စက်​နန်းရဝိန်
Sdílet
Vložit
  • čas přidán 31. 10. 2019
  • စက်​နန်းရဝိန်​ (စက်​လဲမရွှင်​အလိုက်​ ရဂုံဘွဲ့အလွမ်းပတ်​ပျိုးက​လေး)
    *******
    ​ဆို-​ဒေါ်​မေသန်း
    ခွန်း​​ထောက်
    ***
    သဉ္ဇာလီ​ဘွေပြဒုမှဖြင့်​ ခင်​သာကီတ​မေစုကိုလ ​ဖေယခုပိုက်လှဲ့ဆို
    မလုံ​သေးနိုင်​ဘု တုံ​အေးရှာတင်​တ​မေငဲ့ ရင်​​ရွှေကို ​လေပြည်​ခတယ်​ သဲစိမ့်​ကြွဖို တစ်​သန်းတန်​ရတီဖို့​သော်​လဲ ကြငှန်းပျံကတ္တီမို့မှာ​တော့ မဒီပျို့​ဆောင်​ရိပ်​ခိုငယ်​ အချမ်းပိုပါလို့ ငိုချင်​ဆဲ ​ငွေနှင်​ငယ်​ထန်​ ​ခွေညှင်းတညံညံနှင့်​ ​ရေကင်းသံတဖန်​ကြားရင်​လ လွမ်းအား​တော်​​ပွေဗျာလှိုင်​လို့ ​ကေညှာခိုင်​စုခင်​​လေးမှာ (ကိုယ်​​တော်​​ရေ) ​မှေးစက်​နိုင်​ပဲ။
    စက်​နန်းရဝိန်​ ပတ်​ပျိုး
    ***
    *စက်​နန်းရဝိန်​ ဖြန့်​ထွက်​ခြည်​ ဗာဟီမြန်းတယ်​။
    ပြင်​လမ်းစံတဲ့ချိန်​။ *
    *[​ရောင်​ခြည်​တစ်​​ထောင်​​ဆောင်​​သော ​အလင်း​ဆောင်​​သော နေမင်းသည်​ ​ကောင်းကင်​ပြင်​၌ အ​န္တောဝီထိ မ​ဇ္စျေဝီထိ ဗာဟီဝီထိ
    ဟူ​သော အတွင်းလမ်း အလယ်​လမ်း အပြင်​လမ်း
    လမ်းသုံးလမ်းဖြင့်​ ​ပြောင်း​ရွှေ့သွာလာမြဲဖြစ်​သည်​။
    ဤအချိန်​မှာ ဗာဟီတည်းဟူ​သော အပြင်​လမ်းဖြင့်​သွား​နေ​သောအချိန်​ဟူ၍ဆိုလိုသည်​]*
    ရှစ်​နယ်​ပြန့်​မှိန်​ မြူအိမ်​ဖွဲ့သန်း နှင်း​ငွေကဖျန်းဖျန်း။
    ခွာဖူးငယ်​ငုံခိုင်​နှင့်​ ကြိုင်​ဝတ်​မှုံထုံသင်းတယ်​ မင်းမူခပန်းပန်း။
    { (စမ်း​ရေကွန့်​ညာ ဘယ်​ရက်​ကယ်​စီးဝှန်​လဲ့​သွေး ​မျှော်​​ရေးကုန်​နိုင်​ ညှာပြိုင်​​ဂေါ်ဇင်​ ​တော်​ဝင်​အမှူး မှူးမဲ့ပြင်​ ​ကြွေ​တော့မည်​သွင်​။ ဘယ်​​ကေရှင်​ မဆင်​မြန်းတယ်​ ကုန်းသီဘွဲ့လန်းလန်း။) ​ဒေါ်​မေသန်းဆိုတဲ့အထဲမှာ ဒီအပိုဒ်​ပါပါဘူး }
    နွယ်​နတ်​ကယ်​​ဆွေညာ ပါဘဲမို့သာ။
    ခရာပုံ ကမ်းကုန်​ယဉ်​မူဆန်းနှင့်​​လေး။
    ရဂုံ​ဗွေ လှမ်း​ချွေဆင်​​တော်​ စမ်း​စေရ​လေး။
    နွှဲပျံကြ ​ကျေးသာရကာ ပန်းဘုံကြာ ​ခေါက်​ရှာ​ကျေး ဥသြနှင့်​ဖိုး​ခေါင်​​ရွှေ လွမ်းရန်​​ထွေ​လို့သာ သံကြူ​​အေး။
    သဲခုံပြန့်​ ဇင်​​ယော်​မြစ်​​တွေး ထူး​ခေါ်ကြ​မေး။
    (သဖြန်​) တိမ်​နှယ်​သာ ထပ်​ခါနှင့်​ ဝဠာဆင့်​ဆင့်​ဖြိုး
    တံရှည်​နှိုးလို့ တံပိုးအိမ့်​ရှင်​ ကျူးသံငြိမ့်​လွင်​ မရွှင်​တို့နိုင်​​သေး မြိုင်​ရိပ်​ကယ်​ ချပ်​​မြှောင်​နှင့်​ မြစိမ်း​တောင်​ ​သေလာပြန့်​ငယ်​မှာ ​မျှော်​တန့်​လျှက်​​ဆွေး။ ။
Komentáře • 9
  • @soethein4809
    Good luck with 👍 💓 and thanks 👍 💓 😊 🙏 😀 ☺️ 👍 💓 😊
  • @swanyeebgroup5475
    @swanyeebgroup5475 Před rokem +2
    ဒေါ်မေသန်း other. ရှိရင်တင်ပါအုံးဗျစက်နန်းရဝိန်ကတော့ခေတ်ဟောင်းထဲမှာအကောင်းဆုံးဘဲ
  • @ukmodtts6451
    @ukmodtts6451 Před rokem +3
    Thanks a lot for this song.There are many classical songs sung by Daw May Than. We would be grateful if some of the songs are uploaded
  • @tintwai7679
    @tintwai7679 Před 3 lety +2
    အရမ်းကောင်းပါတယ်
    • @dawmarmarnyo5321
      @dawmarmarnyo5321 Před rokem
      ကျေးဇူးတင်ပါတယ်ကျက်သီးထအောင် ခံစားရပါတယ် အဆိုရှင် ဒေါ်စောမြအေးကြည်လားရှင်
    • @tintwai7679
      @tintwai7679 Před rokem
      အဆိုရှင်က ဒေါ်မေသန်းပါ ခင်ဗျာ့
  • @tintwai7679
    @tintwai7679 Před 3 lety +2
    ကောင်းပါတယ် စီစဥ်တင်ဆက်ပေးသူကို အထူးကျေးဇူးတင်ပါတယ်
    • @dawmarmarnyo5321
      @dawmarmarnyo5321 Před rokem
      ရင်ထဲစွဲနေ စူးနေအောင်ခံစားရပါတယ်
      အဆီအနှစ်ပြည့်ဝသော လွမ်တေးပါ
      ကျေးဇူး အများကြီးအထူးတင်ပါတယ်
  • @soethein4809
    @soethein4809 Před 11 měsíci +1
    Google will Thanks 👌 ☺️ 👍 and 👍 💓 ❤️ 👍 💓 ❤️ 😀 ❤️ 👍