Video není dostupné.
Omlouváme se.

ငွေ၀ယ်ကျွန်စနစ်က လူသားဆန်သလား

Sdílet
Vložit
  • čas přidán 8. 06. 2024

Komentáře • 20

  • @kozaunghtat7766
    @kozaunghtat7766 Před 3 dny

    ခုမှနားထောင်ဖြစ်တာသဘောကျနှစ်ခြိုက်မိပါတယ်။ကျေးဇူးပါ။

  • @yelinoo2612
    @yelinoo2612 Před 5 dny +1

    လူကောင်းတွေ လူဆိုးတွေထက် လူသားအားလုံး ငါးပါးသီလလောက်လုံနေရင်ကို တော်တော်အဆင်ပြေနေပါပြီ ............သူများဟာလည်း မခိုး သူများသားသမီးလည်းမပြစ်မှား သူများအသတ်လည်းမသတ် မူးယစ်စေတတ်တာတွေလည်းမသောက်မစား လိမ်လည်းမပြောဘူးဆို လူ့ဘောင်လောကကြီးက တော်တော်နေလို့ကောင်းသွားမှာပါ တိုးတက်တာတွေနောက်ထား အားလုံးစိတ်ချမ်းသာကြမယ်လို့တော့ထင်မိတယ်

    • @shazamthunder6688
      @shazamthunder6688 Před 4 dny

      ဗုဒ္ဓ ဘာသာ ကိုဘယ်သူမှ မကိုးကွယ်ကြဘူးကမ္ဘာကြီးနဲ့ ယှဥ်ကြည့် buddish ကိုးကွယ်တဲ့လူတွေက စိတ်ဆင်းရဲတယ်
      လူဆင်းရဲတယ် အများစု

  • @ag2k607
    @ag2k607 Před 2 dny

    အကို့ content တွေက ရွှေတွင်းပဲ

  • @PyaePhyoeMaung-uk7vp
    @PyaePhyoeMaung-uk7vp Před 24 dny

    Please keep going bro
    I'm addicted to your videos 😭

  • @lynn7627
    @lynn7627 Před měsícem +1

    The most identifying trait of humanity is our abilty to be inhumane to one another.

  • @soekhantkyaw070
    @soekhantkyaw070 Před 28 dny

    နဲနဲ‌ေတာ့ခေါင်းရှုပ်သွားပြီ

    • @RamblingsbyHein
      @RamblingsbyHein  Před 27 dny +1

      ကျွန်တော် တစ်‌ယောက်ထဲ ရှုပ်လို့ အားမရတာနဲ့ အင်တာနက်ပေါ်တင်ပြီး သူများတွေပါ ရှုပ်ခိုင်းထားတာ 😁

    • @playerk2408
      @playerk2408 Před 21 dnem +1

      😂😂​@@RamblingsbyHein

  • @Supragtr-j3u
    @Supragtr-j3u Před 16 dny

    Yoooo🤍

  • @ttuu9184
    @ttuu9184 Před měsícem +1

    Atheist or agnostic ?
    broက

    • @RamblingsbyHein
      @RamblingsbyHein  Před měsícem +3

      ဖန်ဆင်းရှင်ဘုရား ရှိလားမရှိလားဆိုတဲ့ ယုံကြည်မှုနဲ့ ပတ်သက်ရင်တော့ Agnostic ပဲ။ ဘ၀နေထိုင်နည်းနဲ့ ပတ်သက်ရင်တော့ Buddhist ဘက်ကို ယိမ်းတယ်ဗျ။

  • @mexatenxlll
    @mexatenxlll Před 21 dnem

    broက လူသားဆန်ခြင်းကို definativeငြင်းတာမဟုတ်ဘဲ ဝေါဟာရအခြေပြုငြင်းနေတာပဲ။ လူသားဆန်ခြင်းကို လူသားတွေရဲ့အမူအကျင့်လို့ ဝေါဟာရအပေါ်ယူဆကောက်ချက်စွဲထားရုံသက်သက်ပဲ။ တကယ်က လူသားမဆန်တဲ့လူ့အပြုမူတွေကြောင့် လူသားဆန်ချင်စိတ်၊ပိုမိုကောင်းမွန်တဲ့လူ့ဘောင်ကိုဦးတည်လာတဲ့အခါ ဒီစကားလုံးဖြစ်လာတာပဲ။
    နောက်ပြီး western ideologyကနယ်မြေသိမ်းပြီးပျံ့ပွားလာတတ်ပေမယ့် ဒဿနပညာရှင်တွေကနယ်မသိမ်းသလို နယ်သိမ်းတဲ့ အထက်ပိုင်းကလူတွေကလည်း ဒီလိုအတွေးခေါ်ကိုလက်ခံတယ်လို့မဆိုနိုင်ဘူး။ ဆိုတော့ နယ်လည်းချဲ့သေးတယ် လူသားဆန်ခြင်းတွေလာပြောနေတယ်လို့ပြောတာက ယုတ္တိအမှားသာသာပဲဖြစ်နေပြန်တယ်။
    ဗမာအနက်ကိုမကြိုက်ရင်တော့ အဘိဓာန်ကိုသာ စောဒကတတ်သင့်ပါတယ်။

    • @RamblingsbyHein
      @RamblingsbyHein  Před 21 dnem +2

      ဟုတ်ပါတယ်။ ကျွန်‌တော်ကလဲ ဝေါဟာရကိုပဲ မကြိုက်တာပါ။ အဘိဓါန်ကို စောဒကတက်ရအောင် ပြဿနာက မြန်မာအဘိဓါန်စာအုပ် ကိုလှန်ရှာရင်လဲ အဲ့ဒီ စကားလုံး မပါဘူးဗျ။ တရား၀င် အဓိပ္ပါယ် သတ်မှတ်ချက် မရှိလို့ ခက်နေတာ။
      ဆိုလိုရင်းကတော့ လူမှန်ရင် လူသားဆန်အောင်နေ ဆိုတာမျိုး ပြောတဲ့အခါ ဘာကို ပြောချင်မှန်း မသိတဲ့အတွက် မကြိုက်တာပေါ့ဗျာ။ စကားကပ်ပြောတယ်လို့ ထင်လဲထင်လို့ရပါတယ်။ 😁
      နောက်တစ်ခုက ဒဿနပညာရှင်က သက်သက်၊ နယ်ချဲ့အုပ်ချုပ်သူတွေက သက်သက်ပဲ‌ဆိုတာတော့ မဟုတ်ဘူးဗျ။ အဲ့ဒီခေတ်က နယ်ချဲ့အုပ်ချုပ်သူတွေမှာလဲ သူတို့ခေတ်မှာ ထွန်းကားတဲ့ အတွေးအခေါ်တွေ ရှိတတ်ပါတယ်။ ကျွန်‌တော် ပြောတဲ့ ငွေ၀ယ်ကျွန် ကိစ္စဆိုရင် နယ်ချဲ့အုပ်ချုပ်သူ လူတန်းစား‌တွေက ဥပဒေပြု အရေးယူခဲ့တဲ့အတွက် ပပျောက်သွားတာပါ။
      တခါတလေ အဲ့ဒီခေတ်မှာ အတွေးအခေါ်တွေက ရှေ့ရောက်ပြီး စနစ်တွေက နောက်မှာ ကျန်နေတာတော့ ရှိတယ်။ အမေရိကမှာ All men are created equal ဆိုပေမဲ့ မိန်းမတွေ လူမည်းတွေတော့ မပါသလိုပေါ့။ ဒာတွေးအခေါ်ကိုလိုက်ပြီး စနစ်ကို ပြောင်းလဲဖို့ အချိန်ယူရတယ်လို့ပဲ မြင်တယ်။ အုပ်ချုပ်သူတွေမှာ ခေတ်မီတဲ့ အတွေးအခေါ် မရှိလို့ မဟုတ်ပါဘူး။

    • @RamblingsbyHein
      @RamblingsbyHein  Před 21 dnem +2

      ကျွန်တော့်ဆိုလိုရင်းကတော့ လူအခွင့်အရေးတန်ဖိုးထားတာ၊ လူတစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုကို လေးစားတာ အစရှိတာ‌တွေကို လူသားဆန်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ရင်လဲ ရပါတယ်။ ဒါပေမဲ့ အဲ့ဒီလို သတ်မှတ်ရင်တော့ အနောက်တိုင်းသားတွေက အရှေ့တိုင်းသားတွေကို လူသားဆန်‌အောင် သင်ပြပေးခဲ့တယ်ဆိုတာလဲ လက်ခံရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးတို့ ဘာတို့ဆိုတာ အနောက်တိုင်းမှာ မြစ်ဖျားခံတဲ့ အယူအဆတွေမို့ပါ။ အဲ့ဒါကို ထောက်ပြချင်တာပါ။

    • @mexatenxlll
      @mexatenxlll Před 21 dnem

      @@RamblingsbyHein အနောက်တိုင်းသားတွေကအရှေ့တိုင်းသားတွေကို လူသားဆန်အောင်သင်ပြပေးခဲ့တယ်လို့မှတ်လို့မရဘူးဗျ။ လူသားဆန်ခြင်းဆိုတဲ့ ဒဿနကိုပဲပျံ့ပွားစေခဲ့တယ်လို့ပြောလို့ရမယ်။ အရှေ့တိုင်းမှာလည်း လူသားဆန်ခြင်းရဲ့englishအနက်ကို နားလည်လက်ခံထားကြလိမ့်မယ်။ ဒါဆိုဘာလို့ ဂျပန်တွေရက်စက်တာလဲတို့ အရှေ့တိုင်းမှာလည်းကျွန်ပြုနေတာပဲလို့ပြောမယ်ဆို အနောက်တိုင်းလိုပါပဲ ideology နဲ့ practiceလုပ်တာနဲ့ကမတူပြန်ပါဘူး။ဘရိုပြောသလို စနစ်ကနောက်ကျနေတဲ့သဘောပါပဲ။ အဲ့တော့ လူသားဝါဒကိုမိတ်ဆက်ခဲ့တယ်ဆိုမှန်ပေမယ့် လူသားဆန်တတ်အောင်သင်ပေခဲ့တယ်ဆိုတာတော့မမှန်ပါဘူးလို့မြင်ပါတယ်။

    • @RamblingsbyHein
      @RamblingsbyHein  Před 20 dny +1

      အဲ့ဒါဖြင့်လဲ သင်ပေးခဲ့တယ်လို့ မသုံးဘူးဗျာ။ လူသားဆန်ခြင်းဝါဒကို အနောက်တိုင်းမှာ အရင်ဖော်ထုတ်ခဲ့ပြီး အရှေ့တိုင်းနဲ့ မိတ်ဆက်ပေးခဲ့လို့ အရှေ့တိုင်းသား‌တွေလဲ လူဆန်လာခဲ့တယ်ပေါ့။ အဲ့ဒီလို သုံးမယ်ဆိုရင်တောင် အနောက်တိုင်းသား‌တွေ မရောက်ခင် အရှေ့တိုင်းက လူမဆန်ဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်‌နေတယ်။ အဲ့ဒါကြောင့် အဲ့ဒီစကားလုံးကို မကြိုက်တာ။ 😅
      ဒါနဲ့ အရှေ့တိုင်းမှာ ဂျပန်တွေ လူသတ်တာတို့၊ အိန္ဒိယမှာ လူတန်းစားခွဲတာတို့က အတွေးအခေါ်က ရှေ့ပြေးပြီး စနစ်က နောက်မှာကျန်ခဲ့တာလို့ ပြောလို့ မရဘူးဗျ။ သူတို့အတွေးအခေါ်ကိုက ဒီအလုပ်တွေဟာ တရားမျှတတယ် လုပ်သင့်တယ်လို့ ထင်လို့ လုပ်ခဲ့တာတွေ။ နှစ်ဆယ်ရာစုနှောင်းပိုင်းက အနောက်တိုင်းသား‌တွေလို ‌ပြောတော့တမျိုး လုပ်‌တော့တမျိုးဖြစ်နေတာ မဟုတ်ဘူး။ ပြောလဲပြော လုပ်လဲလုပ်‌နေကြတာ။

    • @mexatenxlll
      @mexatenxlll Před 20 dny

      @@RamblingsbyHein philosophyက practiceကိုသတိထားမိပြီးဖြစ်လာတတ်တယ်။ humanism ဆိုတဲ့ဝေါဟာရနဲ့အနက်ကို သိသည်ဖြစ်စေမသိသည်ဖြစ်စေ အရင်တည်းက လူသားဆန်မှုကရှိနေပြီးဖြစ်တယ်။
      စကားလုံးမကြိုက်တာတော့ အဲ့ထက်အဆင်ပြေတဲ့ အသုံးလည်းမရှိဘူးထင်ပါတယ်။ လူတော်၊လူကောင်းဝါဒလို့သုံးရင်လည်း hypocriteဆန်လွန်းနေဦးမယ် ကောင်းခြင်း၊ဆိုးခြင်းကလည်း subjectiveဖြစ်နေသေးတယ်။ ဒီတော့ ဒီအယူကိုဆန်ကျင်တဲ့ ရက်စက်သူတွေကို လူဆိုးဖြစ်ခြင်းထက် လူသားမဆန်ခြင်း၊လူ့ဖြစ်တည်မှုကနေဖယ်ကျဥ်လိုက်တဲ့အသုံးက ပိုအထိနာစေပါတယ်။