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem

      မသိမသာချန်ခဲ့တာ မဟုတ်ပါဘူးဗျာ။ ဒီဟာ‌ေတာ့ ခဏဖယ်ထားလိုက်မယ် ပြောပြီး‌တော့ကို ချန်ထားတာပါ။
      ကုသိုလ်အကုသိုလ်နဲ့ ပတ်သက်လို့ ဘရိုပြောတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်ဆိုတဲ့ အထဲမှာ တိရစ္ဆာန်တွေ ပါမှန်းမသိလို့ပါ။ ပါတယ်ဆိုရင် အသားစားတာ အကုသိုလ်ဖြစ်လားဗျ။

    • @DhammaDharna
      @DhammaDharna Před měsícem

      @@RamblingsbyHein စားတာနဲ့ မတော်တဆ သတ်မိတာမျိုး မရည်ရွယ်ပဲ ထိခိုက်တာမျိုးက ပါဏာတိပါတကံ မဖြစ်ပါဘူး။ စိတ်ဆန္ဒ ထက်သန်မှု လျော့ရဲမှုပေါ်မူတည်ပြီး ကံအကျိုးပေးက အနိမ့်အမြင် ကွဲပြားနေပါသေးတယ်။ လောကမှာ သံလိုက်က အဖိုနဲ့အမဆွဲငင်တယ် အပွင့်ပွင့်တဲ့အပင်က အပွင့်ပွင့်တယ် အသီးသီးတဲ့အပင်က အသီးသီးတယ် ဆိုတဲ့သဘာဝတရားတွေလိုပဲ ဗုဒ္ဓဟောကြားခဲ့တာတွေက အရှိတရား နိယာမ တွေပါပဲ။ များများလေ့လာလေလေ မှန်ကန်တာတွေ့ရလေပဲ။ ကျွန်တော်က ရူပဗေဒ၊ biology နဲ့ cosmology ကို အတော်ကြီးစိတ်ဝင်စားလို့လေ့လာနေတဲ့လူပဲ၊ ဗုဒ္ဓစာပေနဲ့ တွဲပြီးလေ့လာကြည့်တော့ အမြင်တွေကိုပိုကျယ်ဝန်းသွားရတယ် ကိုယ်တွေ့ပါ။

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem +2

      ကိုယ်တိုင်သတ်မစားပေမဲ့ သူများအသားကို စားတဲ့အတွက် အစားခံရတဲ့ သတ္တဝါက အကျိုးမယုတ်ဘူးလားဗျ။ ပံ့သကူသားဆိုရင်‌တောင် ကျွန်တော်တို့သာ မစားရင် ၀က်ဒိုင်ကြက်ဒိုင်တွေ ဘယ်ရှိပါ့မလဲ။ တိရစ္တာန်တွေအတွက် အကျိုးရှိမရှိ ထည့်တွက်ရမယ်ဆိုရင် လူတိုင်းသက်သက်လွတ် စားသင့်တယ်လို့ ကောက်ချက်ချရမှာပေါ့။ အသားစားတာ သက်သက်လွတ်စားတာ မှားတယ်မှန်တယ် ပြောချင်တာ မဟုတ်ပါဘူး။ ကုသိုလ်အကုသိုလ်က ဘာသာ ယုံကြည်ချက် မတူရင် အဓိပ္ပါယ်ဖွင့်ရခက်တဲ့အတွက် လိုရင်းမရောက်မှာစိုးလို့ ဒီဗီဒယိုမှာ ချန်ထားခဲ့တာကို ပြောချင်တာပါ။

  • @myothant6317
    @myothant6317 Před měsícem

    ကျွန်တော်အမြင်တော့ ပညာရှိသတ်မှတ်တာ ဗုဒ္ဓဘာသာက ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတွေ့ကို သတ်မှတ်တာ သူတို့ပြောတယ်ကောင်းတယ်အကျိုးရှိဟာဆိုတာလည်း ပိဋိကတ်သုံးပုံးထဲ့ပြန်ရောက်သွားပြန်ရော့ အဲထဲ့မှာပါတယ်‌ရေးထားတယ် ဟာယုံရမလားဆိုတော့ 😂 ရဟန္တာအရိယာပညာရှိဆိုတာ ဘယ်သူမှန်မသိတော့ သူများကရဟန္တာဆို‌တာ ကိုယ်ကို့အရိယာလို့ပြောတယ်သူကိုပဲ စံထားရမလား ယုံရမလားဆိုပြီးလည်နေပြန်ရော😂 နောက်ဆုံးတော့ ကိုယ်ထင်ရာ ကြိုက်ရာကောင်းနေကြတာပဲ bro😅

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem +1

      ပညာရှိဆိုတာ ဘယ်သူ့ခေါ်သလဲ အငြင်းပွားစရာဖြစ်တာ ထားပါ‌တော့။ အကျိုးရှိလား မရှိလား ဆိုတာက‌တော့ ကိစ္စအများစုမှာ ပိဋကတ်ထဲ သွားကြည့်စရာ မလိုပါဘူး‌ဗျ။ တစ်ခုခုလုပ်လို့ ကိုယ့်အတွက် ပိုက်ဆံရတယ်၊ ပညာရတယ်၊ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှု တစ်ခုခုရတယ်ဆို အကျိုးရှိတာပေါ့။

    • @myothant6317
      @myothant6317 Před měsícem

      @@RamblingsbyHein သူတပါးမထိခိုက်ဘဲ ကိုယ်စိတ်ချမ်းသာရင် ‌ကောင်းတယ်လို့တော့ကျွန်တော်မြင်တာပဲ ဒါပေ့မယ် ဘာသာရေးကို မယုံတယ်အတွက် ကျွန်တော်ကို မိစ္ဆာဒိဌိလို့ခေါ်ကြပြန်ရော၊ သူတို့ပြောတာယုံကြည်မူသက်သက်ပဲ အားလုံးမမှားပါဘူး ဒါပေ့မယ်အားလုံးလည်းမှန်မနေပြန်ဘူး တကယ် research လိုက်ကြည်တော့လည်း အထင်အမြင်ယုံကြည်မူသက်သက်ဖြစ်နေပြန်ရော။သရဲကိုလူအများစုယုံကြတာပဲ တွေ့ဘူးလားဆိုမတွေ့ဘူးတာများတယ်။ ဘယ်သွားကြည် ညာသွားကြည်ပြောတာပဲ အခုထိမတွေ့ရသေးဘူး ပူးတာတော့ခဏ ခဏတွေ့နေတာပဲ bro။

    • @khine-rt9sk
      @khine-rt9sk Před měsícem

      ရဟန္တာနဲ့ အရိယာတွေ ဆိုတိုင်း ကာလသုံးပါး သစ္စာလေးပါး အကြောင်းတရား နှင့် အကျိုးတရား ကို ဘုရား ကလွဲ လိုဘယ်ပုဂ္ဂိုလ်မှ မသိဘူး (မဟာဗုဒ္ဓဝင် စတုတ္ထတွဲ စာမျက်နှာ၁၁၄ အရှင်သာရိပုတ္တရာ မထေရ် မှဝိနည်းသိက္ခာပုဒ်ပညတ်ရန် တောင်းပန်လျှောက်ထားချက်ကို ဖတ်ကြည့်ရင်သိနိုင်တယ် ) ဘုရားလက်ထက်မှာ တရားဟောတယ်ဆိုတာ ဘုရားရှင်က အရဟတ္တဖိုလ် ရနိုင်မယ့်သူကို ကြည့်ပြီးဟောတာ ဒါကလဲ ဘုရားသာလျင် ကြံနိုင်တယ်ဆိုတာ စာတွေဖတ်ရင် သိနိုင်တယ် ဒီတော့ ဘရို ဘုရား သက်ရှိထင်ရှားမရှိတဲ့ အချိန် မှာ လူပုဂ္ဂိုလ် ကို ဦးတည်ပြီး ဘာသာရေးဦးညွတ်တာထက် တရားဓမ္မတွေ ကို ဦးချတာ ပိုမမှန်ပေဘူးလား ဓမ္မံသရဏံ ဂစ္ဆာမိ ဆိုတာ အလကားမဟုတ်ဘူးလေ ပိဋိကတ် သုံပုံ ဆိုတာ ရွှေချပြီး ဘုရားစဉ် မှာထား ဖို့ မှမဟုတ်တာ ကိုယ်တိုင်နားမလည်ရင်လဲ ဓမ္မကထိကသံဃာဆို တာ အလွယ်ပြောရရင် ခဗျားကို Short Notes တွေပေးနိုင်တဲ့သူတွေပဲ
      ဒါပေမယ့် ညဏ်ရည်လေးတော့လိုတယ်
      ❤❤❤

    • @Tawn-Resharing
      @Tawn-Resharing Před měsícem

      ဘုရားကလမ်းညွှန့်တာ၊ တရားဆိုတာဘရားဟောခဲ့တာကိုမှတ်တမ်းတင်ထားတာ၊သယ္ာဆိုတာ ဘရားဟော့ခဲ့တဲ့တရားကို
      ထိန်းသိမ်းပို့ချရတာ၊