တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီပစ်ခတ်မှု ကလေးမြို့မှ ကျောင်းသား ၁ဦး သေဆုံး၊ ၇ဦးဒဏ်ရာရ

Sdílet
Vložit
  • čas přidán 9. 07. 2024
  • တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီပစ်ခတ်မှု ကလေးမြို့မှ ကျောင်းသား ၁ဦး သေဆုံး၊ ၇ဦးဒဏ်ရာရ
    ပါခွီး
    မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်တွင် ယမန်နေ့(ဇူလိုင်လ ၉ရက်)က စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသားတဦးသေဆုံးပြီး သက်ကြီးရွယ်ကိုတဦးအပါအဝင် ဒေသခံခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများထံမှသိရသည်။
    ဇူလိုင်လ ၉ရက်နံနက် ၁၁နာရီ ၃၀မိနစ်အချိန်တွင် လက်ပံချောင်းရွာကို လက်နက်ကြီး ရှစ်လုံးပစ်ခတ်ခဲ့ပြီး ကလေးမြို့နယ်တောင်ပိုင်းကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ခြင်းဟု ဒေသခံများကပြောသည်။
    တိုက်ခိုက်မှုကြောင့် လက်ပံချောင်းရွာရှိ ပုဂ္ဂလိကစာသင်ကျောင်းတကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ ကျောင်းဘေးရှိ စာသင်ဆောင်မှ အသက် ရှစ်နှစ်မှ ၁၆နှစ်အတွင်း ကျောင်းသားခြောက်ယောက် ဒဏ်ရာရပြီး ယင်းတို့အနက် တဦးသေဆုံးခဲ့သည်ဟု သိရသည်။
    “ဘော်ဒါဆောင်က လူမရှိဘူး။အဲဒီပေါ်ကျပြီး ကျောင်းဘေးက အိမ်မှာ စာသင်နေတဲ့ကလေးတွေကျောင်းဆင်းချိန်မှာ ပေါက်ကွဲလို့ ထိသွားကြတာ။ အဲဒီအထဲက ဗိုက်ကိုထိတဲ့ ယောင်္ကျားလေးတယောက်ဆုံးသွားတယ်” ဟု လက်ပံချောင်း ဒေသခံက မဇ္စျိမကို ပြောသည်။
    လက်ပံချောင်းဒေသခံက မဇ္စျိမကိုပေးပို့သော ရုပ်သံတွင် ဘော်ဒါဆောင်အပေါ် လက်နက်ကြီးကျည်ကျသဖြင့် နေအိမ်အပျက်အစီးကိုမြင်တွေ့ရသည်။စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော အခြားလက်နက်ကြီးကျည်များမှာ ရွာအပြင်နှင့် လမ်းမများပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်မှုမရှိကြောင်းသိရသည်။
    လက်ပံချောင်းကျေးရွာနှင့်အနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံက ဆက်ပြောသည်။
    ထိုနေ့ နံနက်ပိုင်းတွင်ပင် ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာတရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၈၆ဦး အဘွားတဦးအပါအဝင် ဒေသခံနှစ်ဦး းဒဏ်ရာရရှိခဲ့သည်ဟု ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
    စစ်ကောင်စီတပ်သည် ယ‌‌မန်နေ့က ကလေးမြို့အပြင် စစ်ကိုင်းတိုင်းအတွင်း မုံရွာမြို့၊ ဗန်းမောက်မြို့တို့ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုအချို့ရှိခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။
    စာတည်း - အေးချမ်း
    #ကလေးမြို့နယ်
    #စစ်ကောင်စီတိုက်ခိုက်မှု
    #အရပ်သားထိခိုက်မှု
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U (သို့မဟုတ်) tinyurl.com/donatemzm
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Komentáře • 3

  • @Doe139
    @Doe139 Před 18 dny

    ဘော်ဒါဆောင်မှာ
    စာမသင်ဘဲ
    ကျောင်းဘေးကအိမ်မှာကလေးတွေစာသင်နေတာပေါ့

  • @Colourless-qe1uy
    @Colourless-qe1uy Před 18 dny

    ရက်စက်လိုက်တာ😭😭😭

  • @KyawKyawWin-he5ql
    @KyawKyawWin-he5ql Před 18 dny

    သူပုန်နေတဲ့နေရာတိုက်ပွဲရှိမှပြစ်ရတာလားသူလင်ထိတော့အော်ပြီ🤪