နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ“တည်ကြည်ခိုင်ခံသော အသက်တာ”၊ ပထမနေ့အဓိကအချက် - “ထာဝရဘုရားကို အော်ဟစ်ခြင်း”

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “တည်ကြည်ခိုင်ခံသော အသက်တာ”၊ ပထမနေ့
    အဓိကအချက် - “ထာဝရဘုရားကို အော်ဟစ်ခြင်း”
    ဖတ်ရန်ကျမ်းချက် - ထွက်မြောက်ရာကျမ်း ၁၄း၁-၁၀
    “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။-” (ဆာလံ၊ ၈၆း၃-၄)
    ဒီနေ့ လူတွေတွေ့ကြုံနေရတဲ့ စားဝတ်နေရေးအဆင်မပြေခြင်း၊ ဘာလုပ်လုပ်ကျပ်တည်းပြီး ဘေးကျပ်နံကျပ် ဖြစ်နေခြင်း၊ ထွက်ပေါက်မရှိ၊ ချောင်ပိတ်ခံရသလိုခံစားနေရချိန်တွေမှာ၊ သူကကိုယ့်ကိုမကယ်နိုင် ကိုယ်ကလည်း သူ့ကို မကယ်နိုင်၊ မျော်လင့်ခြင်းတွေနည်းပါးတဲ့ အခြေအနေတွေမှာ မားမားမတ်မတ်ရှေ့ဆက်ရှင်သန်ရပ်တည်ဖို့ ခွန်အားလိုပါတယ်။
    ဒီနေ့အခြေအနေတွေကို ပြုပြင်နိုင်ဖို့ခက်မယ်၊ အနာဂတ်ကိုသိမြင်နိုင်တဲ့ စွမ်းအင်တွေမရှိသော်လည်း အနာဂတ်ကိုပိုင်တဲ့ ဘုရားသခင်နဲ့အတူရှိပြီး၊ အရာရာကို တည်ကြည်ခိုင်ခံစွာ ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ လူတွေဖြစ်ဖို့လိုပါတယ်။
    ထွက်မြောက်ရာကျမ်း ၁၄ မှာ မောရှေသည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှခေါ်ထုတ်ခဲ့တယ်။ လွတ်မြောက်ပြီ ဟုထင်သောအချိန်မှာပဲ မျော်လင့်ချက်အားလုံးကိုဖျက်ဆီးလိုက်တဲ့ အတားအဆီးဖြစ်တဲ့ ပင်လယ်နီနှင့် အနောက်ဖက်မှ အားလုံးကို ခြေမှုန်းရန်လိုက်လာတဲ့ အဲဂုတ္တုစစ်တပ်ကိုရင်ဆိုင်နေရပါတယ်။ ချောင်ပိတ်မိနေပြီဟု ခံစားနေရတဲ့အချိန်ဖြစ်ပြီး အားလုံးပျက်ဆီးသွားဖို့ အန္တရယ်ရှိသော အခြေအနေလည်း ဖြစ်ပါတယ်။ သတင်းကောင်းမှာ ဘုရားသခင့်နှုတ်ကပတ်တော်၌ မျှော်လင့်ချက်ရှိပါတယ်။ ထွက်မြောက်ရာ ၁၄:၁၂-၁၄ ကို ကြည့်ကြပါစို့။ ယုံကြည်ခြင်း၌ တည်ကြည်ခိုင်ခံစွာ တုံ့ပြန်ရန် နည်းလမ်းသုံးခုကို ဖော်ထုတ်ပြီး သင့်ရှေ့နှင့် နောက်ကွယ်တွင် ရှိနေသော စိန်ခေါ်မှုများကို ရင်ဆိုင်ရချိန်တွင် “ဘုရားသခင်ကယ်တင်ပြီ” ဟု ယုံကြည်စိတ်ချစွာ ပြောဆိုရန်ပါတယ်။
    ၁။ ထာဝရဘုရားကို အော်ဟစ်ခြင်း။ Cry out
    “ဖာရောဘုရင်သည် ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့်၍၊ အဲဂုတ္တုလူတို့ စစ်ချီလာ ကြောင်းကို မြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအား အော်ဟစ်ကြ၏။” (ထွက် ၁၄း၁၀) ချောင်ပိတ်မိ နေချိန်မှာ ကျနော်တို့လုပ်နိုင်တာက ဘုရားသခင်ထံကို အော်ဟစ်ဆုတောင်းဖို့ဖြစ်ပါတယ်။
    ဆာလံ ၈၆း၁-၇ မှာလည်း ဆာလံဆရာရဲ့ ထာဝရဘုရားကိုအော်ဟစ် အသနားခံခြင်းကိုတွေ့ရပါတယ်။ ကျနော်တို့ ရဲ့ တတ်နိုင်စွမ်း အလွန်မှာရှိတဲ့အခြေအနေတွေကို ရင်ဆိုင်ဖို့ ပထမဆုံးလိုအပ်ချက်က အလုံးစုံကိုတတ်နိုင်သော ထာဝရဘုရားကို‌ အော်ဟစ်အသနားခံဆုတောင်းခြင်းဖြစ်ပါတယ်။ တမန် ၄း၂၃-၃၁ မှာ အာဏာပိုင်တွေ ရဲ့ ချုပ်နှောင်ခြင်းနဲ့ ခြိမ်းခြောက်တားဆီးခြင်းတွေကို ခံခဲ့ရတဲ့ တမန်တော်တွေဟာ တပည့်တော်တွေဆီကို ပြန်လာပြီး အခြေအနေတွေကိုတင်ပြတဲ့အခါ အားလုံးက တစ်ညီတစ်ညွတ်တည်း ဘုရားသခင်ကို အော်ဟစ်ဆုတောင်း ပါတယ်။ ဘုရားသခင်ထံမှ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာပြီး လိုအပ်တဲ့ခွန်အားတန်ခိုးများဖြင့် အမှုတော်မြတ်ကို ဆက်လက်ထမ်း‌ဆောင်ဟောပြောကြပါတယ်။
    ဆင်ခြင်ရန် - အကျပ်အတည်းချိန်များမှာ အရာရာကိုတတ်နိုင်သော ဘုရားသခင်ကိုယုံကြည်ပြီး အော်ဟစ်အသနားခံဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံမှ လူတို့ကြံစည်၍မမှီနိုင်တဲ့ ငြိမ်သက်ခြင်းရပါတယ်။
    ဆုတောင်းရန် - ယခုရင်ဆိုင်ကြုံတွေ့နေရသော ကြောက်ရွံ့စရာ အခြေအနေများထဲမှ ကိုယ်တော့်ကို အော်ဟစ်အသနားခံဆုတောင်းပါ၏။ ကယ်မသနားတော်မူပြီး ငြိမ်သက်ခြင်းကိုပေးသနားတော်မူပါ။ အာမင်

Komentáře • 1