မုန့်လင်မယား၊ မုန်လင်မယားလုပ်နည်း Burmese appetizer

Sdílet
Vložit
  • čas přidán 7. 09. 2024
  • မုန့်လင်မယားကို အမျိုးမျိုးစမ်းသပ်ပြီးလုပ်ခဲ့ပါတယ်။ အခုဒီနည်းကတော့ မြန်မာပြည်က မုန့်လင်မယား အရသာနဲ့အတော်ကိုတူပါတယ်။အိုးအနေအထားပေါ်မူတည်ပြီးထွက်တဲ့ ပုံစံကွာသွားပါတယ်ရှင်။ မြန်မာပြည်ကအိုးမျိုးရမယ်ဆိုရင်ပိုပြီးတော့အဆင်ပြေလှပမယ်လို့ထင်ပါတယ်ရှင်။
    ဆန်မှုန့်တခွက်၊အကြော်မှုန့် ထမင်းစားဇွန်း၂ဇွန်း၊ ပဲစိမ်းမှုန့်၂ဇွန်း၊ဆားလက်ဖက်စားဇွန်း ၁ဇွန်းကို ရေ ၁ခွက်ခွဲနဲ့ သမအောင်ရောမွှေပေးပါ။နာရီဝက်နှပ်ထားပေးပါ။မုန့်နှစ်ရည်က ပြစ်လို့မရပါဘူး။ မုန့်နှစ်ရည်ကျဲကျဲလေးဖြစ်မှ မုန့်က အတွင်းဘက်သားတွေ အိအိလေးနဲ့ စားကောင်းမှာပါ။
    အိုးပူလာရင် ဆီသုတ်ပြီးမုန့်နှစ်ရည်ထည့်မယ်။အစိမ့်အရသာကြိုက်သူတွက် ပဲပြုတ်၊ငုံးဥ(ငုံးဥမရလို့ ကြက်ဥကိုသုံးထား) အပေါ်ကနေ ကြက်သွန်မြိတ်ကိုဖြူးပေးပါ။ အစပ်အရသာကြိုက်သူတွက် ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊နံနံပင်၊ မဆလာမှုန့်၊ဆားအနည်းငယ်ရောနယ်ထားတဲ့ အစာကိုထည့်ပေးပါ။အပေါ်ကနေဆီထပ်သုတ်ပြီး အဖုံးကိုခဏအုပ်ထားပေးပါ။ အပြင်သားတွေအရောင်ပြောင်းပြီး အနည်းငယ်ကျွတ်စပြုလာပြီဆိုရင်တော့ မုန့်တခုနဲ့တခုထပ်ပေးပါမယ်။
    အိုးပေါ်မူတည်ပြီးထွက်လာတဲ့ပုံကကွဲပြားပါတယ်။ အရသာကတော့ မြန်မာပြည်ကမုန့်လင်မယား အရသာနဲ့ဆင်တူပါတယ်။နှမ်း၊မြေပဲ၊ဆားထောင်းလေးနဲ့တွဲဖက်စားသုံးနိုင်ပါပြီရှင်။

Komentáře • 2