ရွှေဘိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး သေနတ်နဲ့ခဲယမ်းအချို့ရရှိခဲ့

Sdílet
Vložit
  • čas přidán 5. 09. 2024
  • ရွှေဘိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး သေနတ်နဲ့ခဲယမ်းအချို့ရရှိခဲ့
    ရွှေဘို၊ ဇူလိုင် ၁၈၊ ၂၀၂၄။
    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စစ်အုပ်စုကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဝင် ၄ ဦး သေဆုံးပြီး စစ်လက်နက်ပစ္စည်းမျိုးစုံကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေဘို)ရဲ့ ပြန်ကြားရေးနဲ့ဘဏ္ဏာရေးတာဝန်ခံ ရဲဘော်ဗလကြီးက ပြောပါတယ်။
    ရွှေဘိုမြိုနယ်၊ ညောင်ကိုင်းရွာတောင်ဘက်ကနေ ညောင်ကိုင်းရွာမြောက်ဘက်မှာရှိတဲ့ ဘန်ကာဆီ ကင်းစောင့်ဖို့လာတဲ့ စစ်အုပ်စုဝင် ၄ ဦးကို ဇူလိုင် ၁၇ ရက် မနေ့မနက် ၆ နာရီကျော်မှာ တော်လှန်ရေးအင်အားစုတွေက ဘန်ကာထဲကနေ ကြိုတင်နေရာယူကာ ၁၅ မိနစ်ကြာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
    တိုက်ခိုက်မှုအပြီး သေဆုံးသွားသူတွေရဲ့ လက်နက်တွေကိုကောက်ယူဖို့ ကြိုးစားပေမယ့် ညောင်ကိုင်းရွာတောင်ဘက်ကနေ လက်နက်ပစ်ကူတွေနဲ့ အဆက်မပြတ်ပစ်နေလို့ သေနတ် ၂ လက်ကိုသာသိမ်းယူခဲ့ပြီး တပ်ပြန်ဆုတ်ခဲ့တယ်လို့ ပြောပါတယ်။
    သေဆုံးတဲ့ စစ်အုပ်ဝင်တွေဆီက MA 1 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ 5.56 ကျည် ၅၀ တောင့်၊ G 3 ၁ လက်၊ Magazine ၃ ခု၊ 7.62 ကျည် ၁၄၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံးနဲ့ စကားပြောစက် ၁ လုံး တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
    အဲဒီတိုက်ခိုက်မှု့ကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေဘို)၊ Special Troop Of Anyar Revolution (S.T.A.R) အညာဒေသအထူးတော်လှန်ရေးတပ်ဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး ရွှေဘို၊ Bo Ba Taw -SHWEBO နဲ့ Golden Eagles - ZBG တို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာပါ။
    ယင်းနေ့ မနက် ၄ နာရီခွဲလောက်ကလည်း အဲဒီ ညောင်ကိုင်းပျူစောထီးရွာကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။
    သတင်း - ခန့်‌အောင်၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP
    #မြေလတ်အသံ
    #စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #တိုက်ခိုက် #တိုက်ပွဲ

Komentáře • 3

  • @KoMyo-dq5kr
    @KoMyo-dq5kr Před měsícem

    မဟာမိတ်တပ်တော်အပေါင်း
    တိုက်ပွဲတိုင်းအောင်နိုင်ကြပါစေ

  • @mintun55
    @mintun55 Před měsícem

    ပြည်သူ့တပ်မတော်သားPDFများဘေးရန်ကင်းပြီးအောင်ပွဲများများရပါစေ

  • @user-ks3cy3zc4d
    @user-ks3cy3zc4d Před měsícem

    okပါ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤