နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ ပဋ္ဌနာတော်ဖြင့်ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ ပထမနေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “အဗ္ဗအဘဟုခေါ်ရသောအခွင့်”
    အဓိကအချက် - ပဋ္ဌနာတော် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့တော်မှောက်သို့တိုးဝင်ချဉ်းကပ်ခြင်း၊ ပထမနေ့
    ဖတ်ရန်ကျမ်းချက် - ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ ၁၇း၁-၅
    “ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အို အဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။- ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။” (ယောဟန်၊ ၁၇း၁-၂)
    ပဋ္ဌနာတော်သည် သခင်ယေရှုကိုယ်တိုင်သင်ကြားပေးခဲ့သော ဆုတောင်းခြင်းပုံစံဖြစ်ပြီး၊ ထိုအချိန်မှစကာ ခရစ်ယာန်များ ခေတ်အဆက်ဆက် အစဉ်တစ်စိုက် အသုံးပြုခဲ့ကြသည့် ဆုတောင်းချက်တစ်ခုဖြစ်သည်။ မဿဲ ၆း၉-၁၃ တွင်တွေ့ရသော ပဋ္ဌနာတော်သည် လုကာ ၁၁း၂-၄ တွင်ထက်အနည်းငယ်ပိုရှည်လျှားသည်။ သခင်ယေရှုက ထိုပဋ္ဌနာတော်နှစ်ခုလုံးကို မတူညီသောနေရာတွင် သင်ကြားခဲ့ခြင်းဖြစ်ပေမည်။ ယခုအခါ ရှင်မဿဲခရစ်ဝင်ကျမ်းတွင်တွေ့ရသော ပဋ္ဌနာတော်အားအခြေပြု ဝေမျှမည် ဖြစ်သည်။
    ပဋ္ဌနာတော်အဖွင့်စကားလုံးများဖြစ်သည့် ‘အဗ္ဗ အဘ’ သည် ခရစ်တော်ကိုယ်တိုင် ဆုတောင်းရာတွင်အသုံးပြုပြီး၊ သခင်ယေရှုနှင့် အဘဘုရားသခင်တို့၏ ရင်းနှီးကျွမ်းဝင်မှုကို တွေ့ရှိရသည်။ ရှင်မာကုခရစ်ဝင်ကျမ်း ၁၄း၃၅-၃၆ တွင် သခင်ယေရှုဆုတောင်းသောအခါ, “ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပျပ်ဝပ်၍ အို အဘခမည်း တော်၊- ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီသည် မိမိနှင့် လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊” လို့ဆုတောင်းပါသည်။ သခင်ယေရှုက ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ သားသမီးများ အနေဖြင့် မည်ကဲ့သို့ ခြေတော်ရင်းသို့ တိုးဝင်ချဉ်းကပ်၍ ဆုတောင်းနိုင်ကြောင်း သင်ကြားပေးခဲ့သည်။
    “အကြောင်းမူကား၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။-' လို့ရှင်ပေါလုက ရောမ 8:15 တွင်ပြောခဲ့ပါသည်။ ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။- ဟု ဂလာတိသြဝါဒစာ ၄း၆ တွင်လည်းဖော်ပြခဲ့ပါသည်။
    သခင်ယေရှု၏အသက်တာသည် အဘဘုရားသခင်ရှေ့တော်မှောက်သို့အမြဲတိုးဝင်ချဉ်းကပ် ဆုတောင်းပဋ္ဌနာပြုပြီး၊ အဘဘုရားသခင်နှင့်အချိန်ယူကာ၊ တိုင်ပင်၊ ခွန်အားယူ၊ မိတ်သဟာယဖွဲ့ပြီး ကယ်တင်ခြင်းအမှုတော်ကို အဆုံး ထိအောင် ထမ်းဆောင်ခဲ့သည်။ သခင်ယေရှု၏ ဆုတောင်းချက်များသည်တစ်ကိုယ်ကောင်းမဆန်ပဲ၊ သူတစ်ပါးအတွက်ဖြစ်ပြီး (ယောဟန် ၁၇) ဘုရားသခင်နှင့်ရင်းနှီးစွာ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် စကားပြောခြင်းဖြစ်သည်။
    သခင်ယေရှုက “ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြု လိမ့်မည်၊ ထိုအမှုတို့ထက် သာ၍ကြီးသောအမှုတို့ကိုလည်း ပြု လိမ့်မည်” ဟု ယောဟန် ၁၄း၁၂ တွင်မိန့်ကြားခဲ့သည်။ ခက်ခဲကြီးမားသောအမှုများကို သခင်ယေရှုကဲ့သို့ လုပ်ဆောင်နိုင်ရန် သူကိုယ်တိုင် သင်ကြားပေးခဲ့သော ပဋ္ဌနာတော်အားဖြင့် သခင်ယေရှုနည်းတူ ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ်ဆုတောင်း ပဋ္ဌနာပြုကြပါစို့။
    ဆင်ခြင်ရန် - သခင်ယေရှုအားဖြင့်ရရှိခဲ့သော အဖဘုရားသခင်အား အဘဟုခေါ်ခွင့်ရသော သားဖြစ်ရသော အခွင့်ကိုတန်ဖိုးထားပြီး၊ သခင်ယေရှုပြခဲ့သော ဆုတောင်းခြင်းပုံစံအတိုင်း အသက်တာတွင် အဘဘုရားသခင် ရှေ့တော်မှောက်သို့ အမြဲတိုးဝင်ချည်းကပ် ဆုတောင်းပဌနာပြုခွန်အားယူကြရပါမည်။
    ဆုတောင်းချက် - အဖခမည်းတော်ဘုရား၊ ကိုယ်တော်ချစ်သောသားတော် သခင်ယေရှုကဲ့သို့ သားသမီးတို့ ကိုယ်တော်ကို အဖဟုခေါ်ဝေါ်ပြီး ဆုတောင်းပါ၏ နားညောင်းတော်မူပါ။ သားသမီးတို့လိုအပ်သော အရာများကိုယ်တော်ကိုယ်တိုင် ပြင်ဆင်မစချပေးသနားတော်မူပါ။ အာမင်

Komentáře •