မာလာခေါက်ဆွဲကြော်

Sdílet
Vložit
  • čas přidán 17. 05. 2024
  • မာလာအနှစ်နဲ့ ကြော်စားလို့ကောင်းတဲ့ ခေါက်ဆွဲတွေထဲမှာ ကြက်ဥခေါက်ဆွဲလည်းပါပါတယ်။ တရုတ်တန်းမှာ ဝယ်လို့ရတဲ့ ကြက်ဥခေါက်ဆွဲကို ပြုတ်ပြီး မာလာနှစ်လေးနဲ့ ပြန်ကြော်ထားပါတယ်ခင်ဗျာ...
    အသီးအရွက်တွေက စိတ်ကြိုက်ထည့်လို့ရပါတယ်။ ကျွန်တော်က ထိုင်ဝမ်မုန်ညှင်း၊ တရုတ်နံနံပင်၊ မုန်လာဥနီ၊ ကြာစွယ်နဲ့ ကြက်သွန်မြိတ် ကို ထည့်ပါတယ်၊
    အသားအနေနဲ့ ဝက်သား နဲ့ ဝက်မှိုလုံးကို ထည့်ပါမယ်၊
    ခပ်ပါးပါးလှီးထဲတဲ့ အသားတွေထဲ ပဲငံပြာရည် အကြည် ၁ ဇွန်းထည့်ပြီး နယ်နှပ်ပေးထားပါ၊
    ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပြီး ချင်း (ဂျင်း)ကို ပါးပါးလှီးထားပေးပါ။
    ကြက်ဥခေါက်ဆွဲကို ပြုတ်တဲ့အခါ ရေဆူဆူထဲမှာ ၄ မိနစ်လောက်ပဲပြုတ်ပေးပါ၊ ပြန်ပြီးကြော်ဦးမှာဖြစ်တဲ့အတွက် အရမ်းပျော့သွားရင် ‌ကြေပြီး အိုးမှာ ကပ်ကုန်ပါလိမ့်မယ်၊ ပြုတ်ပြီးတာနဲ့ ဇကာနဲ့စစ်ပြီး ရေဘိုင်ဘုံအောက်မှာ ရေအေးနဲ့ ၃ ..၄ ခါလောက်ဆေးပေးပါ၊
    ပြီး‌ရင်ရေစစ်ပြီး ခေါက်ဆွဲတွေကို နှမ်းဆီလေး ၁ ဇွန်းထည့်ပြီး နယ်ထားပေးပါ၊ ဒါဆို စပြီးကြော်လို့ရပါပြီ..
    ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူနဲ့ ချင်း ကို မွှေးတဲ့ထိ ဆီသတ်ပေးပါ၊ အကယ်၍ ထုံတာကြိုက်ရင် ဝှားကျောင်းစေ့ကို အရင်ဆီသတ်ပြီး ဆယ်ထားပေးပါ၊
    မွှေးလာပြီဆိုရင် နှပ်ထားတဲ့ အသားတွေထည့်ကြော်ပေးပါ၊
    အချိုအရသာအတွက် သကြား သို့မဟုတ် အရသာမှုန့်ထည့်ပေးပါ၊ ဝက်သားလုံးထည့်ပါ၊ အသားတွေကျက်ပြီဆိုရင် အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီနဲ့ ကြာစွယ်ထည့်ကြော်ပေးပါ၊ ပြီးရင် မိမိစိတ်ကြိုက် မာလာအနှစ်ထည့်ပေးပါ၊ နောက်ဆုံးမှာထိုင်ဝမ်မုန်ညှင်း ထည့်ပေးပါ၊ ခဏလေး မွှေပြီးတာနဲ့ ခေါက်ဆွဲထည့်ပြီး နယ်ပေးပါ၊ တရုတ်နံနံနဲ့ ကြက်သွန်မြိတ်ထည့်ပေးပါ၊ သေချာလေးမွှေပေးပြီးရင် ရိုးရှင်းပြီး စားကောင်းတဲ့ မာလာခေါက်ဆွဲကြော်လေးကို သုံးဆောင်နိုင်ပါပြီ၊
    အခုမှ ဒီချန်နယ်ကိုရောက်လာတဲ့ သူငယ်ချင်းအသစ်တွေလည်း ကျွန်တော့်ရဲ့ Cookfork1 ချန်နယ် ကို Subscribe ပြီးအားပေးသွားပါဦးခင်ဗျာ
    ။ ဗီဒီယိုအသစ်တင်တိုင်း သိရဖို့အတွက် ဘေးနားက ခေါင်းလောင်းလေးကိုလည်း နှိပ်ဖို့မမေ့နဲ့နော်...
    ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။
    လာရောက်ကြည့်ရှုသူ သူငယ်ချင်းလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
  • Jak na to + styl

Komentáře • 31

  • @hlahlawin6339
    @hlahlawin6339 Před měsícem

    Thank you for sharing with public

  • @suehwang6837
    @suehwang6837 Před 2 měsíci

    Mingalar oar thank you for sharing ❤❤❤❤❤🎉🎉🎉🎉🎉

    • @Cookfork1
      @Cookfork1  Před 2 měsíci

      My pleasure 😊ကျန်းမာပျော်ရွှင်ပါစေ 🙏🌷

  • @myomyo3971
    @myomyo3971 Před 2 měsíci

    မုန့်ဟင်းခါး မုန့်ဖတ်လေး လုပ်ပြပေးပါရန်။ ကျေးဇူးပါ။

    • @Cookfork1
      @Cookfork1  Před 2 měsíci

      ဟုတ်ကဲ့ ကြိူးစားလုပ်ပြပေးသွားပါမယ်

  • @susulwin6384
    @susulwin6384 Před 2 měsíci

    Thank you bro👏🙏👍

  • @dawpaukpauk4304
    @dawpaukpauk4304 Před 2 měsíci

    ကျေးဇူးပါ အားပေးနေပါတယ❤😻🤗🐈
    ကြာစွယ်နဲ့ မာလာနှစ်လေးရခါမှ
    ကြော်စားတော့မယ်
    ဘေးကင်းကျန်းမာအဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  Před 2 měsíci +1

      ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏ကျန်းမာပျော်ရွှင်ပါစေ 🙏🌷

  • @thartharlay3479
    @thartharlay3479 Před 2 měsíci +1

    မာလာရှမ်းကောအနှစ်မရှိရင်ရော😢😢

    • @Cookfork1
      @Cookfork1  Před 2 měsíci

      အဲဒီအနှစ်ကအဓိကဖြစ်တာကြောင်ပါ 😥

  • @user-fi4qy8vl7s
    @user-fi4qy8vl7s Před 2 měsíci

    ❤❤❤

  • @mahtaymahtay1034
    @mahtaymahtay1034 Před 2 měsíci

    😊😊😊

    • @Cookfork1
      @Cookfork1  Před 2 měsíci

      ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏

  • @harryhtoo1757
    @harryhtoo1757 Před 2 měsíci

    🎉🎉

  • @kayphyo1044
    @kayphyo1044 Před 2 měsíci

    😂😂😂မဂ်လာပါK 1+2😊ရေဖုန်းကလူလိုပဲကြောင်နေတယ်ဝေ့😂😂😂

  • @pwintphyoaungthant3718
    @pwintphyoaungthant3718 Před 2 měsíci

    မာလာအနှစ်က ရိုးရိုးမာလာအနှစ်လား ရှမ်းကော အနှစ်လားရှင့်🤗🤗

    • @Cookfork1
      @Cookfork1  Před 2 měsíci

      မာလာရှမ်းကော အနှစ်ဗျ

    • @pwintphyoaungthant3718
      @pwintphyoaungthant3718 Před 2 měsíci

      ဟုတ်ကဲ့ကျေးဇူးပါရှင့်
      အာ့ဆိုမာလာရှမ်းကောအရသာပဲဖြစ်သွားမှာပေါ့နော်

    • @Cookfork1
      @Cookfork1  Před 2 měsíci

      အရသာ အရမ်း မပြင်းတဲ့ အရသာပေါ့

  • @saihark8254
    @saihark8254 Před 2 měsíci

    Bro အရင်တုန်းကတင်ထားတဲ့
    စျေးသွားတာ plastic မယူပဲ စျေးသုံးတဲ့video လေဗျ
    အဲvideo ရှာတာမတွေ့တော့လို့
    ကျွန်တော်တို့ plastic လျော့သုံးအောင်project လုပ်နေလို့
    အဲvideo လုပ်ပြချင်လို့ပါဗျ
    အဲvideo ပြန်တင်ပေးနိုင်မလားခမျ 🙏

    • @Cookfork1
      @Cookfork1  Před 2 měsíci

      czcams.com/video/gGlMP-CaeCk/video.htmlsi=t8F3urcNCg9f26GZ

    • @Cookfork1
      @Cookfork1  Před 2 měsíci

      ဒီလင့်မှာပါခင်ဗျ

  • @kayphyo1044
    @kayphyo1044 Před 2 měsíci +1

    😢ကြာစွယ်ကမရှိ😢

    • @Cookfork1
      @Cookfork1  Před 2 měsíci

      မထည့်လည်းရတယ်ဗျ