နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ “ယုံကြည်ခြင်းဖြင့် ပူပန်ခြင်းများကို လွန်မြောက်ခြင်း” - အပိုင်း(၃)

Sdílet
Vložit
  • čas přidán 12. 09. 2024
  • နေ့စဥ်ဝတ်ပြုခြင်းအလင်းပြ
    “ဖြောင့်မတ်သောသူကိုကား၊ ထာဝရဘုရား မစတော်မူ၏။”
    “the LORD upholdeth the righteous.”
    အဓိကအချက် - “ယုံကြည်ခြင်းဖြင့် ပူပန်ခြင်းများကို လွန်မြောက်ခြင်း” -
    “Faith Over Worry.” အပိုင်း(၃)
    ဖတ်ရန်ကျမ်းချက် - ဆာလံကျမ်း ၃၇း၁၆-၁၉
    “ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း၌ သွားတတ်၏။ အို ဖြောင့်မတ်တော်မူသောဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏။” (ဟေရှာယ၊ ၂၆း၇)
    ခဲယဥ်းဆိုးယုတ်သောကာလမှာ မတရားတဲ့သူတွေကြောင့် စိတ်ပျက်နေတဲ့ ဖြောင့်မတ်တဲ့သူတွေကို ဆာလံဆရာက ဆက်ခွန်အားပေးပါတယ်။ ဖြောင့်မတ်မြဲဖြောင့်မတ်ပါ၊ ဖြောင့်မတ်ခြင်းကို မစွန့်လွတ်ပါနဲ့၊ နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်း တရားကို မစွန့်လွတ်ပါနဲ့၊ အဲ့ဒီအခါမှာ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့သူကို မစမယ်၊ ထိုသူရဲ့ဖြောင့်မတ်ခြင်းကို တည်စေမယ်၊ ဘုရားသခင်သည်သူ့ကို ကြည့်မယ်ဆိုတဲ့အရာတွေအပါအဝင်၊ ဖြောင့်မတ်တဲ့သူရဲ့ နည်းတဲ့ဥစ္စာဟာ မတရားတဲ့သူရဲ့ စည်းစိမ်ဥစ္စာထက်သာ၍အကျိုးကျေးဇူးရှိတယ်လို့ ပြောပါတယ်၊ မိမိရဲ့ဥစ္စာပစ္စည်းနည်းခြင်း၊ များခြင်းထက် မိမိရဲ့ဖြောင့်မတ်ခြင်းကို ကြည့်ရှု့ပြီးတော့ ဘုရားသခင်ကောင်းကြီးပေးလေ့ရှိပါတယ်။
    ဖြောင့်မတ်တဲ့သူတွေရဲ့ အမွေဥစ္စာ သည်အစဥ်အမြဲတည်မယ်၊ ဘုရားသခင်သည်သူတို့ကို သိမှတ်တယ်၊ နောက်ပြီးတော့ ခဲယဥ်းတဲ့ကာလမှာ မျက်နှာမပျက်ရဘူး၊ they shall not be ashame in the evil time တဲ့ မကောင်းဆိုးဝါးတွေအုပ်စိုးတဲ့ကာလမှာ လိပ်ပြာသန့်သန့်နဲ့‌ နေထိုင်ရတဲ့အခွင့်ကိုရတယ်၊ အစာခေါင်းပါးတဲ့ကာလမှာလည်း ဝစွာစားရတဲ့အခွင့်ကို ဘုရားသခင်ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။ ဘုရားသခင်သည် ကျွန်တော်တို့ရဲ့ စည်းစိမ်ဥစ္စာထက် ကျွန်တော်တို့ရဲ့ ဖြောင့်မတ်ခြင်းအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ မိသားစု အသိုင်းအဝိုင်းကို ကောင်းကြီးပေး မစကယ်တင်ကွယ်ကာပေး လေ့ရှိပါတယ်။ ‌ဖြောင့်မတ်တဲ့သူတွေ အဖြစ်ပြည်တော်မှာ အမွေခံဖို့ ပြင်ဆင်ကြပါစို့။
    ဆင်ခြင်ရန် - ပတ်ဝန်းကျင်ဘယ်လိုပဲဖြစ်နေနေ ဖြောင့်မတ်စွာအသက်ရှင်ခြင်းသည် ဘုရားသခင်၏လမ်းခရီ အတိုင်းလိုက်လျှောက်နေခြင်း ဖြစ်သည့် အတွက် ဘုရားသခင်ပို့‌ဆောင်သော စိမ်းလမ်းသောကျက်စားရာ အရပ်သို့ရောက်ပါမည်။
    ဆုတောင်းရန် - မေတ္တာတော်ရှင်ဘုရားသခင် မကောင်းသောအရာများ လွမ်းမိုးအုပ်စိုးနေစဉ် ဖြောင့်မတ်စွာရှင်သန်လျှက် ပြည်တော်ကို အမွေခံသောအခါ စိတ်သန့်သန့်ဖြင့် ဝမ်းမြောက်ရသော အခွင့်ကိုပေးပါ။ အာမင်

Komentáře •