ခရမ်းသီးနှပ်(အမြန်နည်း)

Sdílet
Vložit
  • čas přidán 21. 07. 2020
  • ခရမ်းသီးနှပ်(အမြန်နည်း)
    ခရမ်းသီးနှပ် အမြန်နည်းဆိုပြီး အထင်မသေးနဲ့နော်။ အရသာက ရှယ်ကောင်းပဲ။
    ခရမ်းသီးနှပ်ကောင်းကောင်းကလဲစားချင်တယ်။ အကြာကြီးလဲမချက်ချင်တဲ့သူတွေဆိုရင်တော့ အခုနည်းလေးနဲ့ ခရမ်းသီးနှပ်စားကြည့်နော်။ အိစံအဖေရဲ့ ချီးမွမ်းတာကတော့ မြေအိုးနဲ့ချက်တဲ့ ခရမ်းသီးနှပ်ပြီးရင် အခုချက်ထားတဲ့ ခရမ်းသီးနှပ်က အကောင်းဆုံးပဲတဲ့။ ဘယ်လိုချက်လိုက်တာလဲဆိုပြီးမေးကော။ အိစံကလဲ တကယ်က လွန်ခဲ့တဲ့ ၅ နှစ်လောက်က အခြားအိမ်မှာစားခဲ့ဖူးလို့ ဒီလိုနည်းလဲချက်လို့ရတာပဲဆိုပြီး အကြံရတာကနဲ့ ချက်ဖြစ်သွားတယ်။ အဲ့ကတည်းက အခုထိ ခရမ်းသီးနှပ်ချက်ရင် ဒီနည်းလေးနဲ့ပဲချက်တယ်။ စားကောင်းတယ်။ လွယ်ကူတယ်။ ဒါဆို ဘာလိုသေးတယ်။ လိုတာကတော့ လိုက်လုပ်စားဖို့ပဲနော်။ အဲ့တော့ ဒီ video လေးကိုကြည့်ပြီး ခရမ်းသီးနှပ်လေး လွယ်လွယ်ကူကူချက်ကြည့်ပါရှင်။
    ပါဝင်သောပစ္စည်းများ
    ၁။ ခရမ်းသီး - ၃၅ ကျပ်သား (သို့) ၁ ပေါင်ခွဲ
    ၂။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
    ၃။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
    ၄။ ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
    ၅။ ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၄ ဇွန်း
    ၆။ ငါးငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
    ၇။ Goody နေကြာဆီ - ထမင်းစားဇွန်း ၈ ဇွန်း
    (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
    (ထမင်းစားဇွန်း = 1 tablespoon = 15 ml)
    ===============================

Komentáře • 2

  • @thansoe3085
    @thansoe3085 Před 2 lety +1

    awesome.thank you.

  • @akdwe2008
    @akdwe2008 Před 3 lety +1

    ကျေးဇူးပဲ အိစံရေ ခရမ်းသီးကို ပထမဦးဆုံး ချက်ဖူးတာ ရှယ်ပဲ 😋