မောင်သိန်းဆိုင် - ပဆစ်အိမ် ( စ-ဆုံး )

Sdílet
Vložit
  • čas přidán 17. 04. 2021
  • ပဆစ်အိမ်မှာ ကြက်ခြေသဏန် လက်ယှက်တည်ရှိကာ လမ်းတွေကို ဖောက်သွယ်ထားသည်။ ကျားတကောင်ဧ။် ပြေးကွက်မှာ ရှစ်ဆယ်ရှိသည်။
    အကွက်ရှစ်ဆယ်ပြေးပြီးနောက် အိမ်သို့ဝင်သည်။"ပြီးသည်။ "
    ကျားမှာ တဘက်ကို ရှစ်ကောင်ထားသည်။ အားလုံးပေါင်း ဆယ့်ခြောက်ကောင်။
    ကြွေက ခြောက်စေ့ရှိသည်။ ခရုတမျိုးဖြစ်သည်။ တဘက်ကစင်းချော။လုံးနေသည်။တဘက်မှာတော့ ပါးစပ်ဟ နေသည့် ချိုင့်ခွက်ရာပါသည်။
    ကြွေစေ့ကို ဝိုင်းလည်ရှိ ကြွေပန်းကန်မှာ တပြိုင်နက်ပစ်ရသည်။
    ခြောက်စေ့လုံး မှောက်လျှင် တစ်ခြောက်။
    ခြောက်ကွက်ပြေး။
    ငါးစေ့မှောက် တလုံးလှန် တဆယ်။
    ဆယ်ကွက်။
    လေးစေ့မှောက် နှစ်လုံးလှန်လျှင် တစ်ပါ။
    နှစ်ကွက်သာ။
    သုံးစေ့မှောက် သုံးလုံးလန် တစ်သုံး။
    သုံးကွက်။
    နှစ်စေ့မှောက် လေးလုံးလန် တစ်လေး။
    လေးကွက်။
    တစ်စေ့မှောက် ငါးလုံးလန် တစ်စိတ်။
    ပြေးကွက်က အကွက်အစိတ်အတိ။
    ခြောက်စေ့လုံးလန်လျှင် တစ်ဘာယာ။
    ဆယ့်နှစ်ကွက်ပြေး။
    သည်ကစားနည်းတွင် တစိတ်က အင်အားအရှိဆုံး။
    တစိတ်၊ တဘာယာ၊ တဆယ်၊ တစ်ခြောက်ပစ်နိင်မှ ကြွေနိုးသည်။ ကြွေနိုးသည်ဆိုခြင်းမှာ စတင်‌ပြေးခွင့်၊ စတင်ကစားခွင့်ရရှိခြင်းပင်။ သို့သော် ကြွေသုံးခါဆက်တိုက် နိုးပြန်တော့ တစ်မှတ်မှမရ။ ကန်းလေသည်။သေလေသည်။
    ကျားကိုပိုဟူ၍လည်း ခေါ်သေးသည်။ ကြွေနိုးမှ ' ပို " တင်ခွင့်ရှိသည်။
    ကျားရှစ်ကောင်လုံးနိုးပြီးနောက် တပါ၊ တစိတ်၊တဘာယာ၊ တဆယ်ကျလျှင် တကွက်ပို‌‌ြေပးခွင့်ရှိသည်။ ဤသည်ကို "ပိုတို့သည်" ဟုခေါ်သည်။
    ‌‌‌ပြေးလမ်းတခုတိုင်း၌ အထိုင်အိမ်တအိမ်ရှိတတ်မြဲ။ အထိုင်အိမ်မှကျားကို သတ်၍မရ။ အထိုင်မှလွတ်နေသောကျားကို ကျစ ဟုခေါ်သည်။
    ကျစ ဘဝသည် အနရာယ်အများဆုံး၊ ဘေးဥပါဒ်အရှိဆုံး။ ထို့‌‌ြေကာင့် အသက်အရွယ်ငယ်သူတို့ကို "ကျစမထောင်စေနှင့်" ဟုလူကြီးသူမတို့က ဆုံးမတတ်ကြသည်။
    ပဆစ်ကစားနည်းတွင် ကျား၊စစ်တုရင်တို့နှင့်ကွာခြားချက်မှာ ကျားတကောင်သေလျှင် တမြုံလုံးသေသည်။
    ကျားတကောင်ကျလျှင်တမြုံလုံး ကျားကွက်မှ ဆင်းပေးရသည်။ ကျနု (စပြေးသောကျားများဖြစ်လာစေရန် )
    ကြွေကိုနိူးပေးဦးရမည်။
    မိမိကျား အထိုင်အိမ်မှာ မြဲစေဖို့ ကျစမထောင်မိစေရန် အရေးကြီးသည်။ သည် ထက်အ‌ရေးကြီးသည်မှာ တဘက်ကျားကိုသတ်ဖို့ပင်။
    သည်ကစားနည်းမှာက မိမိကိုယ်တိုင်‌‌ြေပးဖို့ထက် တဘက်ကျားကို သတ်ဖို့က အရေးကြီးဆုံးဖြစ်သည်။ဤသည်က ပညာခန်းဖြစ်သည်။
    #မောင်သိန်းဆိုင် ရေးသားသော #ပဆစ်အိမ် စာအုပ်ကို အစအဆုံးအနေနဲ့ ဖတ်ပြပေးနေတာဖြစ်ပါတယ်။
    follow me on facebook : m. Tips-for-you-1...

Komentáře • 54

  • @maythitsarhsuaudiobooks4490

    ပဆစ်ကစားနည်း၏ ဝေါဟာရများအား စာဖတ်သူများလေ့လာနိုင်စေရန် Description မှာ ရေးသားဖော်ပြထားပေးပါတယ်ရှင်။

  • @suhtwe358
    @suhtwe358 Před rokem +4

    အသံနေအသံထား မှန်မှန်လေး‌ဖတ်ပြပေးလို့ စာဖတ်သူလေးအသံမှလွဲ၍ မည်သည့်အသံမှ နားမထောင်ချင်တော့🥰

  • @theinsein2348
    @theinsein2348 Před 2 měsíci +1

    အိမ်ထောင်ပြု ကလေးမွေးတာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲလေ။ အနစ်နာခံမှု ပင်ပန်းမှု မွန်းကြပ်မှုရှိပေမယ့် ကိုယ့်ရွေးချယ်မှုပဲ။ ယောက်ျားက စစ်တွေပြောင်းရလို့ လိုက်ခဲ့ပါခေါ်တာ လိုက်သွားခဲ့သင့်တာပေါ့။ အိမ်ထောင်ရေးမှာ အနစ်နာခံ ပေးဆပ်မှု ရှိမှာပါ။ အဲ့ဒါတွေ မသည်းခံနိုင်ရင် လွတ်လွတ်လပ်လပ် လှလှပပ သွားလာ လှုပ်ရှားချင်ရင် နဂိုကတည်းက single life ရွေးပေါ့။ အိမ်ထောင်ရေး ကံဆိုတာ အစိုးမရတဲ့ အပိုင်းရှိသလို ကိုယ့်ရဲ့အားထုတ် ပြုလုပ်မှုနဲ့လည်းဆိုင်တယ် ။
    ကိုယ့်အမြင် ပြောကြည့်တာပါ ဒီဇာတ်လမ်းမှာ ဇာတ်ဆောင်တွေ ဘယ်ကစ အမှားလုပ်ဖြစ်ကြတာလဲ တွေးကြည့်တာပါ

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 2 měsíci

      အရမ်းတော်တာပဲအမ။ ညမဒီစာအုပ်ကိုတွေးမိတိုင်း အကုန်လုံးက သူ့အကြောင်းပြချက်နဲ့သူ မှန်ကြပါတယ်လို့တွေးတာ၊ အမတွေးတဲ့ဖက်လည်း မှန်တယ်လို့ထင်တယ်။ သူ့ဖက်က စလာခဲ့တဲ့ ပြသနာကိုး။

  • @eithet9314
    @eithet9314 Před 3 lety +1

    နားထောင်လို့ကောင်းတဲ့ဇာတ်လမ်းလေးပါ
    ဖတ်ပြတာကျေးဇူးပါရှင့် 🌹❤

  • @nyeinnyeinko1076
    @nyeinnyeinko1076 Před 3 lety +2

    အမ​ရေ မိုမိုအင်းလျားရဲ့ ငြိမ်းကိုရှက်​ပါ လည်းဖတ်​ပြပါဦး အသံ​လေးငြိမ်​ပြီးကြည်​လို့အမြဲနား​ထောင်​ဖြစ်​ပါတယ်​ရှင်​♥


      ဟုတ်ကဲ့ ... ဆရာမရဲ့စာအုပ်တွေ ထပ်ဖတ်ပြဖြစ်နိုင်အောင် ကြိုးစားပေးပါမယ်ရှင့် ။
      ငြိမ်းက်ုရှက်ပါစာအုပ်က ချန်နယ်တခုက ဖတ်ပြထားတာရှိလို့ ဒီပြင်စာအုပ်လေးတွေ ဖတ်ဖြစ်ဖို့ ကြိုးစားပေးပါမယ်ရှင့် ။

  • @naingwinoo9292
    @naingwinoo9292 Před 3 lety +2

    ရင်တွေလဲမောတယ် ... အရမ်းကောင်းပါတယ် ..
    စ ဆုံးလေးတွေပဲ တင်ပေးပါလို့ တောင်းဆိုပါတယ် ... ကျေးဇူးတင်ပါတယ်. ....


      ဟုတ်ကဲ့ရှင့် .... စာအုပ်တွေဆက်ဖတ်ပြပေးသွားပါမယ်ရှင်။

  • @bokinkin5748
    @bokinkin5748 Před 3 lety

    very good i like alot

  • @kyekye6275
    @kyekye6275 Před 3 lety

    ကျေးဇူးပါ🥰🥰😍😘မမ

  • @mamamoe9917
    @mamamoe9917 Před rokem +1

    အားပေးလျက်ပါရှင်😍👏🏻

  • @minthein3909
    @minthein3909 Před 3 lety +1

    Very good Novel 👍👍

  • @winmoetunwinwin3286
    @winmoetunwinwin3286 Před 3 lety

    အရမ်းနားထောင်ကောင်းပါတယ်
    ကျေးဇုးတင်ပါတယ်နော်💗

  • @kothanhtike924
    @kothanhtike924 Před 3 lety +1

    ညစ်ပတ်တဲ့မိန်းမယောကျ်ားတွေနဲ့ြပည်နေတဲ့ပဆစ်အိမ်ဘာနဲ့တူလည်းဆိုတော​ညစ်ပေနေ တဲ့ပါမုန်ပဲမစားပဲဗိုက်အဆာခံပြိးသေလိုက်သာသိက္ခာရှိသည်

  • @yadanarsoe8383
    @yadanarsoe8383 Před 3 lety

    ကျေးဇူးအများကြီးတင်ပါတယ် မမ🙆🏻💛

  • @meichen8206
    @meichen8206 Před 2 lety

    Like it

  • @thuthu4287
    @thuthu4287 Před 3 lety +2

    အရမ်းကောင်းပါတယ်ရှင်
    ဒီဇာတ်လမ်းလေးမာ ယောင်္ကျားလေးတွေရဲ့စိတ်ကတော်တော်ကြောက်ဖို့ကောင်း
    ချစ်ခင်ပြီးယူထားတာတောင် သူတို့လိုအင်မပြည့်ရင်တောင် အချစ်တွေပျောက်ပြီး နောကိတစ်ယောက်ရှာချင်ကြတယ်
    ဒီနေရာမှာ မိန်းကလေးသာ ကျန်းမာသန်စွမ်းနေရင် သူတို့ယောင်္ကျားလေးတွေလို့တော့ ဖောက်ပြန်မှာ မဟုတ်လောက်ဘူး

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      ကိုယ်တိုင်လဲ ဆရာရဲ့အရေးအသားကို
      အရမ်းကိုသဘောကျမိပါတယ်။

  • @user-lb7mv1dq2f
    @user-lb7mv1dq2f Před 10 měsíci

    ❤❤❤❤

  • @winchgordwin9866
    @winchgordwin9866 Před rokem

    ‌ပဒေသ ရာဇာ ဟု ဖတ် ပါ ပဒေသာမဟုတ်ပါ။
    ဝန်ကြီး ပဒေသ ရာဇာ ကို ထန်းတက်သမား ကဗျာ
    နွေဦးကာလ မြူထသောအခါ ကိုတွဲဘက် မြင်ကြပါသည်။
    ဖတ်သွားတာကောင်းပါသည်။
    ကျေးဇူး။

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před rokem

      ဟုတ်ကဲ့ရှင့် ။ ပြင်ပေးတာကျေးဇူးတင်ပါတယ်။ သတိထားပြီးမှတ်သားထားပါမယ်။

  • @dawseinmya299
    @dawseinmya299 Před rokem

    အရမ်းကောင်းတဲ့ဇာတ်လမ်းတပုဒ်

  • @minthantun6969
    @minthantun6969 Před 3 lety +1

    ဆရာမ နုနုရည်အင်းဝရဲ့ စာအုပ်တွေ ဖတ်ပြပါဦးဗျ

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      ဖတ်ပြဖို့ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် ။
      ဆရာမရဲ့စာအုပ်တွေ​က လက်ရှိစာအုပ်တိုက်တွေမှာ ဝယ်ရလွယ်ကူပြီး စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှုရှိနေသေးတဲ့အတွက် မဖတ်ပြဖြစ်ခဲ့တာပါရှင်။
      ​ချန်နယ်အနေနဲ့ကလဲ စာဖတ်သူတွေ ရွေးချယ်မှုနည်းလာတဲ့ စာပေတွေကို ပိုပြီးအလေးပေးချင်တဲ့အတွက် မဖတ်ပြဖြစ်ရတာပါရှင်။

  • @kyikyiaung4002
    @kyikyiaung4002 Před 3 lety

    ကောင်းလိုက်တဲ့ဝတ္ထုလေးဆရာမရယ် သင်စရာပြင်စရာလေးတွေသိလိုက်ရသလို စိတ်မကောင်းလဲဖြစ်မိတယ်

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      ဟုတ်တယ်... ဆရာသိန်းဆိုင်ရဲ့ ဒီလက်ရာကို အရမ်းကိုသဘောကျမိပါတယ်။

  • @JokaLin
    @JokaLin Před 3 lety +1

    အရမ်းကောင်းတဲ့ ဝတ္ထုပါပဲ။ ဖတ်ပြပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      ဟုတ်ကဲ့ .. ကျမလဲ အရမ်းကိုကြိုက်ရတဲ့ စာအုပ်ပါ။

  • @minkhantzaw4973
    @minkhantzaw4973 Před 3 lety

    သာဓု.‘လူပါးဝတယ် ’ စာအုပ် ဖတ်ပြပေးပါလား admin

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      ဟုတ်ကဲ့ ... ကြိုးစားကြည့်ပေးပါမယ်ရှင်။
      အဆင်ပြေရင် ဖတ်ပြပေးပါမယ်ရှင် ။

  • @eieisoemin1581
    @eieisoemin1581 Před 3 lety

    နားထောင်ပြီးအိမ်ကယောက်ကျားကို ပြဿနာရှာချင်သွားတာ ငါတယောက်ထဲလားဟေ့ 😁 ဖတ်ပြပေးတဲ့ညလေးကျေးဇူးပါ ဒီတအုပ်တော့အိပ်မပျော်စတမ်းတထိုင်ထဲနားထောင်မိတာ

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      ဒီစာအုပ်ကတော်တော် ဇဝေဇဝါဖြစ်စေတယ် 😄😄

    • @nyoaye1958
      @nyoaye1958 Před rokem

      ယောကျာ်းတော့မရှိသေးဘူး ရှိတဲ့ရည်းစားရဲ့မျက်နှာကိုမြင်ယောင်ပြီး
      အော်ဂလီဆန်မိတယ် 😂
      ရှောင်စရာဆောင်စရာတွေအများကြီးပါလို့ အရမ်းကြိုက်တယ်

  • @soeminhtwe1050
    @soeminhtwe1050 Před 3 lety

    ကောင်းပါတယ်အသက်၃၀-၄၀-၅၀ အိမ်ထောင်သည်နဲ့ ၁၅-၁၆ အပျိုလေးတွေအတွက် ပိုပြီးဂွင်ကျတယ်
    လေးစားပါတယ်

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      ဟုတ်ပါတယ်ရှင်.... ဒီစာအုပ်ကတော့ ဆရာနိုင်ဝင်းဆွေရဲ့ မသိန်းရှင်ဆီပို့ပေးပါစာအုပ်ပြီးရင် တော်တော် သဘောကျရတဲ့စာပေအရေးအသားတခုပါရှင်။

    • @soeminhtwe1050
      @soeminhtwe1050 Před 3 lety

      May Thitsar Hsu Audiobooks ဆရာနိုင်ဝင်းဆွေရဲ့မသိန်းရှင်ဆီပို့ပေးပါကိုမဖတ်ရသေးဘူးကျော်သွားတယ်ပြန်ဖတ်လိုက်ဦးမယ်မမေရေ

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      @@soeminhtwe1050 recommend ပေးပါတယ်ရှင့် ။ တကယ်ကောင်းတဲ့စာအုပ်ပါ။

    • @soeminhtwe1050
      @soeminhtwe1050 Před 3 lety

      May Thitsar Hsu Audiobooks ဟုတ်ကဲ့ပါဗျ အသေအချာဖတ်ရမယ်

  • @yutin8312
    @yutin8312 Před 3 lety

    ကျမတိုကစားခဲ့တဲ့ကြွေကစားနည်းနဲ့တူတူများလား

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      ဟုတ်ကဲ့ .. ကြွေအန်ကစားနည်းလို့လဲ ခေါ်ကြပါတယ်။

    • @yutin8312
      @yutin8312 Před 3 lety

      @@maythitsarhsuaudiobooks4490 ကျေးဇူးပါ

  • @laylay3623
    @laylay3623 Před 3 lety

    ခင်ခင်ထူး ဝထ္ထု့လေးတွေကြိုက်တယ်

  • @kryptongaming4493

    ဆရာမ ပုညခင်ရဲ့
    တောင်တန်းတွေရဲ့အလွန် ဖတ်ပြပေးပါ

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      ဟုတ်ကဲ့ရှင့် .ဖတ်ပြဖြစ်ဖို့ကြိုးစားကြည့်ပေးပါမယ် ။
      ဒါပေမဲ့ ချန်နယ်က ရှေးဟောင်းစာအုပ်တွေပဲ
      ဖတ်ပြဖြစ်တာ များတာမို့
      အခွင့်ကြုံလာတဲ့အခါ ဖတ်ပြပေးနိုင်အောင် ကြိုးစားကြည့်ပါမယ်ရှင်။

    • @kryptongaming4493
      @kryptongaming4493 Před 3 lety

      @@maythitsarhsuaudiobooks4490 ကျွန်တော်က ဆရာမရဲ့စာဖတ်ပရိတ်သတ်ပါ အရင်ကလောင်ထဲမှ လက်လှမ်းမှီသလောက်အားပေးခဲ့ပါတယ် အခုက၀ယ်ရခက်ခဲလို့ appထဲကလဲ စာလုံးဝါးနေတာတေများနေလို့ ကျေးဇူးပါ စာဖတ်ပရိတ်သတ်အားလုံးကိုယ်စား❣️❣️❣️

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      @@kryptongaming4493 ဟုတ်ကဲ့ရှင့် ... အဆင်ပြေရင် ကြိုးစားပေးပါမယ် ။ ကျေးဇူးတင်ပါတယ်ရှင်။

  • @AungAung-rh5sz
    @AungAung-rh5sz Před 3 lety +1

    ဇာတ်ကောင်တွေဟာလေးစားစရာတစ်ကောင်မှမပါပေမဲ့ရှောင်ရန်ဆောင်ရန်လေးတွေပါတဲ့အတွက်ကျေးဇူးတင်ပါတယ်

  • @user-lb7mv1dq2f
    @user-lb7mv1dq2f Před 11 měsíci

    ❤❤❤❤