မောင်သာရ - အထက်တဝက် အောက်တဝက် (၁၉၇၀ , ၁၉၇၂ , ၂၀၂၀) အသံစာအုပ်(စ-ဆုံး)

Sdílet
Vložit
  • čas přidán 26. 09. 2020
  • မောင်သာရ (၁၉၃၁-၂၀၁၆)၏ အမည်ရင်း သိန်းလွင်ဖြစ်သည်။
    အသက် ၁၆ နှစ် မပြည့်မှီမှာပင် တက္ကသိုလ်ဝင် ဆယ်တန်း စာမေးပွဲကို တနိုင်ငံလုံးမှာ သင်္ချာ ပထမ ရပြီး အောင်ခဲ့သည်။ သို့သော် အသက်မပြည့်သေးသည့်အတွက် တက္ကသိုလ်ဝင်ခွင့် မရခဲ့ပါ။ နောက်တစ်နှစ်တွင်မှ ဂုဏ်ထူးဆောင် ပညာတော်သင် စရိတ်ဖြင့် မန္တလေးတက္ကသိုလ်တွင် စတက်ခဲ့သည်။ ထိုစဉ် ပြည်တွင်းစစ်ဖြစ်ပြီး မန္တလေးကို သူပုန်သိမ်းခဲ့သဖြင့် ကျောင်းတွေအားလုံး ပိတ်ခဲ့ရသည်။
    ၁၉၅၃ ခုနှစ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦးခေါင်းဆောင်ဘဝဖြင့် တိုက်ပွဲဝင်စဉ် ဖဆပလအစိုးရက ပုဒ်မ (၅) နဲ့ ဖမ်းဆီးပြီး ၁၉၅၃ မှ ၁၉၅၅ အထိ ထောင်သွင်းအကျဉ်းချထားခဲ့သည်။ ထိုစဉ် တက္ကသိုလ်မှ ရာသက်ပန် ကျောင်းထုတ်ပစ်ခံခဲ့ရသည်။
    ၁၉၅၅ ခုနှစ်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း ရှုမဝမဂ္ဂဇင်းမှာ "ညှာရွှေတခက် ကြွေရက်စော" ဝတ္ထုရှည်ဖြင့် စာပေနယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။
    ၁၉၇ဝ ခုနှစ်တွင် "မတ်တပ်ရပ်လို့ လမ်းမှာငို" ဝတ္ထုဖြင့် အမျိုးသား စာပေဆုရခဲ့သည်။
    ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအထိ ကိုယ်ပိုင် လစဉ်ထုတ် "သာရ" မဂ္ဂဇင်း အပါအဝင် စာရေးသမျှနှင့် ရေးခွင့်အားလုံးအပိတ်ခံရချိန်အထိ လုံးချင်း စာအုပ်ပေါင်း ၆ဝ နှင့် ဝတ္ထုတိုပေါင်း ၃၀ဝ ကျော် ရေးသားခဲ့သည်။ တချို့ကို နိုင်ငံရပ်ခြားမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်။
    တချို့ကို ပြည်တွင်း၌ ရုပ်ရှင် ရိုက်ခဲ့သည်။
    ၁၉၉၉ ဇူလိုင်လတွင် တိုင်းပြည်မှ ထွက်ခွာခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ နီဗားဒါး၊ လပ်စ်ဗေးဂတ်စ်တွင် ပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။
    အာအက်ဖ်အေ (RFA လွတ်လပ်တဲ့ အာရှအသံ) မှ အပတ်စဉ်ပုံမှန် အနုပညာနှင့် စာပေဆောင်းပါးများ အသံလွှင့်ခဲ့သည်။
    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်သည်။
    အခုဒီစာအုပ်ကို ၁၉၇၀ ခုနှစ်မှာ ပထမအကြိမ်၊၁၉၇၂ ခုနှစ်မှာ ဒုတိယအကြိမ်နဲ့ ၂၀၂၀ ခုနှစ် မတ်လမှာ တတိယ အကြိမ်အဖြစ် ကျန်ရစ်သူသားသမီးများက ပူးပေါင်းဆောင်ရွက်ပြီး ထုတ်ဝေထားတာဖြစ်ပါတယ်။
    #မောင်သာရ
    #အထက်တဝက်အောက်တဝက် အချိန်ပေးပြီးနားထောင်တဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါသာ်။
    ရေးသားပုံဖော်ခဲ့တဲ့ စာရေးဆရာများအားလုံးကိုလဲ ဦးခိုက်ကန်တော့အပ်ပါသည်ရှင်။

Komentáře • 50

  • @aungmin8820
    @aungmin8820 Před rokem

    အခုလိုတင်ဆက်ပေးတာကျေးဇူးပါဗျာ
    အမြဲအားပေးနေပါတယ်😊😊😊

  • @kyawzawhlaing4952
    @kyawzawhlaing4952 Před 3 lety +1

    ကျေးဇူးပါ စာအုပ်တွေများများထက်တင်နိုင်ပါစေ

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +2

      ဟုတ်ကဲ့ရှင့်... ဖတ်လက်စ စာအုပ်လေးပြီးရင် တင်ပေးပါမယ်

  • @hzaw2654
    @hzaw2654 Před 3 lety +1

    ကျေးဇူးပါ ဖတ်ပြသူရော စာရေးသူရော

  • @kyekye6275
    @kyekye6275 Před 3 lety

    ကျေးဇူးပါမမ 🥰🥰🥰

  • @naingwinoo9292
    @naingwinoo9292 Před 3 lety

    အရမ်းကောင်းပါတယ် ..

  • @thuzarthuzar3416
    @thuzarthuzar3416 Před 3 lety

    အရမ်းကြိုက်

  • @waiwailwin3871
    @waiwailwin3871 Před rokem

    နားထောင်လို့ အရမ်းကောင်းပါတယ်

  • @chitmin1792
    @chitmin1792 Před 3 lety

    ချစ်လိုက်တာနော် စာဖတ်ပြတဲ့ မမရေ
    ကျေးဇူးပါနော်

  • @soeminhtwe1050
    @soeminhtwe1050 Před 3 lety

    Thank

  • @wimmoetuntuntun2258
    @wimmoetuntuntun2258 Před 3 lety

    ကျေးဇူးတင်ပါတယ် 😘😘😘

  • @hninthuzarmoe895
    @hninthuzarmoe895 Před rokem +1

    သဘာဝ ကျတဲ့ ဝတ္ထု ကောင်းတစ်ပုဒ်ပါ

  • @chilichili5150
    @chilichili5150 Před 3 lety

    ကျေးဇူ့မ နားထောင်ရတာ တစ်မုန်းပဲ
    နောက်လည်း အ့လို တင်ပေးပါအုံး


      Chili Chili ဟုတ်ကဲ့ရှင့် ... အသစ်တအုပ်စဖတ်နေပါပြီရှင်။

  • @user-rj7fv3cw4w
    @user-rj7fv3cw4w Před 3 lety +1

    ကျေးဇူးအထူးတင်ပါတယ်ဗျာ

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      Nyi Saung Oo အကိုညွှန်းပေးတဲ့ စာရေးဆရာပါရှင့် .. အရမ်းကောင်းတဲ့အတွက် ဖတ်ပြဖြစ်ပါတယ်။
      ညွှန်းပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ရှင့်။

    • @user-rj7fv3cw4w
      @user-rj7fv3cw4w Před 3 lety

      ဆရာမောင်သာရစာတွေထဲမှာတော့ အခုဝတ္ထုမဖြစ်ဖူးသေးလို့ကျေးဇူးတငိပါတယ်။ တောင်းဆိုတာတွေများသွားမှားစိုးရိမ်လို့သာ မပြောတော့တာပါ။ နောက်ထပ် စာရေးဆရာကြီးတွေရဲ့စာတွေကို ညွှန်းပေးချင်ပါသေးတယ်

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      Nyi Saung Oo ညွှန်းပေးလို့ရပါတယ်ရှင့်.. ညွှန်းပေးထားတဲ့စာရေးဆရာတွေကို မှတ်ထားပါတယ်ရှင့်။ စာအုပ်တွေများများ ထပ်ဖတ်ဖြစ်ရပါတယ်ရှင်။

    • @user-rj7fv3cw4w
      @user-rj7fv3cw4w Před 3 lety

      ဆရာ ဗန်းမော်တင်အောင် ဆရာနိုင်ဝင်းဆွေ ဆရာ သိန်းဖေမြင့် ဆရာသစ္စာနီ ဆရာမင်းကျော် ဆရာသုမောင် ဆရာသုခ ဆရာမန်းတင် ဆရာဝင်းစည်သူ ကျနော်ကြိုက်တဲ့အမျိုးသားစာရေးဆရာတွေပါ တကယ်လည်း လူအများကြိုက်ကြမယ်ထင်ပါတယ်

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      Nyi Saung Oo ဟုတ်ကဲ့ရှင့်... ဒီစာရေးဆရာတွေ အကုန်လုံးကို ဖတ်ဖူးအောင်ဖတ်ကြည့် ထားပါမယ်ရှင့် ။

  • @wfredflora
    @wfredflora Před 3 lety

    အား​ပေး​နေပါတယ် ဇာတ်လမ်းအသစ် ​တွေလဲ ​​စောင့်​​မျော်​နေပါတယ်

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      Wff.winnie Fredflora သဘက်ခါလောက် စာအုပ်အသစ်တင်ပေးပါမယ်ရှင်။
      အပြီးသတ် တပိုင်းထဲ တင်ပေးချင်လို့ အပြီးဖတ်နေလို့ပါ။

  • @kyawthetkyawlay2097
    @kyawthetkyawlay2097 Před 3 lety

    good

  • @maungmaungtar2279
    @maungmaungtar2279 Před 3 lety +2

    Thanks.

  • @minlapyace3113
    @minlapyace3113 Před 3 lety

    ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဆရာသာဓုရဲ့အတာစာအုပ်လေးဖတ်ပြပါလား 😍

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      Min La Pyace ဟုတ်ကဲ့ရှင့် ... စာအုပ်တချက်ရှာကြည့်ပြီး
      အရင်ဖတ်ကြည့်ထားလိုက်ပါမယ်ရှင်။အဆင်ပြေရင် တင်ပေးပါမယ်ရှင်။

  • @hlathaung3622
    @hlathaung3622 Před rokem

    Good

  • @Sakura-kd7kp
    @Sakura-kd7kp Před 3 lety

    😍😍

  • @minachan7691
    @minachan7691 Před 3 lety

    😍😍😍😍😍

  • @user-lb7mv1dq2f
    @user-lb7mv1dq2f Před 10 měsíci

    ❤❤❤

  • @user-up5dz5uw8k
    @user-up5dz5uw8k Před 8 měsíci

    တင်ဆက်သူာီမလေးကျန်းမာပါစေရှင့်အမြဲအားပေးနေပါတယ်ရှင့်

  • @maungmaungtar2279
    @maungmaungtar2279 Před 3 lety +2

    ဆရာကြီးမောင်သာရ၏ဝတ္ထူဤပထမပိုင်းအားနားဆင်ရ၍ဖတ်ပြပေးသူနှင့်ဆရာမောင်သာရအားကျေးဇူးတင်ပါသည်၊အဘယ်ကြောင့်ဆိုသော်သစ္စာတရားရှားပါးသောဤလောကကြီးအားပိုမိုသိ့မြင်မှတ်သားနိုင်သည်ဖြစ်ပါ၏။Thank you very much.

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      Maung Maung Tar ဟုတ်ကဲ့ရှင့်။ ဒီစာအုပ်လေးက လုံးချင်းဝတ္ထုဖြစ်ပါတယ်ရှင့်။ တစ်ပိုင်းတည်းအပြီးပါရှင်။ နှစ်၅၀ က စာပေတစ်ခုကို နှစ်ခြိုက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။

  • @tintoo9081
    @tintoo9081 Před 3 lety

    Stereotypes
    Mad as a hatter
    Drunk as a bishop
    Healthy as a butcher's dog
    Stingy as a Scot
    Brave as a gasconian
    Impulsive as a Languedoc lass
    Vulgar as a fishmonger
    Nowadays in burmese fb
    Vulgar is common quality
    New era

  • @HtweNyo2111
    @HtweNyo2111 Před 3 lety +1

    😱😱😱 ၃နာရီ​တောင်ကြာတယ် ဖတ်ထားတာ ငါ့အစ်မပင်ပန်းသွားပြီ ​ရေ​ဝဝသောက်လိုက်ပါဦး​နော်🥰🥰🥰

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      Thiri Yadanar Maung ဟုတ်တယ် .. နှစ်နှာရီလောက်ထင်တာ .. တော်တော်ရှည်သွားတယ်...

  • @thaeeiphyu5412
    @thaeeiphyu5412 Před 3 lety +1

    အစကအသံကိုနားမထောင်တတ်ဘူး နားထောင်ရင်းနဲ့ဒီအသံလေးပါစွဲလမ်းသွားတာ😁

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      ကျေးဇူးတင်ပါတယ်ရှင့် ... အမြကြိုးစားပါ့မယ်။

    • @thaeeiphyu5412
      @thaeeiphyu5412 Před 3 lety

      @@maythitsarhsuaudiobooks4490 ဆရာမဂျူးရဲ့မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်ဆိုတဲ့စာအုပ်လေးဖတ်ပြပါဦးနော်😘

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      @@thaeeiphyu5412 အဲ့ဒီစာအုပ်ကလေ ဒီပြင် ချန်နယ်တစ်ခုက ဖတ်ပြထားတာရှိလို့ပါ။

    • @thaeeiphyu5412
      @thaeeiphyu5412 Před 3 lety

      @@maythitsarhsuaudiobooks4490 ဟုတ်ကဲ့တွေ့ပါတယ်ရှင်ဒါမဲ့အသံကနားမထောင်တတ်လို့ပါ

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety +1

      @@thaeeiphyu5412 ဟုတ်ကဲ့ .. တခြားချန်နယ်က ဖတ်ပြီးသားဆို ထပ်မဖတ်ပြဖြစ်ကြတော့တာ များပါတယ်။ အဲ့ဒါကြောင့်ပါ။ အခုဖတ်လက်စ တအုပ်တော့ ရှ်ပါတယ်။ မပြီးသေးလို့ပါ။ ခေတ်ရှေ့ပိုင်း စာအုပ်တအုပ်ပါပဲ ။ ကြိုက်နှစ်သက်ဖို့ မျှော်လင့်မိပါတယ်ရှင့် ။ အားပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်နော် ။

  • @TunTun-sr7pe
    @TunTun-sr7pe Před 3 lety

    ဒီအသံလေးနားထောင်ရင်း အိပ်မရတဲ့ညတွေကို ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့တာ နောင်လဲစာအုပ်တွေအများကြီးဖတ်ပြနိုင်ပါစေဗျာ❤️

    • @maythitsarhsuaudiobooks4490
      @maythitsarhsuaudiobooks4490  Před 3 lety

      ကျေးဇူးတင်ပါတယ်ရှင့်... စာအုပ်တွေ ထပ်ဖတ်ပြပေးသွားပါမယ်... ။