မြွေဘုရင်က တောကြီးမြွေဟောက်ကို ခပ်ကြမ်းကြမ်းဖမ်းဆီးနေစဥ် ရိုက်ထားတဲ့ vedio

Sdílet
Vložit
  • čas přidán 9. 11. 2022
  • မြွေပါသည် ကြွက်၊ မြွေ စသော သတ္တဝါတို့ကို ကိုက်သတ်နိုင်သဖြင့် ထင်ရှား၏။ သို့ရာတွင် အဆိပ်ပြီး၍ကား မဟုတ်။ ထိုအဆိပ်ပြင်းသော သတ္တဝါများထက် လျင်မြန်မှုကြောင့် ဖြစ်၏။ သူတို့၏ ပါးနပ် လျင်မြန်ခြင်း၊ မျက်စိရှင်ခြင်း၊ အမွေးထူခြင်းတို့ကြောင့် မြွေများက ပေါက်သော်လည်း လွတ်အောင် ရှောင်တိမ်းနိုင်၍ မြွေ၏ ဇက်ပေါ်သို့ ခုန်တက် ကာ ကိုက်သတ်နိုင်သည်။ ထို့ပြင် မြွေပါသည် စိတ်ဆိုး သောအခါ အမွေးအမှင်များကို ပွယောင်းထောင်ကြွစေလျက် မာန်ဖီနိုင်သဖြင့် မြွေသည် မြွေပါကို ထိပါးရန် မလွယ်ကူချေ။
    ထိုကြောင့် မြွေပါသည် မြွေပေါများသော အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ အရှေ့အိန္ဒိယကျွန်းစု စသည်တို့၌ မြွေဘေးကာကွယ်ရန် အထူးအသုံးဝင်သည်။ သို့ရာတွင် မြွေပါသည် မြွေကို သာမက အခြားကြက်ငှက်နှင့် ကြွက်များကိုလည်း ကိုက်သတ် ဖျက်ဆီးတတ်၏။ လွန်ခဲ့သောနှစ်များက ဗြိတိသျှပိုင် အနောက်အိန္ဒိယကျွန်းစုရှိ ဂျမေးကားကျွန်းသို့ သွင်းယူမွေးမြူခဲ့ရာ လျင်မြန်စွာ ပေါက်ပွား၍ လူတို့ မွေးမြူထားသော ဘဲကြက်စသည်တို့ကို အရမ်းမဲ့ ဖျက်ဆီးကြသဖြင့် ယခုအခါ ရှင်ကြီး ကျားထက်ဆိုးသော သတ္တဝါဖြစ်နေလေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စုတွင် မြွေပါကို မမွေးမြူကြရန်နှင့် ဥပဒေဖြင့် တားမြစ်ထားသည်။[၂]

Komentáře •