စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်နေခြင်းဟု စစ်ကောင်စီတပ်မိသားစုဝင်များအား MDY-PDF ရှင်းပြ

Sdílet
Vložit
  • čas přidán 2. 07. 2024
  • ၀၀၈
    မဇ္ဈိမ။ ။မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊အင်ကြင်းမြိုင်၊အမှတ်(၁၀၁၄)လေကြောင်းရန်ကာကွယ်ရေးတပ်တိုက်ခိုက်သိမ်းပိုက်သည့် ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDFက ထုတ်ပြန်သည်။
    တိုက်ပွဲဝင်ရုပ်သံမှတ်တမ်းနှင့်အတူ စစ်ကောင်စီတပ်မိသားစုဝင်များအား ကာကွယ်ရေးရဲဘော်တဦးက စကားပြောနေသည့်မှတ်တမ်းကို ယမန်နေ့(ဇွန်လ ၂ရက်)ညတွင် ထုတ်ပြန်ခြင်းဖြစ်သည်။
    " ကျ‌နော်တို့က ​တော်လှန်​ရေးလှန်​နေတယ်ဆိုတာ ​သွေးဆာလို့ လူ​တွေကိုသတ်ချင်ဖြတ်ချင်လို့ ​ဒီတော်လှန်​ရေးကိုလုပ်​နေတာမဟုတ်ဘူး။ဒါအားလုံးသိရမယ်။ ကျ‌နော်တို့ စနစ်ကိုတိုက်​တာ၊လူကိုတိုက်​တာမဟုတ်ဘူး" ဟု MDY-PDF တပ်ဖွဲ့ဝင်တဦးက စစ်ကောင်စီတပ်မိသားစုဝင်များအား ပြောနေသည်ကိုရုပ်သံ၌ တွေ့ရသည်။
    MDY-PDF အနေဖြင့် ဇွန် ၂၅ရက်မှဇူလိုင် ၂ရက်အထိ မတ္တရာမြို့နယ်အတွင်းစစ်ဆင်ရေးတွင် အင်ကြင်းမြိုင် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ်၊ဆည်တော်တပ်၊ ပန်းသလဲတောင်တပ်၊ရေစိုတောင်တပ်၊ နေကျော်တောင်တပ်၊ ရွှေပုထိုးတပ်၊ ကျောက်ခလုတ်တပ်နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင်တပ်စခန်းများကို သိမ်းပိုက်ထားသည်ဟု ထုတ်ပြန်ထားသည်။
    တိုက်ပွဲများအတွင်း စစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီးတပ်မိသားစုဝင် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း၁၁၇ဦးကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အသိပေးထားသည်။ အန္တရာယ်ကင်းသည့်အချိန်၌ အားလုံးကိုပြန်လွှတ်ပေးမည်ဟုလည်း MDY-PDF တပ်ဖွဲ့ဝင်တဦးက စစ်ကောင်စီတပ်မိသားစုဝင်များအား ပြောကြားနေသည်။
    မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် MDY -PDF နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ SSTF တပ်ဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်နေသည်။
    MDY-PDFအနေဖြင့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)နှင့်အတူ နောင်ချို၊မိုးကုတ်၊ကျောက်မဲနှင့် မတ္တရာစစ်မျက်နှာများတွင် စစ်ဆင်ရေးများဖော်ဆောင်လျက်ရှိပြီး သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
    စာတည်း- အေးချမ်း
    #မတ္တရာ
    #အမှတ်(၁၀၁၄)လေကြောင်းရန်ကာကွယ်ရေးတပ်
    #MDF-PDF
    -----------------------------------------
    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
    bit.ly/2VhJ12U
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.com/show/0JqldUl...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Patreon patreon.com/MizzimaMedia?utm_...
    Website :
    bur.mizzima.com
    eng.mizzima.com
    www.mizzima.tv
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Komentáře • 46

  • @AKyeeKaung
    @AKyeeKaung Před 2 dny +7

    GooD ကောင်းတယ် မအလ တပ်ကနိုင်မယ်ထင်နေတယ်ဆျုရင်တော့

  • @ngenge6797
    @ngenge6797 Před 2 dny +6

    မအလ စကစ လက်ကျန်လက်ပါးစေ
    ငမိုက်သားများ အချိန်မနှောင်းခင်မှာ
    အမြင်မှန်အမြန်ရ အလင်းဝင်ပြည်သူ့
    ရင်ခွင်ဆီအမြန်ခိုလှုံကြပါ🏳️🌿🕊️

    • @NewN-ij7dr
      @NewN-ij7dr Před 2 dny +1

      ဟုတ်ပါတယ်နော် သူတို့တွေကိုကကည့်ရတာ စစ်ကျွန်ဘဝက မလွတ်မြောက်ချင်ကြဘူးလားမသိပါဘူး ဒီလောက် တတိုင်းပြည်လုံးစစ်ကျွန်ခံနေရတာကို သမနားနိုင်ကြဘူးလား မသိပါဘူး။💯🤹👌

  • @KyawkoLin-x7h
    @KyawkoLin-x7h Před 11 hodinami

    ဇော်မိုးဟိန်းတို့ကျော်စိုးဦးတို့ အောင်မင်းတို့ဘောမအားလုံးမြင်ပါစေ

  • @KoMyo-dq5kr
    @KoMyo-dq5kr Před dnem

    1027 စစ်ဆင်ရေး
    မဟာမိတ်တပ်တော်အပေါင်း
    တိုက်ပွဲတိုင်း
    အောင်နိုင်ကြပါစေ

  • @MYOOO-dj4ps
    @MYOOO-dj4ps Před 2 dny +1

    ❤❤❤❤❤

  • @MinThway-js4yn
    @MinThway-js4yn Před dnem

    စစ်တပ်ထဲဝင်သွားတဲ့ကောင်တိုင်းကကြီးပွားချင်လို့ဝင်တယ်။အမှု့ပျောက်ဖို့ဝင်တယ်။တစ်ရာမှာတစ်‌ောာက်လောက်က‌ေပါ်တာမိလို့အဲ့ဒါကြောင့်အိမ်နီးချင်တွေရဲ့ကျွန်မြန်မာပြည်သားတွေဖြစ်ကုန်တာ။တပ်သားငယ်တွေစဉ်းစားကြထမင်းစားကြီးရင်ပြည်သူကိုကြည့်။❤❤❤

  • @soelwin6366
    @soelwin6366 Před dnem

    မေကျနပ်ပါ

  • @user-vn6mc5jg3s
    @user-vn6mc5jg3s Před 2 dny +2

    ❤မဂ်လာပါဗျ ❤

  • @sanwai7677
    @sanwai7677 Před 2 dny +1

    မဂ်လာပါ👍👍👍👍👍

  • @ArKaHtetArKaHtet
    @ArKaHtetArKaHtet Před 2 dny +1

    အာဒါကြောင့်ငါပြောတာ ပြည်သူပေးတဲ့လစာ နဲ့ရိက္ခာ ကိုထုပ်ယူပြီးကိုမိသားစု အပေါင်းရောင်းရင်းမိတ်သဟာ များစွာတိုင်းရင်းသားစုနံ့တည်အောင်လက်တွဲပြီး ပျော်ပါးစားသောက် တယောက်နဲ့တယောက်သနားချစ်ခင်ကြင်နာယုယဖေးမကူညီ ကမ္ဘာကြီးအချီပေါင်းသိန်းသောင်းပျက်သုံးပါစေ မေတ္တာမပျက်ဂရုနာရှေ့ထားနေသွားပါလို့ ငါအကြီမ်တရာမကပြောပြခဲ့ပြီဘဲဂျပုအောင်လှိုင်

  • @chitkochitko5517
    @chitkochitko5517 Před 2 dny +1

    good

  • @kamy5746
    @kamy5746 Před 2 dny +2

    PDF fighting😊

  • @justic-78
    @justic-78 Před 2 dny +1

    ❤❤❤

  • @user-us1gd8ix1m
    @user-us1gd8ix1m Před 2 dny +2

    တနိုင်ငံလုံးရှိလက်ကျန်စကစနောက်လိုက်များအခုလိုအမြင်မှန်နဲ့ပြည်သူ့ဘက်ကရပ်တည်ရင်တော်လှန်ရေးကပြီးသလောက်ဖြစ်နေပါပြီ
    လက်ကျန်စကစများအားလုံးပြည်သူ့ဘက်ရပ်တည်ကြပါတော့ တိုင်းပြည်လည်းချွတ်ခြုံကြနေပါအာဏာရူးများနဲ့ဘောမတွေမြှောက်တိုင်းမမြောက်ကြပါနဲ့တော့

  • @chitchit663
    @chitchit663 Před dnem

    လူယုတ်မာတွေရှိသေးတယ် ဆည်တော်ရွာထဲမှာ သူ့လင် စကစ အားကိုးနဲ့မိုက်နေသူတွေ အခုတော့မှတ်ပြီလား
    ရေးရေး ပျော်တယ် pdf တွေတိုက်ပွဲ တိုင်းနိုင်ပါစေ

  • @user-zk7nr6pu9w
    @user-zk7nr6pu9w Před 2 dny +2

    သနာပါတယ္😅😅😅

  • @MgMg-mr8gu
    @MgMg-mr8gu Před 2 dny +1

    ဆောက်ပေါတွေ

  • @UMgMg-es1mo
    @UMgMg-es1mo Před dnem

    အဟောင်တွေ မဖျတ်ဘဲ့ ခဏခဏတင်နေဒါ့

  • @LFour-eb1yp
    @LFour-eb1yp Před 7 hodinami

    ကလေးတွေအတွတ်သနားလိုတ်တာကွာ 😢😢😢

  • @chitchit663
    @chitchit663 Před dnem

    ဆည်တော်ရွာထဲကမျိုးမင်း ဆိုတဲ့ကောင် အသဥတ်ကမှာ
    လူတွေကိုငွေတွေ ညစ် ငွေညစ်လို့မရရင် ကျင်စက်နဲ့တို့ သတ်ပစ်မယ်လို့ ချိန်းချောက် သူ့မိသားစုကျ ဆိုင်ကယ်အမျိုးမျိုး နဲ့ ကားနဲ့ သူများမသထာရေစာတဲ့ကောင် အမြန်ဆုံးသေပါစေ

  • @ThanHtike-ep9ro
    @ThanHtike-ep9ro Před 2 dny

    မဂ်လာပါ🎉 0:10

  • @nwaymoeaung9544
    @nwaymoeaung9544 Před 2 dny +3

    PDFတိုက်တိုင်နိုင်လို့ဘေးကင်းပါစေ🙏💪

  • @hninmaw4791
    @hninmaw4791 Před dnem

    စစ်အာဏာရှင်တိုက်ဖျက်တဲ့သူတွေကိုပစ်
    သတ်တယ်
    မိတော့ ဆေးကုလက်ဖျားနဲ့တောင်မတို့ဘူး
    ဥပဒေအတိုင်း ဘာဥပဒေလဲ
    ထောင်ထဲမှာသွားကြည့်
    စစ်ကြောရေးမှာသွားကြည့်

  • @MyoKo-up1nj
    @MyoKo-up1nj Před 2 dny +2

    ငါ့စိတ်ငါ့သဘောဆို ကလေးတွေကလွဲပြီး လူကြီးတွေ အကုန် ဓာတ်ဆီလောင်းပြီးမီးရှို့သတ်ပလိုက်တယ်။

    • @dawthinthinkyu
      @dawthinthinkyu Před dnem

      မင်းမိသားစုအရင်သတ်ကြည့်မိုက်ရိုင်းတာကွာမြန်မာမှဟုတ်ရဲ့လားလူတွေကွ

    • @MyoKo-up1nj
      @MyoKo-up1nj Před 12 hodinami

      @@dawthinthinkyu ထပ်ရိုင်းပြရမလား.....😂
      အဲ့လိုရိုင်းနေလို့ စာမတတ်ပေမတတ်ကောင်ထင်မနေနဲ့၊ကျုပ်အဖေကိုယ်တိုင် တပ်က Navy Retired အရာရှိတစ်ယောက်။(ကျုပ်နဲ့ တစ်စောင်းနဲ့မျက်ချေး)
      ခင်ဗျားတို့ဘောမတွေဟာ......တိုင်းပြည်ရဲ့နောင်လာနောက်သားတွေတွက်လုံးဝမကြည့်တာလား ညဏ်ရည်နိမ့်နေတာလား၊ကျုပ်စဥ်းစားမရဘူး။

  • @user-kq9yr6yy9y
    @user-kq9yr6yy9y Před dnem

    အသေဘဲသတ်တာမဟုတ်လား

  • @sansankyi7910
    @sansankyi7910 Před 2 dny

    သနာပါတယ်🤣🤣🤣🤣🤣🐕🐕👍

  • @mee13579
    @mee13579 Před dnem

    အမြင်မှန်ရတဲ့ပြည်သူတွေ တိုးပွားလာအောင် အပြုသဘော မျှဝေခြင်းဖြစ်ပါတယ်။
    အာရှရဲ့"ကျား"ကနေ အာရှရဲ့ "‌ကြွက်" ဖြစ်အောင် တိုင်းပြည်ကို သွေးစုပ်နေတဲ့ အာဏာရှင်စနစ်ကို အသက်နဲ့ရင်းပြီး တော်လှန်နေတာကို တချို့က ပြည်ဖျက်သမားဆိုတဲ့ ဂျင်းတွေလိုက်ထည့်လို့ကောင်း နေတုန်း။ အဓိကပစ်မှတ်က အာဏာရှင်"စနစ်" ဆိုပေမယ့် အခြားသော စစ်အာဏာရှင်စနစ်ရဲ့ အသုံးချခံ‌ ဒေါက်တိုင်တွေလည်း ပစ်မှတ်ထဲ ပါသွားနိုင်ပါတယ်
    သယံဇာတများစွာ ချမ်းသာပါလျှက်နဲ့ ၊ ပထဝီအရ အချက်ချာကျပါလျှက်နဲ့
    ၁ ကျပ် = ၂ ဘတ် တန်တဲ့ခေတ်ကနေ ၁၀၀ ကျပ် = ၁ ဘတ်သာ တန်တဲ့ခေတ်၊ ထိုင်းတွေ မြန်မာမှာ ပညာလာသင် ရတဲ့ခေတ်ကနေ မြန်မာတွေ ထိုင်းမှာ သန်းပေါင်းများစွာ ကျွန်သွားခံရတဲ့ခေတ် ဖြစ်ခဲ့ရပါတယ်
    မအုပ်ချုပ်တတ် မဦးဆောင်တတ်လို့မဟုတ်ပဲ လွယ်လွယ်ချမ်းသာနိုင်တဲ့ သယံဇာတမျိုးစုံ စိတ်ကြိုက်တူးဖော်ခွင့်ရရေးနှင့် စီးပွားရေးမှာ ခရိုနီနဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်နိုင်ရေးအတွက် ပြည်တွင်းပဋိပက္ခမျိုးစုံကို ခေတ်အဆက်ဆက် ဖန်တီးအသုံးချနေခြင်းဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်
    မတည်ငြိမ်မှုများစွာ ရှိနေမှ အာဏာရှင်သက်စိုးရှည်လို့ရမှာမို့ ပြည်တွင်းက ဘာသာရေးကြား လူမျိုး‌ရေးကြား တပ်မတော်သားနဲ့ ပြည်သူကြား divide and rule စနစ်သုံးပြီး မကွဲကွဲအောင် မမုန်းမုန်းအောင်လုပ်ပြီး လုံခြုံရေး အကြောင်းပြပြီး ပြည်သူကို ကြိုက်သလို ချုပ်ချယ်ချနင်း။ သယံဇာတသာကုန်သွားတယ် ဖွံ့ဖြိုးရေးကျ ဟန်ပြအဆင့်နဲ့ပဲပြီးသွားတယ်
    သူတို့သည်သာ အမျိုးဘာသာကို‌စောင့်ရှောက်သူတဲ့ သူတို့ကိုင်တွယ်နေတဲ့ လ၀ကဌာနကပဲ တရုတ်ကလားတွေကို စိတ်ကြိုက်လဒ်စားပြီး မှတ်ပုံတင်တွေ လုပ်ပေးနေတာပဲ။ အခုပဲ ရိုဟင်ဂျာတွေကို သင်တန်းပေး လက်နက်တွေတပ်ဆင်ပေးနေပြန်ပြီ
    ရွေးကောက်ပွဲဆိုလည်း မဲရှုံးတိုင်း မဲခိုးတယ်ဆိုပြီး အာဏာသိမ်း။ အမှန်က မဲခိုးလို့မရအောင် မဲရုံတွေမှာ ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ နေ့ရောညပါစောင့်ကြည့်‌နေပါတယ်။ မဲရေဖို့လည်း ကျောင်းဆရာမတွေပဲ တာ၀န်ပေးထားတယ်။ အဲလောက်ကို ထင်သာမြင်သာတဲ့ စနစ်နဲ့ကို ကျင်းပခဲ့တာပါ
    မြန်မာပြည်ထွက်တဲ့ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပတ္တမြား၊ ရေနံ၊ ဂဲစ်၊ ကျွန်းသစ်၊ သတ္တုအမျိုးမျိုးနဲ့ အခြားသော ကုန်ကြမ်းများစွာရဲ့တန်ဖိုးက သေချာကိုင်တွယ်ရင် ထိုင်းကို နှစ် ၃၀ အတွင်း အမှီလိုက်လို့ရတယ်။ အဲ့တန်ဖိုးတွေက တနိုင်ငံလုံး ရှိသမျှလမ်းတွေ အကုန် ကတ္တရာ ၁၀ ပြန်တောင်ခင်းလို့ရတယ်
    ရေနံတို့၊ ဂဲစ်တို့ကို နိုင်ငံတော်ပိုင်သတ်မှတ်ပြီး အဲ့ကရတဲ့ ၀င်ငွေတွေကို လမ်းတွေ၊ မီးတွေ ခိုင်ခိုင်မာမာလုပ်ပေးပါလား။ အခြားကုန်ကြမ်းအားလုံးကိုလည်း ကုန်ကြမ်းတင်ပို့ခွင့်ပိတ်ပြီး ကုန်ချောပဲ တင်ပို့ခွင့်ပြုပါလားဗျာ
    လုပ်ငန်းနဲ့ အလုပ်အကိုင်ပေါများလာတာနဲ့အမျှ လုပ်ငန်းခွန်ရော တစ်ဦးချင်း၀င်ငွေခွန်ပါ ထပ်ကောက်လိုက်ရင် တိုင်းပြည်ရဲ့၀င်ငွေ အဆပေါင်းများစွာ တိုးတက်လာမှာပဲ
    Made in Myanmar ဆိုတဲ့ ဗျုဟာ အောင်မြင်အောင် မြန်မာပြည်မှာ ရောင်း‌နေတဲ့ မြန်မာပြည်မှာ ထုတ်လို့ရနေတဲ့ ကုန်ပစ္စည်းများ မြန်မာမှာပဲထုတ်အောင် လုပ်ပါလားဗျာ
    တရုတ်တို့ထိုင်းတို့က အရင်တုန်းကဆိုရင် ရှိသမျှ ကုမ္ပဏီ ဖိတ်ခေါ်တယ်။ ကုမ္ပဏီတွေ လာချင်အောင်လည်း ကုမ္ပဏီတွေလိုအပ်မယ့် မြေနေရာ၊ လမ်း၊ မီး နှင့် အခြား၀န်ဆောင်မှုကို Economic Zone တိုင်းမှာ ကုန်ကျသက်သာစွာနဲ့ အကုန်စီစဉ်ပေးတယ်။ အလုပ်သမား ၉၀% ကတရုတ်ဖြစ်ရမယ်။ ပြီးတော့ တရုတ်နိုင်ငံသားနဲ့ ဖက်စပ်ရမယ်။ နိုင်ငံခြားသား ၄၉% ပဲပိုင်လို့ရမယ်။ ဘာပစ္စည်းမဆို တရုတ်မှာ ထုတ်လို့ရရဲ့သားနဲ့ တရုတ်မှာ မထုတ်ရင် မတန်မဆအခွန်နဲ့ ပိတ်ဆို့ထားတယ်
    အဲ့ဒီပေါ်လစီကြောင့် တရုတ်နိုင်ငံသား အလုပ်ကိုင်ပေါများပြီး ချမ်းသာလာတယ်။ ဘယ်ကဏ္ဍ ဘယ်စက်ပစ္စည်းမျိုးမဆို တရုတ် brand ထိုင်း brand တွေ မိုလိုပေါက်လာတဲ့အထိ အောင်မြင်လာကြတယ်
    ရန်ကုန်-မန္တလေးတကြောလုံးက ဘာစစ်ပွဲမှမရှိခဲ့ပါ။ ထုတ်လုပ်ရေးစက်ရုံတွေ စိတ်ကြိုက်တည်ဆောက်လည်ပတ်လို့ ရခဲ့ပါတယ်။ ဒါပေမယ့် အခုထိ ပဲနို့တောင်မှ ထိုင်းကနေ ပျော်ပျော်ကြီး ၀ယ်သောက်လို့ကောင်းနေတုန်း။ "စိုက်ပျိုးရေးကို အခြေခံ၍" ဆိုပြီး စိုက်ပျိုးရေးသုံး မျိုးစေ့၊မြေဩဇာ၊ပိုးသတ်ဆေးတွေ နိုင်ငံခြားကနေ၀ယ်နေရတုန်း
    သွင်းကုန်က ပို့ကုန်ထက် တန်ဖိုးများနေတော့ ဒေါ်လာက အ၀င်နည်း အထွက်များပြီး ကျပ်ငွေမဖောင်းပွပဲနေမလားဗျာ

  • @chitkochitko5517
    @chitkochitko5517 Před 2 dny +1

    လူသားချင်စာနာလိုက်တာ

    • @NewN-ij7dr
      @NewN-ij7dr Před 2 dny

      လူသတ်ချင်လို တောမလှန်ရေးလိုနေတာမဟုတ်ဘူး စစ်မိစ်ဆာအာဏာရူးစနစ်ကိုတိုက်နေကြတာပဲဖြစ်ပ့တယ်နော် ဒါကို စစ်မိစ်ဆာလင်ပါးစေတွေ နားလည်းထားဖို့လိုပ့တယ်နော်။💯🤹👌

  • @koko-du2qo
    @koko-du2qo Před dnem

    😅

  • @sawhtoo4639
    @sawhtoo4639 Před dnem

    အစိုးရကိုပုန်ကန်ပီးအာဏာသိမ်းခြင်းရလဒ်ဘဲ ဒီထပ်ပိုဆိုးအုံးမှာဘုရင်မင်းတေကိုစော်ကားတဲ့စစ်တပ်

  • @masterking6181
    @masterking6181 Před dnem

    မအလတပ်ကကောင်းတေမင်းတို့pdfလူငယ်လေးတေကိုအတုယူမင်းတို့စစ်သားတေကိုတိုက်ချင်တာမဟုဘူးအာဏာရှင်းကိုတိုက်နေတာမင်းတို့စစ်သားတေသာအာဏာရှင်ဘက်ပြောင်းပြန်လှည့်ရင်အခုလို့မင်းတို့မိသားစုတေပြည်သူရဲ့ဘ၀တေအခုလိုဆုံရှုံးမှာမဟုဘူး

  • @AungAung-gc1vv
    @AungAung-gc1vv Před 2 dny

    မိတဲ့စစ္ေခြးမွန္သမ်ွအကုန္သတ္ပစ္ရမယ္ဗ်

  • @ZawHtet-mg4ks
    @ZawHtet-mg4ks Před 23 hodinami

    ကလေကဝကောင်တွေခွေးစကားပြောနေတာ။

  • @user-ze1mo8bp4r
    @user-ze1mo8bp4r Před 2 dny

    စစ်တပ်ဆိုတာ အမိန့်အာဏာနဲ့အုပ်ချုပ်မှရတာ စစ်တပ်အာဏာမရှိရင် ဟိုတယ်ဖွင့် ဖာထောင်စားသလို ဖြစ်သွားမှာပေါ့

    • @NewN-ij7dr
      @NewN-ij7dr Před 2 dny

      စစ်မိစ်ဆာဆိုတဲ့သဘောတရားကိုနားလည်ပါစေ မိစ်ဆာစစ်တပ်အမြှစ်ဖြတ်ဖို့ စစ်မှဋ်သောဖက်ထရာယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်တစါရပ်ပေါ်ထွန်စေဖို့ လူသားတိုင်း အနာဂတ်လှပဖို့ တရားမျှတမူ လူ့အခွင့်ရရှိဖို့ စစ်အာဏာရူးစနစ်ဆိုးကိုတော်လှန်တိုက်ပွဲဝင်နေကြတာပဲ ဖြစ်ပါတယ်💯ဒါကို နားလည်ရမယ်နော်။💯👌🤹🙏🙏🙏🙏🙏 3:16

    • @NewN-ij7dr
      @NewN-ij7dr Před 2 dny

      စစ်မိစ်ဆာဆိုတဲ့သဘောတရားကိုနားလည်ပါစေ မိစ်ဆာစစ်တပ်အမြှစ်ဖြတ်ဖို့ စစ်မှဋ်သောဖက်ထရာယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်တစါရပ်ပေါ်ထွန်စေဖို့ လူသားတိုင်း အနာဂတ်လှပဖို့ တရားမျှတမူ လူ့အခွင့်ရရှိဖို့ စစ်အာဏာရူးစနစ်ဆိုးကိုတော်လှန်တိုက်ပွဲဝင်နေကြတာပဲ ဖြစ်ပါတယ်💯ဒါကို နားလည်ရမယ်နော်။💯👌🤹🙏🙏🙏🙏🙏

    • @user-ze1mo8bp4r
      @user-ze1mo8bp4r Před 2 dny

      @@NewN-ij7dr စစ်ဖြစ်တဲ့နေရာက မြို့ရွာ ပျက်တယ် လူတွေပြေးရတယ် မင်းတို့ကို ပြန်ကြည့်လိုက်ဦး တောထဲမှာ ဘာကောင်တာဖြစ်လာလဲ စစ်တပ်မုန်းဝါဒနဲ့ တိုင်ပတ်နေတဲ့ မင်းတို့ ဒုက္ခရောက်နေတာပြည်သူ စစ်တပ်လား အိန္ဒြေတောင်မပျက်ဘူး

    • @idiotnay2244
      @idiotnay2244 Před 2 dny

      ​@@user-ze1mo8bp4rငိုသံကြီးနဲ့ပြောနေပြန်ပီ မတိတ်နဲ့ငိုသာငို

    • @MinThway-js4yn
      @MinThway-js4yn Před dnem

      မှန်လောက်တယ်ထင်တယ်။စစ်တပ်မရှိလို့ဖာထောင်းစားဖို့လူမျိုးရှိသေးတယ်။စစ်တပ်ရှိလို့ကိုယ့်အချင်းချင်းသတ်နေရတာကလူမျိုးပျောက်မယ်။မင်းရဲ့အယူအဆဟာတသတ်လုံးထမင်းရောစားဖူးရဲ့လား။😊

  • @nyuntnyuntaye2926
    @nyuntnyuntaye2926 Před 2 dny

    တရားသောစစ်ကိုတိုက်နေတဲ့pdfရြဲဘော်တွေအချိန်တိုင်းလုံခြုံဘေးကင်းပါစေတိုက်ပွဲတိုင်းအောင်ပါစေ