ကလေးမလန်းဘဲ မှိန်းနေလျှင် ဖြစ်တတ်သော လက္ခဏာများ(A Lethargic child's signs-Part 2)

Sdílet
Vložit
  • čas přidán 7. 09. 2024
  • ကလေး ကို မလန်းဘဲ မှိန်းစေတဲ့ အကြောင်းရင်းများ
    ကလေးဟာ လန်းလန်းဆန်းဆန်း မရှိဘဲ တချိန်လုံး ငိုပဲနေမယ် ဂျီကျတယ် ဆိုတာဟာ ဆေးဘက်ဆိုင်ရာ ရှုထောင့်က ကြည့်ရင် အရေးပေါ်အခြေအနေဖြစ်ပါတယ်။
    တစ်နှစ်အောက် ကလေးများ ဒီလို ဖြစ်စေတဲ့ အကြောင်းရင်းများက‌တော့ -
    ရောဂါပိုးဝင်ခြင်း
    • ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) ဆိုတာ ဦးနှောက်ကို ဘက်တီးရီးယား ရောဂါပိုးဝင်ခြင်းပါ။
    • ကလေးဟာ တုံ့ပြန်မှုနည်းပြီး အီမယ်၊ အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်မယ်။ မီးရောင် စူးစူးကို မကြည့်နိုင်တာ ၊ အသားအရောင် ဖျော့တော့နေတာ၊ အစာ သေချာမဝင်တာ နဲ့ ဆီးအထွက်နည်းခြင်း တွေ ဖြစ်နိုင်ပါတယ်။
    • သွေးတွင်း ပိုးဆိပ်သင့်ခြင်း (Sepsis) သည် သွေးမှတဆင့် ခန္ဓာကိုယ်အနှံ့ ရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်း ဖြစ်တဲ့ အခြေအနေပါ။ ရောဂါပိုး ဆိုတာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် ၊ မှိုပိုးစတာတွေ အမျိုးစုံ ဖြစ်နိုင်ပါတယ်။ ကလေး မွေးဖွားစဉ် နဲ့ မွေးပြီးချိန်တွေမှာ ဒီရောဂါပိုးတွေ ကလေးကို ကူးစက်ခြင်း ခံရနိုင် ပါတယ်။
    • သွေးပိုးဆိပ်သင့်ခြင်းရဲ့ လက္ခဏာအချို့မှာ ကလေး မလန်းဆန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း သို့မဟုတ် အစာ ကျွေးရခက်ခြင်း နှင့် ခန္ဓာကိုယ်အပူချိန် မတည်ငြိမ်ခြင်း (အလွန် ပူခြင်း၊ အေးစက်ခြင်း) တို့ဖြစ်ပါတယ်။ 2

Komentáře •